လေ့လာရေး အုပ်စုမှ မြေအောက်တော်လှန်ရေး အဖွဲ့သို့
လေ့လာရေး အုပ်စုမှ မြေအောက်တော်လှန်ရေး အဖွဲ့သို့ ရဲဘော်မောင်မောင်လတ် (ဗမာပြည် ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ်အဖြစ်ထုတ်မယ့် အရေးတော်ပုံဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး) နိုင်ငံရေးကို တကယ်လေးနက်တဲ့စိတ်နဲ့လေ့လာတဲ့အခါ နားမလည်တဲ့အချက်များကြောင့် အားမလိုအား မရ ဖြစ်မိပါတယ်။ ကျွန်တော်အလယ်တန်း၊ အထက်တန်းကျောင်းသားဘဝကတည်းက နိုင်ငံရေးစာအုပ်တချို့ကို ဖတ်ဖူးခဲ့ပါတယ်။ ကြုံကြိုက်လို့ပဲဖြစ်ဖြစ်၊ ကျောင်သားကြီးတယောက်ရဲ့ တိုက်တွန်းမှုကြောင့်ပဲဖြစ်ဖြစ် ဖတ်ဖူးခဲ့တာ ဖြစ်ပါတယ်။ မှတ်မိသလောက် သာဓကအနေနဲ့ပြောရရင် အနုပဋိလောမရုပ်ဝါဒ၊ ဦးအောင်သန်းရေး- ဆယ့်ခြောက်နှစ်ခရီး၊ ဗိုလ်မှူး ချစ်ကောင်းရေး- အနှစ်နှစ်ဆယ်၊ သခင်မြသန်းရေး- စာပေနှင့် လူမှုလက်တွေ့၊ လက်ယာ ဆိုရှယ်ဒီမိုကရက်များ သခင်ချစ်မောင်ရေး- ကမ္ဘာလှည့်သခင်ကိုယ်တော်မှိုင်း၊ ကြေးမုံဝင်းတင် ရေး- ကမ္ဘာနီတွင် တဒင်္ဂ အစရှိတာတွေဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခြောက်ဆယ့်လေးလမ်းစဉ်ကိုတောင် ဖတ်ဖူးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဘဝအတွေ့အကြုံနုနယ်သေးပြီး၊ ၆၂ ခုနှစ် ဇူလိုင် (၇)ရက် နေ့ ကျောင်းသားတွေအသတ်ခံရလို့ ကျောင်းသားငယ်တယောက်အနေနဲ့ ကျောင်းသားစိတ်ကြောင့် မခံမရပ်နိုင်ဖြစ်မိတာကလွဲလို့ လူတန်းစားပဋိပက္ခနဲ့ လူတန်းစားတိုက်တိုက်ပွဲမှာ နက်နက်ရှိုင်းရှိုင်းပါဝင်ခဲ့ရသေးတာ မဟုတ်ပါဘူး။ ဒီတော့ နိုင်ငံရေးစာအုပ်တွေဖတ်မိတဲ့အခါမှာလည်း လေးနက်တဲ့သဘောနဲ့ဖတ်ခဲ့တာမဟုတ်ခဲ့ပါ။ နားမလည်တာရှိရင်လည်း သိပ်စိတ်… Read More »