Category Archives: အရေးတော်ပုံဂျာနယ်

ကားလ်မာ့က်စ်

ကားလ်မာ့က်စ် အတ္ထုပ္ပတ္တိအကျဉ်းနှင့်မာ့က်စ်ဝါဒကိုရှင်းပြချက်တခု (ဗလာဒီမာအီလျစ်ခ်ျလီနင်) ရဲဘော်အောင်ထက် ပစ္စည်းမဲ့လူတန်းစား၏လူတန်းစားဆိုင်ရာနည်းပရိယာယ် အင်မတန်စောတဲ့ ၁၈၄၄-၄၅ ခုနှစ် ကာလများကတည်းကပဲ မာ့က်စ်ဟာ အစောပိုင်းရုပ်ဝါဒရဲ့အားနည်းချက်တွေ- ဆိုလိုတာ လက်တွေ့တော်လှန်ရေးလုပ်ငန်းဖြစ်ပေါ်ဖို့အခြေအနေတွေ၊ ဒါမှမဟုတ်အရေးပါမှုကိုနားမလည်မှုတွေ-ကို စူးစမ်းလေ့လာပြီးနောက် သူဟာ သူ့တသက်တာမှာ သူ့ရဲ့သဘောတရားရေးလုပ်ငန်းနဲ့အတူ ပစ္စည်းမဲ့လူတန်းစားရဲ့နည်းပရိယာယ်ပြဿနာတွေကို တရံမလပ် သတိပြုအာရုံစိုက်ခဲ့ပါတယ်။ သူ အာရုံစိုက်ပြုစုခဲ့တာတွေကို ပမာဏကြီးမားလှတဲ့ မာ့က်စ်ရဲ့ရေးသားချက်တွေထဲမှာ တွေ့ရှိနိုင်ပါတယ်။ အထူးသဖြင့်၁၉၁၃ခုနှစ်မှာထုတ်ဝေခဲ့တဲ့ သူနဲ့ အိန်ဂယ်တို့ရဲ့ အပြန်အလှန်ပေးစာလေးတွဲထဲမှာ ဖြစ်ပါတယ်။ သူ့ရေးသားချက်တွေကို အားလုံးစုစည်းတာ၊ စစ်ဆေးတာ၊ လေ့လာသုံးသပ်တာ မလုပ်ရသေးပါဘူး။ ဒီတော့ကျွန်တော်တို့အနေနဲ့ ဒီနေရာမှာမာ့က်စ်က ဒီနယ်ပယ်အကြောင်းမပါရင် ရုပ်ဝါဒဟာမပြည့်စုံ၊ တဖက်သတ်ကျ၊ အသက်မဲ့နေ လိမ့်မယ်လို့ သဘောထားခဲ့ကြောင်း သူ့ရဲ့ ယေဘုယျ အကျဆုံးနဲ့ တိုးတောင်းလှတဲ့ မှတ်ချက်တွေကနေ ကောက်ယူလို့ရကြောင်း ပြောတာနဲ့ပဲ ကျေနပ်ရပါတယ်။ မာ့က်စ်က ပစ္စည်းမဲ့ လူတန်းစား နည်းပရိယာယ်ရဲ့ အခြေခံလုပ်ငန်းကို သူ့ရဲ့ အနုပဋိလောမရုပ်ဝါဒ ကမ္ဘာ့အမြင်နဲ့ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေနဲ့အညီ တိတိကျကျ ဖော်ပြခဲ့ ပါတယ်။ ရှေ့တန်းရောက်လူတန်းစားရဲ့ မှန်ကန်တဲ့နည်းပရိယာယ်ဆိုတာဟာ လူ့အဖွဲ့အစည်း တရပ်မှာရှိတဲ့ လူတန်းစား အားလုံးအကြားက… Read More »

