Category Archives: ဆောင်းပါး

လူထုဟာ သမိုင်းဖန်တီးသူ၊ လူထုဟာ သူရဲကောင်း

ရွေးကောက်ပွဲနား နီးလာတာနဲ့ အမျှ လူထုရဲ့ လှိုင်းတံပိုးထကြွသလို မြင့်မားလာတဲ့ နိုင်ငံရေး နိုးကြားမှုကို အထင်းသား မြင်တွေ့ လာရပါတယ်။ လူထုဟာ အပြောင်းအလဲကို အင်မတန် တောင့်တနေပြီ ဖိနှိပ်မှုတွေ လိမ်ညာသွေးစုပ်မှုတွေကို ထပ်ပြီးသည်းမခံနိုင်တော့ဘူး ဆိုတာကို ကြီးမားကျယ်ပြောလှတဲ့ “လူပင်လယ်” လူထုစုရုံးမှုကြီးတွေကနေ အထင်အရှား ထုတ်ဖော်ပြသနေပါတယ်။ သူတို့ ဟာ ‘ရွေးကောက်ပွဲ’ ဆိုတဲ့ အခွင့်အလမ်းတခုကို အမိအရဆုပ်ကိုင်ပြီး အာဏာ လက်မလွှတ်လိုသူ လူတစုကို အညင်သာဆုံး အငြိမ်းချမ်းဆုံး မောင်းထုတ်ဖို့ ကြိုးစားနေတာပါ။ သာသာပြောလို့ မရရင် နာနာနှက်ဖို့ လည်း ၀န်မလေးတဲ့ သူတွေပါ။ ကမ္ဘာ့ သမိုင်းမှာပဲဖြစ်ဖြစ် ဗမာပြည်သမိုင်းမှာပဲဖြစ်ဖြစ် အရေးကြီးတဲ့ သမိုင်းအချိုးအကွေ့  အလှည့်အပြောင်းတွေကို အများတကာ့ အများစုကြီးဖြစ်တဲ့ အဖိနှိပ်ခံလူထုကြီးကသာ အဆုံးအဖြတ်ပေးခဲ့တာပါပဲ။ အခုလည်း သမိုင်းတွင်မယ့် အဆုံးအဖြတ်တခုကို ဆုံးဖြတ်ဖို့ သူတို့ အဆင်သင့် ဖြစ်နေပါပြီ။ လူထုဟာ တီထွင်ကြံဆနိုင်တဲ့၊ ဖန်တီးနိုင်စွမ်းရှိတဲ့၊ နိုင်ငံရေးတိုက်ပွဲတွေကို လက်ရုံးရည်၊ နှလုံးရည်ပြည့်စွာနဲ့  တိုက်ပွဲဝင်နိုင်သူတွေ ဖြစ်ပါတယ်။… Read More »

သေနတ်ခါးချိတ်ထားသလို မဲတောင်းတဲ့သမ္မတ

“မဲပေးကြပါအရပ်ကတို့ရဲ့၊ မဲတပြားလောက်ပေးပါ။” ဒါက ၁၉၅၀ စုနှစ်များတုန်းက ကျင်းပခဲ့တဲ့ ကျောင်းသားပွဲတော်တခုက အမတ်ရူးယိမ်းမှာဆိုတဲ့ ယိမ်းသီချင်းရဲ့ အစပိုဒ်က စာသားတွေပါ။ အောက်တိုဘာလ ၂၉ ရက်နေ့တုန်းက သူ့ရဲ့မွေးဇာတိဖြစ်တဲ့ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ဥသျှစ်ကုန်းကျေးရွာမှာ မဲတောင်းတဲ့အခါဗိုလ်သိန်းစိန်က “ပြည်သူများလိုလားတဲ့ ဒီမိုကရေစီစနစ်ကို ပြောင်းပြီးပြီ၊ ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကိုပြောတာလဲ။ ကျွန်တော်တို့ကပြောင်းပြီးပြီ”လို့ရဲရဲတင်းတင်းကြီး၊ စိန်ခေါ်သလို ပြောပစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူအဲဒီလိုမာနတခွဲသားနဲ့ ပြောတဲ့နေ့မှာပဲ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို ကို ဖမ်းဆီးခဲ့သလို ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ မဲဆွယ်စည်းရုံးနေတဲ့ ဒီချုပ်အမတ်လောင်းဦးနိုင်ငံလင်းနဲ့ အမျိုးသမီးတွေအပါအဝင် ဒီချုပ်ပါတီဝင်တွေကို စွမ်းအားရှင် တဖြစ်လဲ-ကြံ့ဖွတ်ပါတီဝင်နဲ့ အပေါင်းပါ လူမိုက်တွေက ဓားတွေနဲ့ဝင်ခုတ်တာ၊ အကြမ်းဖက်ရမ်းကားတာတွေ ဖြစ်ခဲ့ပါတယ်။ တိုက်ဆိုင်တာလို့တော့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ကနေ့ဗမာပြည်ရဲ့ အခြေအနေကို ပိုလေးနက်စေတဲ့ တိုက်ဆိုင်မှုလို့ ပြောရပါမယ်။ အဲဒီနေ့တုန်းက ဗိုလ်ကနေ ဦးပြောင်းခဲ့ပြီး ဗိုလ်အခွင့်အရေးတွေ ဆက်လက်ခံစားနေဆဲဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ပြောတာကိုက ‘‘ပြောင်းလဲချိန်တန်ပြီဆိုခြင်းမှာ ဘာကိုပြောတာလဲ’’လို့ မောက်မောက်မာမာပြောခဲ့တာ ဖြစ်ပါတယ်။ ဒီချုပ်ကို ရန်ထောင်တာလို့ ထုတ်မပြောရုံတမယ်ပါ။ ပြီးမှ… Read More »

