Category Archives: သတင္း

ရှေ့က အစိုးရတွေလိုပဲ ငြိမ်းချမ်းရေးလုပ်ရာမှာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ကိုထွေး)

ရှေ့က အစိုးရတွေလိုပဲ ငြိမ်းချမ်းရေးလုပ်ရာမှာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ကိုထွေး) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတယ်ဆိုတာ ဗမာအသုံးအနှုန်းအရ ပြောရမယ်ဆိုရင်တော့ ဗြောင်လိမ်တယ်လို့ပဲ ပြောရပါလိမ့်မယ်။ (၄) ကြိမ်မြောက် ပင်လုံအစည်းအဝေးမှာ ငြိမ်းချမ်းရေးမရတာဟာ ဆွေးနွေးဘက် လူမျိုးစုလက်နက်ကိုင်အင်အားစုတွေက မရိုးသားလို့ ဆိုပြီး၊ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အတိတ်က ဆွေးနွေးပွဲပျက်ခဲ့တာကို ကိုးကားပြီး ဗိုလ်မင်းအောင်လှိုင်က ဒီစကားလုံးသုံးပြီး တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။ ဗမာပြည်မှာ ပြည်တွင်းစစ်ဖြစ်လာခဲ့တဲ့ ခရီးစဉ်တလျှောက်၊ဗမာပြည်ကွန်မြူနစ်ပါတီနဲ့စဖြစ်ခဲ့တဲ့ပြည်တွင်းစစ် နဲ့ (သမိုင်းမှာ ပြုလုပ်ပြီးခဲ့တဲ့) ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်ခဲ့တာတွေကိုကြည့်ရင် အဆုံးအဖြတ်ကျတဲ့ကိစ္စတိုင်းမှာ အုပ်စိုးသူအာဏာရ ဖဆပလ၊ မဆလ၊ နဝတ၊ နအဖ နဲ့ ဒီနေ့ စစ်အာဏာရှင်လက်အောက်က အရပ်သားအစိုးရခေတ်အထိ အစိုးရတိုင်းဟာ မဟုတ်မမှန်ပြောဆို ရပ်တည်ခဲ့တာချည်းပဲဆိုတာတွေ့ရမှာ ဖြစ်ပါတယ်။ ကြည့်ပါ။ ဖဆပလခေတ် ၁၉၄၈ က တကယ်မရှိခဲ့တဲ့ ဂိုရှယ်စစ်တမ်းဆိုတာကို ဖန်တီးပြီး ပုန်ကန်ဖို့လုပ်နေပြီလို့ ဗြောင်လိမ်စွပ်စွဲကာ ဗမာပြည်ကွန်မြူနစ်ပါတီကို အကြမ်းဖက်တိုက်ခိုက်ချေမှုန်းပြီး ပြည်တွင်းစစ်မီးကို မွှေးခဲ့တယ်။ တိုင်းရင်းသားများက ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအရ ပြည်ထောင်စုပုံစံဖြစ်ဖို့ ကြိုးစားကြတာကို ၁၉၆၂ မှာ… Read More »

ကျွန်တော်ကြားဖူးသလို ပြောဆိုပါမည်(အမှတ် ၈)“ယူဂျီနဲ့ ထောက်လှမ်းရေး”(A.ငြိမ်း)

