အထိမခံတဲ့ ပြစ်မှုများ (လှသောင်း)
အထိမခံတဲ့ ပြစ်မှုများ (လှသောင်း) ဘယ်ပြည်သူမဆို အချိန်မရွေးဖမ်းဆီးချုပ်နှောင် ထောင်ချခံရနိုင်ခြင်းဆိုတဲ့ ဖက်ဆစ်ခြိမ်းခြောက်မှုကို စစ်အုပ်စုက ဖန်တီးထားတယ်၊ သူတို့က ဒီပြစ်မှုကို လက်ညှိုးအထိုးမခံပေမဲ့ ရံဖန်ရံခါ ဝန်ထုပ်ခါတဲ့သဘော လွတ်ငြိမ်းခွင့်ပေးတာလေးတွေကိုတော့ လူထုက ကျေးဇူးတင် ကြိုဆိုပေးရမယ့်သဘောဖြစ်နေပါတယ်။ ထုနဲ့ထည်နဲ့ ကျုးလွန်ခဲ့တဲ့ လယ်သိမ်းယာသိမ်းပြစ်မှုများကိုလည်း တို့ထိလို့မရပေမယ့် အသုံးမလိုတဲ့ မြေအနည်းအကျဉ်း ပြန်စွန့်ပေးတာလေးတွေကိုတော့ လူထုက အမျက်ဖြေကြေအေးပေးရမယ့်သဘော ဖြစ်နေပြန်ပါတယ်။ အလေးထားပြောလိုတာက စစ်အုပ်စုဟာ ပြည်သူအပေါ်ကျူးလွန်ထားတဲ့ပြစ်မှုတွေကို ဝန်ခံဖို့ဝေလာဝေး အတို့အထိတောင်မခံဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။ ဂျူလိုင်-၇ ကျောင်းသားသတ်ဖြတ်မှု၊ သပိတ်အလုပ်သမားများကို သတ်ဖြတ်မှု၊ ၈၈ အရေးတော်ပုံနှောင်းပိုင်းကာလမှာ ပြည်သူကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ဒီပဲရင်းလုပ်ကြံမှု၊ ဒီနေ့ကာလအထိ ပူပူနွေးနွေး သွေးမခြောက်သေးတဲ့ လူမျိုးရေး ဘာသာရေး သတ်ဖြတ်မှုများ စတဲ့ပြစ်မှုကြီးများ အလွယ်တကူကျူးလွန်နိုင်နေတာက ပြည်တွင်းစစ်မီးတောက်လောင်နေတဲ့ အခြေခံအခြေအနေရှိပြီးဖြစ်နေတာကြောင့်ဖြစ်တယ်။ ဗျူရိုကရက်လူတန်းစားနဲ့ စစ်အုပ်စုက ဒီမီးကို ဦးဆောင်ထွန်းငြှိ ထိန်းသိမ်းတိုးချဲ့နေခဲ့တာ ဖြစ်ပါတယ်၊ ဒီလုပ်ရပ်ကိုယ်တိုင်က သရဖူပြစ်မှုကြီးဖြစ်တယ်၊ ဒီပြစ်မှုကို သေသေချာချာ မကိုင်တွယ်ဘဲနဲ့ကတော့ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဘာပြဿနာကိုမှ ဖြေရှင်းနိုင်မှာမဟုတ်ပါ။ ဒါပေမဲ့ စစ်အုပ်စုကတော့ ဒီသရဖူပြစ်မှုကြီးကို အကိုင်ခံဖို့ နေနေသာသာ၊ ပြည်တွင်းစစ်လို့ အသုံးနှုန်းမခံ… Read More »