ကာချုပ်နဲ့စစ်တပ်မျက်နှာကို ကြည့်နေရသော အစိုးရနဲ့လွှတ်တော်

ကာချုပ်နဲ့စစ်တပ်မျက်နှာကို ကြည့်နေရသော အစိုးရနဲ့လွှတ်တော် (မင်းဝေ) အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇ “ ရာနှုန်းပြည့်သာ အနိုင်ရအောင်မဲပေးပါ၊ ကျန်တာ ကျွန်မတို့ ကြည့်လုပ်ပါ့မယ်” ဆိုတဲ့ ဒီချုပ်အစိုးရ ကြည့်လုပ်နေရတဲ့ပုံပါပဲ။ လတ်တလော ပေါ်ပေါက်ဖြစ်ပွားလာနေတဲ့ အခြေအနေတွေရဲ့ဖိအားမျိုးစုံက ဒီချုပ်အစိုးရအဖို့ (ကာလုံ) အစည်းအဝေး မဟုတ်သော်လည်း ကာလုံကိစ္စတွေကို အဆုံးအဖြတ်ပေးကြတဲ့ အထူးအစည်းအဝေးခေါ်ကြရတဲ့ အနေအထားကို ဆိုက်ရောက်သွားစေပါတယ်။ အစည်းအဝေးအစီအစဉ်ကို ကြည့်ပြန်တော့လည်း စစ်တပ်နဲ့သက်ဆိုင်တာတွေချည်းအဓိက ဖြစ်နေတယ်။ ကြည့်ရတာ “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့်အထူးအစည်းအဝေး”ဆိုတဲ့ ဒီအစီအမံကို ဒီချုပ် အစိုးရဘက်က အရေးပေါ် ထွင်လိုက်ရတာပဲလို့ယူဆပါတယ်။ ဒါဟာ လက်တွေ့အားဖြင့် ၁၁ ဦးပါ(ကာလုံ)ကို ရှောင်လွှဲလိုက်တဲ့ သဘောလို့ မြင်တယ်။ (ကာလုံ) အစည်းအဝေးသာခေါ်ရင် ဒီချုပ် အစိုးရရဲ့အဆုံးအဖြတ်အခန်းက အားနည်းလှတယ်မဟုတ်လား။ ၁၁ ဦး(ကာလုံ)မှာ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနဲ့ နိုင်ငံခြားရေးဝန်ကြီးပဲ ဒီချုပ်အစိုးရဘက်က ပီပီပြင်ပြင် ရပ်တည်မယ့်သူရှိတာ မဟုတ်လား။ အကယ်၍ ၁၁ ဦးပါ (ကာလုံ) အစည်းအဝေးသာခေါ်လိုက်ရင် အစည်းအဝေးရလဒ်ဖြစ်တဲ့ “ သမ္မတရုံးသတင်းထုတ်ပြန်ချက် (၁/၂၀၁၆)”… Read More »

ပျားရည်ဆမ်းလွန် ဗမာပြည်နိုင်ငံရေး

ပျားရည်ဆမ်းလွန် ဗမာပြည်နိုင်ငံရေး မောင်သန်းမြရွှေ အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၂) အမှတ် ၇ ဆောင်းပါး ဒီချုပ်အစိုးရသစ် တက်လာပြီး ပျားရည်ဆမ်း ၆ လ အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်တွေမှာ နိုင်ငံခြားဆက်ဆံရေး ရလဒ်သစ်တွေ ရရှိလာတယ်လို့ ဆိုနိုင်သော်လည်း ပြည်တွင်းရေးပြဿနာ ကိုင်တွယ်ရာမှာ မထိရက်မတို့ရက် ဖြစ်နေတုန်းပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ကောဇောနီခင်းကြိုဆိုတဲ့ တရုတ်ပြည်ခရီးမှာ သမ္မတရှီကျင့်ဖျင်က နယ်စပ်တည်ငြိမ်ရေး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် မိတ်ဆွေကောင်းပီသစွာ ကူညီမယ်၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မယ်လို့ ပြောတယ်။ အိမ်ဖြူတော်နဲ့ ကုလသမဂ္ဂအထွေထွေညီလာခံသို့ သွားရောက်တဲ့ အမေရိကန်ခရီးမှာ နိုင်ငံတော်ထိပ်တန်းခေါင်းဆောင်တဦးရဲ့ အဆောင်အယောင်များနဲ့ ဧည့်ဝတ်ပြု ခံရကာ သမ္မတအိုဘားမားက ရသင့်တဲ့ဆုလာဘ်အဖြစ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းဖို့ရှိကြောင်း ကြေညာတယ်။ တကယ်တော့ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရကာ အရပ်သားတပိုင်းအစိုးရအဖြစ် ပေါ်ထွက်လာတဲ့ ဒီချုပ်အစိုးရအဖို့ အခြေအနေသစ်မှာ ပြဿနာသစ်များက စောင့်ကြိုနေတာ ဖြစ်ပါတယ်။ ပြည်ပဆက်ဆံရေးမှာ အပြင်ကအပူ အတွင်းမကူးအောင်၊ အတွင်းကအပူ အပြင်ကိုမကူးအောင် ရွဲ့စောင်းနေတဲ့ နိုင်ငံခြားဆက်ဆံရေးကို… Read More »