ကျွန်တော်ကြားဖူးသလို ပြောဆိုပါမည်(အမှတ် ၈)“ယူဂျီနဲ့ ထောက်လှမ်းရေး” (A.ငြိမ်း) (အရေးတော်ပုံဂျာနယ်၊ အတွဲ (၃) အမှတ်(၄) မှာ ဖော်ပြမယ့် ဆောင်းပါး) (၁) ယူဂျီဆိုလိုက်တာနဲ့ သူသူကိုယ်ကိုယ် နိုင်ငံရေးသမားတွေ လှုပ်လှုပ်ရှားရှားဖြစ်လာတတ်ကြတယ်။ ပါတီအဖွဲ့အစည်းတွေကလည်း မျက်လုံးဝိုင်းသွားတတ်ကြတယ်။ အနည်းဆုံး ဒီသတင်းကို နားမထောင်ဘဲ မဖတ်ဘဲ နေမရ – ဒါကကိုယ့်ဘက် -ရန်သူ့ဘက် (အထူးသဖြင့်စစ်တပ်) နဲ့ အုပ်စိုးသူအဆက်ဆက်ဘက်မှာလည်း ခေါင်းထောင်လာတတ်ကြတယ်။ အမြဲနားစွင့်နေတဲ့ ထောက်လှမ်းရေးဘက်ကပုဂ္ဂိုလ်တွေဆိုရင် ပိုအာရုံပြုကြမှာ သေချာပါတယ်။ လွတ်လပ်ရေးခေတ်နောက်ပိုင်း ကျွန်တော်တို့ ကြားဖူးတဲ့ မီလိုက်တဲ့ ကြုံလိုက်ဖူးတဲ့ ထောက်လှမ်းရေးတာဝန်ခံတွေ စဉ်ကြည့်မိတယ်။ ဗိုလ်မှူးကြီးချစ်ခင် (လေ)၊ ဗိုလ်မှူးကြီးလွင် (တပ်ထဲမှာ ဗိုလ်မှူးကြီးမောင်လွင် ၃ ယောက်ဖြစ်နေလို့ နှုတ်ခမ်းမွှေးမောင်လွင်လို့လည်း ခေါ်တတ်ကြ)၊ မျက်မှန်တင်ဦး၊ ဗိုလ်ခင်ညွန့် စသည် တွေ့မိပါတယ်။ ၄ ယောက်စလုံးက ဗိုလ်နေဝင်းမွေးထားတဲ့သူတွေ၊ တလက်ကိုင် လက်မရွံ့သမားတွေချည်းပဲ။ ရှေ့ ၂ ယောက်က ခိုင်းတာပဲ လုပ်တယ်။ အထွတ်အထိပ်ရောက်ဖို့အထိတက်လှမ်းဖို့ မျှော်မှန်းလုပ်ဆောင်ကြတာ မတွေ့ရ။ နောက် ၂… Read More »

လိဘနက်၊ လူဇင်ဘာ့နဲ့ဇန်နဝါရီ အရေးတော်ပုံ(နီအောင်ဝေ)

လိဘနက်၊ လူဇင်ဘာ့နဲ့ဇန်နဝါရီ အရေးတော်ပုံ (နီအောင်ဝေ) အရေးတော်ပုံဂျာနယ် ဆောင်းပါး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ဟာ ဂျာမနီကွန်မြူနစ်ပါတီ တည်ထောင်သူ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ကားလ်လိဘနက်နဲ့ ရိုဇာလူဇင်ဘာ့ ကျဆုံးတာ ၁၀၁ နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ လူဇင်ဘာ့နဲ့လိဘနက်က မူလက ဂျာမနီ ဆိုရှယ်ဒီမိုကရက်တစ် ပါတီဝင်တွေ ဖြစ်တယ်။ ပထမကမ္ဘာစစ်မှာ ဂျာမနီပါဝင်မှုအပေါ် ပါတီတွင်း သဘောထားကွဲလွဲမှုတွေ ဖြစ်လာတယ်။ ၁၉၁၄ ခုနှစ် နှစ်ကုန်မှာ ကားလ်လိဘနက်၊ ရိုဇာလူဇင်ဘာ့၊ ဖရန့်မဲရင်း၊ ကလာရာဇတ်ကင်းနဲ့ တခြားတော်လှန်ရေးသမားတွေစုစည်းပြီး နောင်အခါ ဂျာမနီကွန်မြူနစ်ပါတီဖြစ်လာမယ့် ‘စပါတာကပ်အဖွဲ့ချုပ်’ကို တည်ထောင်ကြတယ်။ ‘စပါတာကပ် ပေးစာများ’ ဆိုတဲ့ သတင်းစာမှာ သူတို့အမြင်တွေကို ဖော်ပြကြတယ်။ သတင်းစာ တရားမဝင်ကြေညာခံရပြီးနောက်မှာ လိဘနက်က ရှေ့တန်းစစ်မြေပြင်ကိုပို့တာ ခံရပါတယ်။ ဒါပေမဲ့ စစ်တိုက်ဖို့ငြင်းဆန်ပြီး အလောင်းတွေကို မြေမြှုပ်သဂြိုဟ်တဲ့အလုပ်သာ လုပ်ခဲ့တယ်။ ကျန်းမာရေး ချို့ယွင်းလာတဲ့အတွက် သူ့ကို ရှေ့ တန်းကနေ ပြန်ပို့ပေးတယ်။ ၁၉၁၆ ခုနှစ် စပါတာကပ် အဖွဲ့ချုပ်ရဲ့ဆန္ဒပြပွဲ ပေါ်ထွက်ပြီးနောက်မှာ နိုင်ငံတော်ပုန်ကန်မှုနဲ့ အကျဉ်းချခံရပါတယ်။ လိဘနက် (ဖခင်ဖြစ်သူ ဗီဟိန်းလိဘနက်က… Read More »