သိက္ခာမဲ့တဲ့ ရွေးကောက်ပွဲကော်မရှင် – ညစ်ပတ်တဲ့ရွေးကောက်ပွဲ

သိက္ခာမဲ့တဲ့ ရွေးကောက်ပွဲကော်မရှင် – ညစ်ပတ်တဲ့ရွေးကောက်ပွဲ (၃၀-၁၀-၂၀၁၅) “၂၀၁၅ ရွေးကောက်ပွဲ ”မကြာခင်ကျင်းပတော့မယ်။ ရက်ပိုင်းသာ လိုပါတော့တယ်။ ရွေးကောက်ပွဲကို အောက်ပါအချက်တွေကြောင့် စိတ်ဝင်စားပါတယ်။ ရွေးကောက်ပွဲဖြစ်စဉ် အစအဆုံးမှာ အာဏာရကြံ့ဖွံ့ပါတီအစိုးရ၊ စစ်တပ်၊ ရွေးကောက်ပွဲကော်မရှင်တို့ ဘယ်လိုနည်းတွေသုံးပြီး ညစ်ပတ်ကြသလဲ။ ညစ်ပတ်မှုမျိုးစုံကို အတိုက်အခံပါတီတွေ ဘယ်လိုရင်ဆိုင်ဖြတ်သန်းသွားကြသလဲ။ ရွေးကောက်ပွဲက ပြည်သူများအတွက် ဘယ်လိုအတွေ့အကြုံနဲ့ သင်ခန်းစာတွေရရှိနိုင်သလဲ စတဲ့အချက်တွေနဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားပါတယ်။ တကယ်တော့ အတိုက်အခံပါတီများအဖို့ “၂၀၁၅ ရွေးကောက်ပွဲ”ဟာ ရွေးကောက်ပွဲဆိုတာထက် ရွေးကောက်ပွဲကော်မရှင်၊ အစိုးရ၊ စစ်တပ်တို့ရဲ့ညစ်ပတ်မှုမှန်သမျှကို ရင်စည်းခံပြီး ယှဉ်ပြိုင်နေတဲ့ပွဲသာ ဖြစ်တယ်လို့ဆိုရင် အဖြစ်မှန်နဲ့ အတော်နီးစပ်ပါလိမ့်မယ်။ ဒါကြောင့် “၂၀၁၅ရွေးကောက်ပွဲ”ကို အစိုးရနဲ့ အတိုက်အခံတို့က ကိုယ့်အမြင်နဲ့ကိုယ်၊ ကိုယ့်အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ကိုယ် “အပြောင်းအလဲ” ဖြစ်တယ်တို့၊“သမိုင်းဝင်တယ်”တို့ စသဖြင့် ဘယ်လိုပဲ အမြီးတပ်အမွှမ်းတင်ကာ ပြောဆိုနေပါစေ “၂၀၁၅ ရွေးကောက်ပွဲ” ဟာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့မတရားမှု၊ သိက္ခာမဲ့မှုနဲ့ညစ်ပတ်မှုမျိုးစုံကို မှတ်တမ်းတင်ရမယ့်ပွဲဖြစ်သလို၊ အတိုက်အခံပါတီများ လည်စင်းခံရတဲ့ အတွေ့အကြုံတွေနဲ့ သင်ခန်းစာတွေကို မှတ်သားထားရမယ့်ပွဲလည်း ဖြစ်ပါတယ်။ “၂၀၁၅ ရွေးကောက်ပွဲ”… Read More »

