ဖက်ဆစ်ဂျပန်တော်လှန်ရေး စစ်မျက်နှာတခုမှ ပါတီခေါင်းဆောင်တဦး
ဖက်ဆစ်ဂျပန်တော်လှန်ရေး စစ်မျက်နှာတခုမှ ပါတီခေါင်းဆောင်တဦး ဒုတိယပိုင်း ဗတိုးရှိန် (မုံရွာ) အရှေ့မြောက် နယ်စပ်အခြေခံဒေသမှာ ၁၉၇၅ ခုနှစ် မေလတွင် သခင်ဗသိန်းတင် ခေါင်းဆောင် ပြန်လည်ဖွဲ့စည်းတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှာ ရဲဘော်ဖေသောင်း ဗဟိုကော်မတီဝင် အပြည့်အဖြစ် ရွေးကောက် တင်မြှောက်ခံရတယ်။ ၁၉၈၅ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် ပါတီကွန်ဂရက်မှာ ပါတီဗဟိုကော်မတီ ပြန်လည် ရွေးကောက်တင်မြှောက်ရေး အမည်စာရင်းနဲ့ အတူ အရွေးခံမယ့် ရဲဘော်ရဲ့ ကိုယ်ရေးအကျဉ်းကို တင်ပြ ရတယ်၊ အဲဒီ ကွန်ဂရက်မှာ ရဲဘော်ဖေသောင်း ကိုယ်တိုင် ရေးသားတင်ပြထားတဲ့ ကိုယ်ရေးအကျဉ်းကို တာဝန်ရှိ ရဲဘော်က ဖတ်ကြားရာမှာ “ ဗမာပြည် ကွန်မြူနစ်ပါတီကနေ အလံနီပါတီ ခွဲထွက်တဲ့အချိန် ဗန်းမော် ကိုကိုကြီး က အလံနီ ဖြစ်သွားတဲ့အခါ ကျွန်တော်လည်း အလံနီ ဖြစ်သွားတယ် ” ဆိုတဲ့ တင်ပြချက် ဖတ်ကြားတာ ကြားလိုက်ရတယ်၊ ကျွန်တော် ကွန်ဂ ရက် ခန်းမလုံခြုံရေး တာဝန်ယူနေစဉ်… Read More »