အထိမခံတဲ့ ပြစ်မှုများ (လှသောင်း)

အထိမခံတဲ့ ပြစ်မှုများ (လှသောင်း) ဘယ်ပြည်သူမဆို အချိန်မရွေးဖမ်းဆီးချုပ်နှောင် ထောင်ချခံရနိုင်ခြင်းဆိုတဲ့ ဖက်ဆစ်ခြိမ်းခြောက်မှုကို စစ်အုပ်စုက ဖန်တီးထားတယ်၊ သူတို့က ဒီပြစ်မှုကို လက်ညှိုးအထိုးမခံပေမဲ့ ရံဖန်ရံခါ ဝန်ထုပ်ခါတဲ့သဘော လွတ်ငြိမ်းခွင့်ပေးတာလေးတွေကိုတော့ လူထုက ကျေးဇူးတင် ကြိုဆိုပေးရမယ့်သဘောဖြစ်နေပါတယ်။ ထုနဲ့ထည်နဲ့ ကျုးလွန်ခဲ့တဲ့ လယ်သိမ်းယာသိမ်းပြစ်မှုများကိုလည်း တို့ထိလို့မရပေမယ့် အသုံးမလိုတဲ့ မြေအနည်းအကျဉ်း ပြန်စွန့်ပေးတာလေးတွေကိုတော့ လူထုက အမျက်ဖြေကြေအေးပေးရမယ့်သဘော ဖြစ်နေပြန်ပါတယ်။ အလေးထားပြောလိုတာက စစ်အုပ်စုဟာ ပြည်သူအပေါ်ကျူးလွန်ထားတဲ့ပြစ်မှုတွေကို ဝန်ခံဖို့ဝေလာဝေး အတို့အထိတောင်မခံဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။ ဂျူလိုင်-၇ ကျောင်းသားသတ်ဖြတ်မှု၊ သပိတ်အလုပ်သမားများကို သတ်ဖြတ်မှု၊ ၈၈ အရေးတော်ပုံနှောင်းပိုင်းကာလမှာ ပြည်သူကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ဒီပဲရင်းလုပ်ကြံမှု၊ ဒီနေ့ကာလအထိ ပူပူနွေးနွေး သွေးမခြောက်သေးတဲ့ လူမျိုးရေး ဘာသာရေး သတ်ဖြတ်မှုများ စတဲ့ပြစ်မှုကြီးများ အလွယ်တကူကျူးလွန်နိုင်နေတာက ပြည်တွင်းစစ်မီးတောက်လောင်နေတဲ့ အခြေခံအခြေအနေရှိပြီးဖြစ်နေတာကြောင့်ဖြစ်တယ်။ ဗျူရိုကရက်လူတန်းစားနဲ့ စစ်အုပ်စုက ဒီမီးကို ဦးဆောင်ထွန်းငြှိ ထိန်းသိမ်းတိုးချဲ့နေခဲ့တာ ဖြစ်ပါတယ်၊ ဒီလုပ်ရပ်ကိုယ်တိုင်က သရဖူပြစ်မှုကြီးဖြစ်တယ်၊ ဒီပြစ်မှုကို သေသေချာချာ မကိုင်တွယ်ဘဲနဲ့ကတော့ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဘာပြဿနာကိုမှ ဖြေရှင်းနိုင်မှာမဟုတ်ပါ။ ဒါပေမဲ့ စစ်အုပ်စုကတော့ ဒီသရဖူပြစ်မှုကြီးကို အကိုင်ခံဖို့ နေနေသာသာ၊ ပြည်တွင်းစစ်လို့ အသုံးနှုန်းမခံ… Read More »

ရွှေအိုးမထမ်းရဘဲ သန်းရွှေပေးတဲ့ဒုက္ခအိုး ထမ်းနေရတဲ့ခေတ်(နီအောင်ဝေ)