ရွေးကောက်ပွဲ မျက်နှာရူးရောဂါ

on election

ပြီးခဲ့တာတွေကိုမပြောကြပါနဲ့စို့-တဲ့

အခုတလော ဗမာပြည်နိုင်ငံရေးမှာ ပြီးခဲ့တာတွေ/အရင်ကဟာတွေကို ပြန်မဖော်ထုတ်နဲ့၊ လက်ရှိဖြစ်နေတာတွေကိုပဲပြော ဆိုတဲ့အဆိုမျိုး မကြာခဏကြားနေရပါတယ်။ သာမန်အချိန်မှာဆိုရင်တော့ ဒါဟာ စကားနည်းရန်စဲဆိုတဲ့ စိတ်ကောင်းသဘောကောင်းနဲ့ ပြောတယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ အခုလို ပြောတာကတော့ စဉ်းစားစရာဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ ဒီလိုအတိတ်ကို ဖျောက်ဖျက်ပစ်ရတာမျိုးလား။ လူတွေဟာ အတိတ်မှာ လုပ်ချင်တာလုပ်ပြီး ဒီနေ့မှာ လူလိမ္မာစကားပြောတာနဲ့ နတ်ရေကန်ထဲဆင်းလိုက်သလို လူကောင်းဖြစ်သွားရောလား။ နောက်ပြီး သမိုင်းဆိုတာဟာ အဖြစ်အပျက်မှန်တွေကို ချောင်ထိုးထားလို့ရတာမျိုးလား။ ပြီးခဲ့တာတွေ၊ အတိတ်တွေကိုပြောတာ မှားသလား။ အမှားတွေကိုပြောတာ မှားသလား။ လူကောင်းကို မကောင်း ပြောတာ၊ မကောင်းတဲ့လူကို လူကောင်းလို့ ပြောတာကရော မှန်သလား။ ဒီလို“ကျေပါတယ်မအေးစိန်”ဆိုတဲ့စကားမျိုးတွေ ကြားရတိုင်း ရှစ်လေးလုံးအရေးတော်ပုံမှာ ကျဆုံးသွားရတဲ့ အာဇာနည်မဝင်းမော်ဦးရဲ့ မိဘများက သူတို့သမီးအတွက် ဒီနေ့အထိရေစက်မချ၊ သပိတ်မသွတ်သေးကြောင်းပြောတာ၊ မဝင်းမော်ဦးက ကျဆုံးကာနီးမှာ ဒီမိုကရေစီမရမချင်းကျမအတွက်အမျှ မဝေပါနဲ့လို့ပြောတာ၊ ကိုပါကြီးရဲ့သူငယ်ချင်း တယောက်က ကိုပါကြီးကျဆုံးတာ တနှစ်ပြည့်တော့ ဖေ့စ်ဘုတ်ပေါ်မှာ တနှစ်တင်းတင်းပြည့်ခဲ့ပြီ……ပါကြီးရေ…… ကမ္ဘာမကြေဘူးဟေ့. လို့ ရေးခဲ့တာတွေကို ပြန်သတိရမိပါတယ်။ နောက်ပြီး လက်ပန်းတောင်းက ဒေါ်ခင်ဝင်းရဲ့အုတ်ဂူပေါ်က… Read More »

