နွေဦးတော်လှန်ရေး သမိုင်းဆိုင်ရာ•
နွေဦးတော်လှန်ရေး သမိုင်းဆိုင်ရာ• မောင်သန်းမြရွှေ မီဒီယာ က ကြားသိရတဲ့သတင်းတွေအရ မင်းအောင်လှိုင်ရဲ့ စစ်ဆင်ရေးတွေ အထိအခိုက်အကျအဆုံး များလာတယ်။ ခြေလျင်တပ်တွေ အထိနာလာလို့ လေကြောင်းနဲ့ လက်နက်ကြီးအကူ မပါရင် မတိုက်ရဲဘူးဖြစ်လာတယ်။ အထိအခိုက်များလာတော့ စစ်ကောင်စီနဲ့ ကြေးစားတပ်ဟာ ပိုကြမ်းလာတယ်။ ကြွက်မနိုင်ကျီမီးနဲ့ရှို့ လုပ်နေတယ်။ မြို့တွေရွာတွေ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး လုယက်သတ်ဖြတ်တာတွေ၊ လက်နက်ကြီးနဲ့ ရမ်းပစ်တာတွေ၊ လူမဆန်စွာ နှိပ်စက်ညှဉ်းပမ်း အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ ကျေးလက်မှာသာမက မြို့ပေါ်တွေမှာပါ ရက်ရက်စက်စက် လုပ်လာတယ်။ ဒါတွေဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ၁၉၅၈ အိမ်စောင့်အစိုးရခေတ်က လုပ်နည်းတွေပါပဲ။ ကွန်မြူနစ်ချေမှုန်းရေး စစ်ဆင်ရေးကြီးတွေ ထိုးစစ်ကြီးတွေလုပ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ပြပြီး လူထုကို ကြောက်အောင်လုပ်တဲ့နည်းကို အဲဒီကတည်းက ဗိုလ်နေဝင်းနဲ့ ဖဆပလဆိုရှယ်လစ်တွေ လုပ်ခဲ့တာပါ။ ဖမ်းမိတဲ့ ကွန်မြူနစ်ခေါင်းဆောင်တွေ တောထဲမှာပဲ သတ်မိန့်ပေးထားတာပါ။ ကြံ့ခိုင်ရေးတို့ ပျူစောထီးတို့ ကာကွယ်ရေးတို့ဆိုတာတွေလည်း အဲဒီတုန်းကလုပ်နည်းတွေပါ။ အိမ်စောင့်အစိုးရဆိုပြီး မင်းအောင်လှိုင် ဝန်ကြီးချုပ်လုပ်လာတာလည်း အဲဒီတုန်းက လုပ်နည်းအတိုင်းပါပဲ။ အဲဒီကတည်းကစလို့ ဗိုလ်နေဝင်းနဲ့ စစ်အုပ်စုဟာ တလက်ကိုင်ကြေးစားတပ်အားကိုးနဲ့… Read More »