အသွားစေခိုင်းသူ မင်းဧကရာဇ်
မဟာသန္တိသုခ အရေးနဲ့ပတ်သက်လို့ ရဟန်းရှင်လူတွေရဲ့ မကျေနပ်မှု ပိုပိုပြီး တိုးပွားများပြားလာတာနဲ့အမျှ အစိုးရကလည်း ဓားစားခံတွေကို တယောက်ပြီးတယောက် ဆွဲထုတ်အရေးယူနေတယ်။ တရားခံလက်သည်အစစ်ကို ဖုံးဖိဖျောက်ဖျက်ပေးဖို့ ဝိုင်းကူကြိုးပမ်းနေသူတွေဟာ ဘယ်သူက ဘာလဲဆိုတာ ပိုမိုသဲကွဲစွာ မြင်လာရချိန် ဖြစ်တယ်။ အခု ဦးအံ့မောင်ကို ဓားစာခံအဖြစ် ထိုးကျွေးချင်တဲ့ သဘောမျိုးလဲ တွေ့လာရတယ်။ ဦးဆန်းဆင့်က တရားခံလား။ ဦးအံ့ မောင်က တရားခံလား။ ဆန္ဒန်ဆင်မင်း ၀တ္ထုကို သွား သတိရမိတယ်။ မှတ်မိသလောက် (အစွယ်လိုသူ မိဘုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ကျွန်တော်မျိုး၊ ဤသုံးဦးသားအနက်မှ ကံကွက်ကြား၍ ငမိုက်သား မုဆိုးလေ၊ နင်ချည်းပင် သေစေတော့ဟု) ဆိုတဲ့ စကားကို မုဆိုးပြောစကားအနေနဲ့ ရေးထားတယ်။ ဦးပုည ခွဲခြမ်းစိတ်ဖြာတဲ့ နည်းလိုပဲ နိုင်ငံရေးမှာ ဓားစာခံအဖြစ် ဆွဲထုတ်အသတ်ခံလိုက်ရတဲ့ အခိုင်းခံရသူတွေနဲ့ ပင်မလက်သည်တရားခံ ခွဲကြည့်ကြဖို့လိုတယ်၊ မဟာသန္တိသုခ အရေးမှာသာမက လက်ပံတောင်းအရေးလိုကိစ္စအပါအဝင် ဘယ်အရေးကိစ္စမှာမဆို မြန်မာပြည်ရဲ့ နိုင်ငံရေး အရေးကိစ္စတွေမှာ အဓိကတရားခံ စစ်အစိုးရဟာ သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး… Read More »