ရွှေအိုးမထမ်းရဘဲ သန်းရွှေပေးတဲ့ဒုက္ခအိုး ထမ်းနေရတဲ့ခေတ် (နီအောင်ဝေ) စစ်အုပ်စုက ဒီမိုကရေစီ လမ်းပြမြေပုံ (၇) ချက်နဲ့ တဆင့်ပြီးတဆင့် ‘ဒီမိုကရေစီ အခင်းအကျင်း’ တခုကို ဦးတည်ပုံဖော်ခဲ့ပါတယ်။ ပြည်သူတွေက အညာမခံပါဘူး။ ၂၀၀၇ မှာ လူထုတိုက်ပွဲနဲ့ဖျက်သိမ်းပစ်ဖို့ကြိုးစားပါတယ်။ လူထုအုံကြွမှုကို ပြင်းပြင်းထန်ထန်ဖိနှိပ်ဖြိုခွဲပြီး တနှစ်မပြည့်ခင် ၂၀၀၈ နာဂစ်ကာလမှာ သူတို့စိတ်ကြိုက်ရေးထားတဲ့ အခြေခံဥပဒေကို အဓမ္မအတည်ပြုလိုက်တယ်။ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ စစ်တပ်ပါတီကြံ့ဖွံ့ကို အာဏာလွှဲပြီးတဲ့အခါ လမ်းပြမြေပုံအတိုင်း သူတို့လိုရာပန်းတိုင်ကို ရောက်သွားပါပြီ။  လမ်းပြမြေပုံရဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးဆိုတာဟာ သူတို့ရဲ့ပန်းတိုင်ပါ။ ဒါပေမဲ့ အဲဒီလို သူတို့တည်ဆောက်ထားတဲ့ ဒီမိုကရေစီအရေခြုံ နိုင်ငံတော်သစ် မပြိုလဲအောင် ထိန်းသိမ်းဖို့၊ ကာကွယ်စောင့်ရှောက်ဖို့လိုပါသေးတယ်။ စစ်အုပ်စု ထူထောင်ပေးတဲ့ ဒီမိုကရေစီ နိုင်ငံတော်ဆိုတာကို ကြံ့ဖွတ်အစိုးရလို စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရတွေနဲ့တင် ရေရှည်တည်မြဲအောင် လုပ်လို့မရပါဘူး။ ရွှေရည်စိမ်ဆိုတာ အရောင်ကျွတ်မှာပါ။ ပုံမှန် အရောင်ပြန်တင်ပေးဖို့လိုပါတယ်။ ရွေးကောက်ပွဲတွေက ငါးနှစ်တခါ ရွှေရည်စိမ်တဲ့အလုပ်ကို လုပ်တာပါ။ တစညလို ကြံ့ဖွံ့လိုပါတီတွေနဲ့ပြည်သူကို ဆက်ပြီးညာချဖို့မလွယ်တာ သူတို့သိပါတယ်။ ဒါကြောင့် အတုအယောင် ပြည်သူ့ဘက်သားတွေ၊ အင်အားစုတွေ ဖန်တီးပါတယ်။ ထိပ်တန်း စစ်ဗိုလ်ချုပ်ကစလို့… Read More »

ဂျင်နီ့ဘဝရုပ်ပုံလွှာ(သိန်းထွန်းနိုင်)

