ငါလိုလူ ဇမ္ဗူမှာရှိသေးလား။ လှကျော်ဇော
ငါလိုလူ ဇမ္ဗူမှာရှိသေးလား။ လှကျော်ဇော—– သီဟာသနပလ္လင်ရုပ်ထုကြီးရှေ့ သလွန်ညောင်စောင်းပေါ် မိန့်မိန့်ကြီးထိုင်ပြီး နိုင်ငံခြားဧည့်သည်တွေကို တွေ့ဆုံနေတဲ့ စစ်အာဏာသိမ်းခေါင်းဆောင် မအလရဲ့စိတ်ထဲမှာတော့ — ကဲ-ဘာတတ်နိုင်ကြသေးလဲ။ ငါ့လိုလူ ဇမ္ဗူမှာရှိသေးလား — လို့တွေးတောကျေနပ်ပြီး ပိတိတွေတဝေဝေနဲ့ သာယာနေဟန်ရှိပါတယ်။အဲဒီပုံတွေ့ရတော့ သတိရလိုက်မိတာ တခုရှိပါတယ်။ ဖေဖော်ဝါရီ(၁)ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးချိန် အဖမ်းမခံရခင် (၃-၄)ရက်နေရစဉ် ဒီချုပ်ဦးဝင်းထိန်(ဗိုလ်ကြီးဟောင်း)က သတင်းသမားတွေကိုပြောသွားတဲ့ စကားတွေထဲက နိမိတ်ပုံဆန်တဲ့ စကားတခွန်းပါ။သြော်-မင်းအောင်လှိုင် – သနားဖို့တော့ကောင်းတယ်ဗျာ — တဲ့။ စစ်အာဏာရှင်စနစ်ရဲ့ ခေါင်းကိုင်ဖခင်ကြီးဗိုလ်နေဝင်းရဲ့ ဘဝအတွေ့အကြုံ အတက်အကျတွေကို မြင်တွေ့ဖူးသူတိုင်း (ဦးဝင်းထိန်အပါအဝင်) ဒီအတိုင်းစဉ်းစားမိမှာပါ။ ၁၉၆၂ ခုနှစ်ကစလို့ စစ်အာဏာရှင်စနစ်ကို ထူထောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းဟာ တော်လှန်ရေးကောင်စီနဲ့ မဆလခေတ်တလျှောက်(၁၉၆၂-၁၉၈၈) လက်နက်အားကိုး ဗိုလ်ကျစိုးမိုးတဲ့ ကြောက်စရာလူသတ်သမား စေတလုံးပိုင်ရှင် ဖြစ်ခဲ့တာပါ။ ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာစွန့်ပြီး သမ္မတကြီးဦးနေဝင်းကို အာဏာအပ်တော့လည်း တနိုင်ငံလုံးပြားပြားဝပ်စင်း လက်ခံခဲ့ကြရတာပါ။ ဒါပေမဲ့ ဦးနေဝင်းရဲ့နေဝင်ချိန်မှာ ဘာတွေဖြစ်ခဲ့လဲ။ တွေ့ကြရပြီပဲ။ ဗိုလ်နေဝင်းတယောက် ဗမာပြည်သူတရပ်လုံးရဲ့ မုန်းတီးရွံရှာမှုနဲ့ သမိုင်းအမှိုက်ပုံတွင်း ရုပ်ပျက်ဆင်းပျက် စွန့်ပစ်ခြင်းခံသွားရပါတယ်။ အခုလည်းလာပြန်ပြီတယောက်။… Read More »