ပွဲမဝင်မီ ဆိုင်းဆော်သံ ကြားရုံမျှနဲ့

ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ဘူးဆိုတာ အစကတည်းက တွက်ဆထားကြပြီးသားမို့ သိပ်အံ့သြစရာ မရှိပါဘူး။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌက ရွေးကောက်ပွဲဟာ ၃၀ ရာခိုင်နှုန်းပဲ မှန်နိုင်မယ်။ ၇၀ ရာခိုင်နှုန်းမှားနိုင်တယ်လို့ ပြောလိုက်တာဟာ သူတို့ဘယ်လမ်းကြောင်းသွားမယ်ဆိုတာ ဗြောင် ကြေညာလိုက်တာပဲ။ မဲစာရင်း ဒုတိယအကြိမ်ထုတ်ပြန်လိုက်တော့ ပိုပြီး ပွဲဆူသွားတယ်။ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ကတောင် ဗဟို ရွေးကောက်ပွဲကော်မရှင်ကို မကျေမလည်ဖြစ်ရတဲ့အထိ သူတို့ရဲ့ ညစ်ပတ်တဲ့ လုပ်ရပ်က ပေါ်လွင်ထင်ရှားနေတယ်။ ဦးဥာဏ်ဝင်းက ရွေးကောက်ပွဲဟာ တရားမှာ မဟုတ်ဘူးဆိုတာကို ဖွင့်ပြောလာတဲ့အထိ ဖြစ်နေပြီ။ ရွေးကောက်ပွဲဟာ မတရားရင် မမှန်ကန်ဘူး။ မလွတ်လပ်ဘူး။ မတရားတဲ့ ရွေးကောက်ပွဲကနေ ဘယ်လို ရလဒ်ကောင်း ထွက်ပေါ်လာမှာလဲ။ ဒါ့အပြင် ရွေးကောက်ပွဲမှာ မတရားတဲ့ လုပ်ရပ်တွေ လာနေဆဲ၊ လာလတ္တံ့တွေ အများကြီးပါ။ ရှေ့မှာလည်း ကြုံတွေ့ရပါလိမ့်ဦးမယ်။ ဒီလို ရွေးကောက်ပွဲ မတရားမှာကို မအံ့သြပေမယ့် အံ့သြရတဲ့ အချက်တွေ မြင်တွေ့လာရတယ်။ အဲဒါကတော့ မဲစာရင်းကို ပြည်သူတွေက မစစ်ဆေးရင် ပြည်သူတွေရဲ့ အပြစ်ပဲဆိုပြီး တင်ပြလာတဲ့အတွေးအခေါ် အယူအဆဖြစ်တယ်။ ပြည်သူတွေ… Read More »

ရွေးကောက်ပွဲကာလ စစ်အုပ်စုရဲ့အတွင်းသဘော

အာဏာရှင်စနစ် နံပါတ်ဝမ်း ဘယ်သူလဲဆိုတာ စိတ်ဝင်တစား တွက်ချက်ကြည့်နေကြသူတွေ ရှိနေပါတယ်။ တွက်ချင်သူတွေ တွက်ကြည့်ကြပါ။ သေချာကတော့ ဘယ်သူဟာ ထိပ်ဆုံးအာဏာပိုင်ဖြစ်နေပါစေ၊ စစ်အုပ်စုရှိနေရင် စစ်အာဏာရှင်စနစ် ရှိနေမှာပါပဲ။ စစ်ဗျူရိုကရက် ယန္တရားကြီးလည်း ဆက်လက်လည်ပတ်နေမှာပါပဲ။ ထိပ်ဆုံးအာဏာပိုင်ဆိုတာလည်း တယောက်မဟုတ် နောက်တယောက်တော့ ဖြစ်နေမှာပါပဲ။ ရှေ့ထွက်ရပ်သူ ဖြစ်ချင်ဖြစ်မယ်။ နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်ချင်ဖြစ်မယ်။ ထိပ်ဆုံးအာဏာပိုင် ဘယ်သူဆိုတာ သူတို့ ကာလတခု ဖုံးကွယ်ထားလို့ ရချင်ရပါလိမ့်မယ်။ ဒါပေမဲ့ စစ်အုပ်စုရဲ့ သဘောထားဟာ ဘာလဲဆိုတာတော့ သူတို့ဖုံးကွယ်ထားလို့မရနိုင်ပါဘူး။ လိမ်ညာစကား၊ ဟန်ဆောင်စကား၊ ပရိယာယ်စကား စသဖြင့် ဘယ်လိုပဲ သုံးနေသည် ဖြစ်ပါစေ၊ စစ်အုပ်စုရဲ့ အတွင်းအဇ္ဈတ္တကို စစ်အုပ်စုထဲက ကိုယ်စားပြုသူတဦးဦးက ထွက်ပြောကြရတာချည့်ပါပဲ။ ပြည်တွင်းငြိမ်းချမ်းရေးဆိုပါတော့။ လိမ်ညာဖုံးကွယ်မှုတွေနဲ့ လှည့်ဖြားခဲ့တာ ကြာလှပါပြီ။ လက်ရှိစစ်အစိုးရလက်ထက်မတိုင်မီကတည်းက လိမ်ညာလှည့်ဖြားလာခဲ့တာ ခုအထိ လိမ်ညာလည့်ဖြားနေတုန်းပါ။ ဒါပေမဲ့ သူတို့မှာ တကယ်တမ်း ပြည်တွင်းငြိမ်းချမ်းရေး လိုအင်ဆန္ဒမရှိဘူးဆိုတာ ကာချုပ်ရဲ့စကားတွေကို အသေအချာ လေ့လာကြည့်ရင် အထင်အရှား တွေ့နိုင်ပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးသာ မလိုချင်တာ၊… Read More »