ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သားကောင်းရတနာရဲခေါင်ပြောက်ကျား သခင်သန်းဖေ
ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သားကောင်းရတနာရဲခေါင်ပြောက်ကျား သခင်သန်းဖေ(တော်လှန်ရေး ရုပ်ပုံလွှာ)မောင်လှဝင်း(မြင်းခြံ)အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်-၅ မှာ ဖော်ပြမယ့်ဆောင်းပါး> ဗမာပြည်ကွန်မြူနစ်ပါတီပါတီရဲ့ “တော်လှန်ရေးဂျာနယ်”(၁၉၅၀ ခုနှစ်ထုတ်)ထဲမှာ ဒို့ခေါင်းဆောင်ကြီး သခင်သန်းဖေဆိုတဲ့ဆောင်းပါးကို ဖော်ပြခဲ့ဖူးတယ်။ ဆောင်းပါးရဲ့အဆုံးသတ်မှာ (သူ၏အမည်သည် ရာဇဝင်တွင် စာတင်ရပေအံ့)လို့ ဥဒါန်းကျူးရင့်ခဲ့တယ်။ ဂျာနယ်ကျော် ဒေါ်မမလေးဟာ သူ့ရဲ့ “သွေး”နဲ့ “ရင်နင့်အောင်မွှေး”ဝတ္တုတွေ ဂျပန်ဘာသာပြန်ဆိုဖို့နဲ့ ရုပ်ရှင်ရိုက်ဖို့ကိစ္စတွေနဲ့ စပ်လျဉ်းပြီး ဂျပန်ပြည်ကို သွားရောက်ခဲ့တယ်။ ဗမာပြည် စစ်အတွင်းကာလတုန်းက ကင်ပေတိုင်စစ်ဗိုလ်လုပ်ခဲ့ဖူးတဲ့ ဂျပန်တယောက်နဲ့ ဂျပန်ပြည်မှာတွေ့ဆုံမိတော့ “သခင်သန်းဖေ ရှိသေးလား”လို့ စိတ်ဝင်တစား မေးမြန်းတယ်။ ဂျာနယ်ကျော် ဒေါ်မမလေးက “မရှိတော့ဘူး”လို့ ပြန်ဖြေတော့ အဲဒီကင်ပေတိုင်စစ်ဗိုလ်ဟောင်းက “အဲဒီသခင်သန်းဖေဟာ လူမဟုတ်ဘူး။ နတ်ဘီလူး”ဆိုပြီး အံ့သြချီးမွမ်း ပြောဆိုခဲ့ဖူးတယ်။ သူ့ကို ဖြူး သခင်သန်းဖေလို့ လူသိများတယ်။ တချို့ကတော့ သခင်သန်းဖေ(တောင်ငူ)လို့ ရေးသားဖော်ပြတယ်။ တိုင်းပြည်လွတ်လပ်ရေးရပြီးရင် စစ်ရေးတာဝန်ကို မယူတော့ဘဲ နိုင်ငံရေးကိုပဲ နှစ်မြှုပ်လုပ်မယ်လို့ ဗိုလ်ချုပ်အောင်ဆန်း စဉ်းစားခဲ့ဖူးတယ်။ အဲဒီအခါ စစ်တပ်အတွက်စိတ်ချရအောင် စစ်တပ်ကို ခေါင်းဆောင်သွားနိုင်မယ့်သူကို ဗမာပြည် ကွန်မြူနစ်ပါတီထံက သူတောင်းတယ်။ ပထမဆုံး… Read More »