အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဗကပ ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်

ရဲဘော်ကြင်မောင် (သို့မဟုတ်) စူးရှတောက်ပသော ကြယ်နီတပွင့်

ဗမာပြည်ရဲ့ကြယ်နီသို့ နှလုံးသားဖြင့် ဦးညွှတ်ခြင်း

အမှတ်တရ ရဲဘော်ထွန်း

ဗဟိုစည်းရုံးရေးကော်မတီ၏ ထုတ်ပြန်ကြေညာချက် ၁-၂၀၁၅

၂၀၁၅ နှစ်သစ်မှာ ပြည်ထောင်စုနိုင်ငံတော်သစ်တရပ် ပေါ်ထွန်းဖို့ ၀ိုင်းဝန်းကြိုးပန်းကြပါစို့

>

နှစ် ၇၀ ပြည့် ဖက်ဆစ်ဂျပန်တော်လှန်ရေး

ဒီ၂၀၁၅ ခုနှစ်ထဲမှာ ဗမာပြည်သားတွေ ဂုဏ်ယူစွာအထိမ်းအမှတ်ပြုရမယ့် နေ့ထူးနေ့မြတ်တရက်ကို သတိပေးလိုပါတယ်။ သတိပေးတယ်လို့ ဆိုတာက အခုအထိ မီဒီယာတွေထဲမှာ ပြောကြဆိုကြတာ သတိမထားမိလို့ပါ။ လာမယ့်မတ်လ၂၇ ရက်နေ့ဟာ ဗမာပြည်သူတွေက ဖက်ဆစ်ဂျပန်တွေကို စတင်တော်လှန်ခဲ့တာ အနှစ် ၇၀ တင်းတင်းပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဒီအောင်ပွဲဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်ဖက်ဆစ်ကို တိုင်းပြည်ထဲက လုံးဝမောင်းထုတ်နိုင်တဲ့ အောင်ပွဲဖြစ်သလို၊ အိန္ဒိယကတဆင့် အာရှတိုက်တောင်ပိုင်း အနောက်ဖက်ကိုလှမ်းမယ့် ဖက်ဆစ်ဂျပန်ရဲ့ခြေလှမ်းကို ရိုက်ချိုးပစ်လိုက်နိုင်ပြီး တပါတည်းမှာပဲ ဂျပန်ဖက်ဆစ်တွေရဲ့ တရုတ်ပြည်ကို နောက်ကျောကနေ ထိုးဖောက်ရေး အစီအစဉ်ကြီးကို ခါးကျိုးသွားစေတဲ့ အောင်ပွဲလည်း ဖြစ်ပါတယ်။ အဲဒါတွေအပြင် မပြောမဖြစ် ထည့်ပြောရမယ့်အချက်က အင်္ဂလိပ်နယ်ချဲ့ကိုလိုနီအစိုးရအောက်မှာ ခြောက်လက်မထက် ပိုရှည်တဲ့ ဓားမြှောင်ကိုတောင် ကိုင်ခွင့်မရခဲ့တဲ့ ဗမာပြည်သားတွေဟာ ခေတ်မီလက်နက်တွေကို ကိုင်တတ်သွားသလို ပြောက်ကျားတိုက်နည်း၊ နေရာယူစစ်တိုက်နည်းစတဲ့ ခေတ်မီစစ်ပညာတွေကိုလည်း ဒီစစ်ကတဆင့် တတ်မြောက်ခဲ့ပါတယ်။ အရေးအကြီးဆုံးကတော့ ဗမာပြည်သားတွေရဲ့ခေါင်းထဲမှာ ကိုယ့်နိုင်ငံလွတ်လပ်ရေးအတွက် လက်နက်ကိုင် တိုက်ဖို့လိုရင်လည်း တိုက်မယ်ဆိုတဲ့ ပိုင်းဖြတ်ချက် ကျသွားတာပါပဲ။ ဒီစစ်ကြီးပြီးသွားတော့ ဗမာပြည်ကို လွတ်လပ်ရေးပေးဖို့ အင်္ဂလိပ်ကိုလိုနီသမားက စဉ်းစားရာမှာ… Read More »