အာဏာသိမ်းမှုနဲ့ပတ်သက်လို့ ဗမာ့ကွန်မြူနစ်များရဲ့ ထုတ်ဖော်ပြောကြားချက်
အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ ဗမာ့ကွန်မြူနစ်များရဲ့ ထုတ်ဖော်ပြောကြားချက်ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အင်တာဗျူးပြောကြားချက်(ပထမပိုင်း)(ဗြိတိန်နိုင်ငံမှာ ထုတ်ဝေတဲ့ Morning Star နေ့စဉ်သတင်းစာရဲ့ ဧပြီလ ၂၆ ရက်နေ့စွဲနဲ့ ဖော်ပြထားတဲ့ ဆောင်းပါးကို ဘာသာပြန်ဆိုတင်ပြပါတယ်။) (ပထမပိုင်း)အပိုင်းနှစ်ပိုင်းပါဝင်တဲ့ အင်တာဗျူးရဲ့ပထမပိုင်းမှာ စစ်အစိုးရရဲ့ လူမှုရေး၊ စီးပွားရေးဆိုင်ရာ တလွဲတချော် စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်လို့ Kenny Coyle က ဗမာပြည်ကွန်မြူနစ်ပါတီကို မေးမြန်းထားပါတယ်။ ဗမာပြည်က ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဟာ တိုင်းပြည်မှာ ကာလကြာရှည် တည်ရှိခဲ့တဲ့လူမှုရေး၊ စီးပွားရေးပဋိပက္ခတွေရဲ့ အကျိုးဆက်ပဲဖြစ်တယ်လို့ သူတို့ ဗမာပြည်ကွန်မြူနစ်ပါတီက ဆိုပါတယ်။ (စစ်တပ်က ရွေးချယ်ထားတဲ့ Myanmar ဆိုတဲ့နာမည်အစား Burma ကိုသုံးဖို့ ပါတီက ပိုလိုလားပါတယ်။ တခြား အတိုက်အခံအင်အားစုတချို့လည်း ထို့အတူပါပဲ)။ ဗြိတိသျှအုပ်စိုးခံကိုလိုနီဘဝမှာ ဗမာပြည်ကွန်မြူနစ်ပါတီကို တော်လှန်ရေးသမား အစုတစုက ၁၉၃၉ ခုနှစ် ဩဂုတ်လမှာ ဖွဲ့စည်းတည်ထောင်ပါတယ်။ ပါတီ စတင်တည်ထောင်သူတွေထဲမှာ အမျိုးသားသူရဲကောင်းဖြစ်တဲ့ (ဗိုလ်ချုပ်)အောင်ဆန်းလည်း အပါအဝင် ဖြစ်တယ်။ ပါတီဟာ ပြည်ပက ကျူးကျော်အုပ်စိုးသူတွေနဲ့… Read More »