ကာချုပ်ရဲ့ ဒီလိုသဘောထားမျိုးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဝေးလွန်းပါတယ် (ကိုထွေး)
ကာချုပ်ရဲ့ ဒီလိုသဘောထားမျိုးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဝေးလွန်းပါတယ်။ (ကိုထွေး) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄)မှာ ဖော်ပြမယ့်ဆောင်းပါး ဗမာပြည်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်တွင်းလက်နက်ကိုင်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေမှု မတားဆီးနိုင်ခြင်းမှာ ပြည်ပက ကူညီမှုတွေရှိနေတာကြောင့်လို့ သူ့ရဲ့ ရုရှားမီဒီယာတခုနဲ့အင်တာဗျူးမှာ ပြောသွားပါတယ်။ ဒီပြောဆိုပုံဟာ ကိုယ့်ကြောင့် ဖြစ်နေတာဆိုတဲ့အကြောင်းရင်းကို ဖုံးကွယ်ပြီး ကိုယ့်အပြစ်ကိုသူများတွေအပေါ် ပုံချလိုက်တဲ့ အပြောပဲဖြစ်တယ်ဆိုတာ ရှင်းပါတယ်။ ဒီလိုစကားကို ရုရှားနိုင်ငံမှာ၊ မီဒီယာမှာ၊ ခုလို ရွေးကောက်ပွဲ အကြိုကာလမှာ ပြောလိုက်တယ်ဆိုတော့ သူ့မှာ တခြားရည်ရွယ်ချက် တွေလည်း ရှိလိမ့်မယ်ဆိုတာ အားလုံးက သဘောပေါက်ကြမှာပါပဲ။ ဒီမှာ သူ့ရဲ့တခြားရည်ရွယ်ချက်များအကြောင်းမပြောဘဲ ငြိမ်းချမ်းရေးမရ ရတဲ့အကြောင်းကိုပဲ ပြောချင်ပါတယ်။ အင်တာဗျူးမှာပြောတဲ့သူ့စကားကို အဓိပ္ပာယ်ကောက်ရရင် ပြည်ပက ကူညီမှုတွေမရှိခဲ့ရင်တော့ စစ်တပ်က ပြည်တွင်းရှိ လက်နက် ကိုင်အင်အားစုအားလုံးကို အပြတ်ချေမှုန်းနိုင်ပြီး သူတို့လိုချင်တဲ့ပုံစံနဲ့ခင်းပေးထားတဲ့ ငြိမ်းချမ်းရေးဆိုတာကို တည်ဆောက်နိုင်မှာပဲလို့ ပြောလိုက်တာဖြစ်ပါတယ်။ အဓိက- က ဒီစိတ်ဓာတ်၊ ဒီစိတ်နေသဘောထား၊ ဒီအတွေးအခေါ်ကြောင့်ပဲ ပြည်တွင်းစစ် အဆုံးမသတ်နိုင်ဘဲ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်တာဖြစ်ပါတယ်။ ဒီစိတ်ဓာတ်မျိုးကိုကိုင်စွဲနေသမျှ ခုခံဆန့်ကျင်တိုက်ပွဲဝင်နေသူများက ဆက်လက်တိုက်ပွဲဝင် နေမှာဖြစ်ပြီး၊ ငြိမ်းချမ်းရေး ရဖို့ကလည်း အလှမ်းဝေးနေဦးမှာသာဖြစ်ပါတယ်။ ပြည်တွင်းစစ်ဖြစ်ရတာရဲ့ အရင်းခံပြဿနာဟာ ဒီမိုကရေစီရေးနဲ့အမျိုးသားတန်းတူရေးမရှိလို့ဆိုတာ စစ်အုပ်စုက မှန်ကန်တဲ့ စိတ်ရင်းသဘောထားနဲ့ လက်ခံတာမျိုး မရှိပါ၊… Read More »