ဂျင်နီ့ဘဝရုပ်ပုံလွှာ (သိန်းထွန်းနိုင်) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး —— မာ့က်စ်နဲ့ဂျင်နီလက်ထပ်တော့ မာ့က်စ်အသက်ကအစိတ် ဂျင်းနီက ၂၉ နှစ်။ ဂျင်နီက ပဒေသရာဇ်မိသားစုမှာ မွေးဖွားလာတဲ့သူ။ မာ့က်စ်လို ရက်ဒီကယ်ဂျူးတယောက်ကို လက်ထပ်တယ်ဆိုတာ သူတို့ထုံးတမ်းစဉ်လာကို ဆန့်ကျင်ပြီး လုပ်ရတာပါ။ ဒါကြောင့် နှစ်ဘက်မိဘတွေသဘောတူကြည်ဖြူပေမယ့် တိုးတိုးတိတ်တိတ် စေ့စပ်ကြတယ်။ မာ့က်စ်ရဲ့ဖခင်နဲ့ ဂျင်နီရဲ့ဖခင်တွေက တမြို့တည်းသား မိတ်ဆွေတွေ။ ဂျင်နီ့ဖခင်က ပြင်သစ် လစ်ဘရယ်ဝါဒနဲ့ဆိုရှယ်လစ်ဝါဒကို အင်မတန်သဘောကျတယ်။ သမီးဖြစ်သူ ဂျင်နီကလည်း သူစိတ်ဝင်စားတဲ့ ပြင်သစ်ဆိုရှယ်လစ်ဝါဒနဲ့ ဂျာမန်ရိုမန်းတစ် စာပေအနုပညာလှုပ်ရှားမှုကိုသာ လေ့လာလိုက်စားတယ်။ ငယ်စဉ်ကတည်းက ကျားမတန်းတူရေးအမြင်တွေလည်းရှိတယ်။      သူတို့နှစ်ယောက် လက်ထပ်တဲ့အခါ အဖေတွေ မရှိကြတော့ဘူး။ ဆွေမျိုးသားချင်းတွေ ဖေးမတဲ့အကူအညီ နည်းနည်းပါးပါးကလွဲလို့ ကိုယ့်ဒူးကိုယ့်ချွန် ရုန်းကန်ရတယ်။ လက်ထပ်ပြီးနောက် ဇနီးမောင်နှံနှစ်ယောက် ပါရီကိုသွားကြတယ်။ ရက်ဒီကယ်တွေနဲ့ဝိုင်းဖွဲ့မိတယ်။ မာ့က်စ်နဲ့အိန်ဂယ် တသက်တာ ရဲဘော်ရဲဘက်တွေအဖြစ် စပြီးလက်တွဲမိတာ အဲဒီကာလမှာပါ။ ပြင်သစ်အာဏာပိုင်တွေက မာ့က်စ်တို့မိသားစုကို ပါရီကနေ နှင်ထုတ်တယ်။ ဂျင်နီလည်း အိမ်ထောင် ပရိဘောဂတွေ အကုန်ရောင်းချပစ်ရတယ်။ ဒါတောင် အိမ်ငှားခ… Read More »

အလုပ်သမားတိုက်ပွဲတွေကို ဖိတ်ခေါ်နေတဲ့ ရင်ကြားစေ့အစိုးရ (မောင်သန်းမြရွှေ)

အလုပ်သမားတိုက်ပွဲတွေကို ဖိတ်ခေါ်နေတဲ့ ရင်ကြားစေ့အစိုးရ (မောင်သန်းမြရွှေ) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး ၂၀၂၀ သြဂုတ် ၅ နေ့စွဲနဲ့ သတင်းတပုဒ်ဖတ်ရတယ်။ လှိုင်သာယာမြို့နယ်ရှိ Gust Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား ၉၇ဦးအား ခံဝန်ဝရမ်းထုတ်ပြီး ရုံးချိန်းထပ်မံပျက်ကွက်ပါက ဒဏ်ငွေသိန်း၅၀ ဆောင်ရမည်ဖြစ်ကြောင်း တရားသူကြီးက ပြောလိုက်တယ်လို့ဆိုတယ်။ မလာရင်ခွင့်မဲ့ဝရမ်းထုတ်မယ်။ တရားခံပြေး အဖြစ်ကြေညာမယ်။ ရဲကိုလွှတ်လိုက်ပြီး ရှာမယ်။ ဘယ်နေရာဘယ်အချိန်ဖြစ်ဖြစ် တွေ့တဲ့နေရာဖမ်းမယ်လို့ ဆိုတယ်။ ဖြစ်စဉ်မှာ ဆန္ဒပြသပိတ်စခန်းဖွင့်တောင်းဆိုမှုကြောင့် အလုပ်သမား ၉၇ ဦးအား လှိုင်သာယာမြို့နယ် အလဆဦးစီးမှုးဦးသိန်းမင်းထွန်းက ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၄၆(ဃ) ၄၇ဖြင့် မတ်လ ၁၃ ရက်နေ့တွင် စတင်တရားစွဲဆိုခဲ့တာ ဖြစ်တယ်။ အမှုကကြာပြီ။ ရုံးချိန်း ၄ ကြိမ်ရှိပြီ။ ကိုဗစ်၁၉ နဲ့ သင်္ကြန်မတိုင်မီ ကတည်းကဖြစ်ပြီး ၅လကြာနေပြီဖြစ်တယ်။ ဒီကြားထဲ အလုပ်သမတွေ လူစုကွဲ ဖရိုဖရဲဖြစ်၊ တချို့ရွာပြန် တချို့ရရာအလုပ်ရှာလုပ်၊ လက်လှုပ်မှပါးစပ်လှုပ်ရသူတွေ၊ ဘယ်သူက ကျွေးထားလို့လဲ။ တရားသူကြီးက ပြောလိုက်ပုံက နင်တို့က တရားခံတွေဖြစ်နေပြီတဲ့။… Read More »