ကာတွန်း

လူ့အခွင့်အရေးဆိုတာ

လူ့အခွင့်အရေးဆိုတာ ညီေဋ္ဌးကျော် (အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇) သူရဦးရွှေမန်း ဆုမွန်ကောင်းတောင်းသလို ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးမှ ရွှေအိုးရွက်ပြန်လာခဲ့တယ်။ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းခြင်းနဲ့ အမည်ပျက်စာရင်းမှ ပယ်ဖျက်ခြင်းဆိုတဲ့ ဆုလာဘ်ကို သယ်ဆောင်လာရုံတင်မက၊ အပိုဆုအဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်တွင် မြန်မာပြည်လူ့အခွင့်အရေးကိစ္စ နှစ်စဉ်ထည့်သွင်းဆွေးနွေးရာမှ ယခုနှစ်အဖို့ ကင်းလွတ်ခွင့်ကိုလည်း သယ်ဆောင်လာခဲ့တယ်။ ဒါ့အပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးဆောင်ဖွဲ့စည်းထားတဲ့ မြန်မာပြည်မိတ်ဆွေနိုင်ငံများအဖွဲ့ဆိုတဲ့ မြန်မာ့အရေး စောင့် ကြည့်အဖွဲ့ကိုလည်း ဖျက်သိမ်းနိုင်ခဲ့တယ်။ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲရေးများ မမြင်တွေ့ရသေးဘဲ စစ်ခရိုနီတွေကို ဒီလောက်ထိ လွတ်ငြိမ်းခွင့် မပေးသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW လိုအဖွဲ့များက ထောက်ပြနေတဲ့ကြားက လွတ်ငြိမ်းခွင့်ပေးလိုက်တာ ဖြစ်တယ်။ သက်တမ်းကုန်ဆုံးခါနီး သမ္မတအိုဘားမားအစိုးရက အမေရိကန်နိုင်ငံခြားရေးပေါ်လစီ အောင်မြင်မှုပြယုဂ်အဖြစ် ဗမာပြည် ဒီမိုကရေ စီနဲ့ လူ့အခွင့်အရေး တိုးတက်မှုရှိကြောင်း ဗန်းတင်ချင်နေတာ ထင်ရှားပါတယ်။ တကယ်ပဲ ဗမာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျော့ပါးသွားပြီလား။ သတင်းသမားတဦးရဲ့ အမေးကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က လူအခွင့်အရေးပြဿနာ… Read More »

ရဲဆေးတင်နေတဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ကျော်ဆွေ

ရဲဆေးတင်နေတဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ကျော်ဆွေ ဇော်လတ် (အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇) ပြည်ထဲရေးဝန်ကြီး ဗိုလ်ကျော်ဆွေရဲ့ ပြောစကားတွေကြားလိုက်ရပါတယ်။ “ ရဲဆေးတင်တယ်”ဆိုတဲ့ စကားက ဒီတခါတော့ အသုံးအနှုန်းနဲ့ ဖြစ်ရပ်က ကွက်တိပဲလို့ ဆိုရမယ်။ ဘာလို့လဲဆိုတော့ “ကျီးကန်းပြင် – ကိုးတန်ကောက် – ငါးခူရအရေး ” မှာ အရှက်တကွဲ အကျိုးနည်းဖြစ်သွားရတဲ့ သူ့လက်အောက်က ရဲတပ်ဖွဲ့အတွက် ရဲဆေးတင်ပေးဖို့ အဓိကသွားရတဲ့ ခရီးစဉ်မို့ပဲ။ သူက ဘိုလိုလည်းပြောပါတယ်။ “ moral courage ရအောင် ငါပြန်လုပ်ပေးမယ်” တဲ့။ ရဲဆေးတင်ပုံ တင်နည်းကတော့ သင်းတယ်။ (ဗကပ)နဲ့ တိုက်ခဲ့ဖူးသူကို ပွဲထုတ်ပြီး ရဲဆေးတင်ရတာဖြစ်တယ်။ စစ်ဗိုလ်စစ်သားထဲမှာတော့ (ဗကပ)နဲ့ စစ်တိုက်ရတာက သူတို့အကြား မှာ ကြွားစရာ၊ ဂုဏ်ယူစရာတစ်ခုပဲ ထင်ပါတယ်။ ဒီအချက်နဲ့ သူတို့စစ်ဗိုလ်တွေ အချင်းချင်းအကြားမှာလည်း အပြန်အလှန် ကျောကြပုံပေါ်တယ်။ ပြည်ထဲရေးဝန်ကြီးတင် (ဗကပ)နဲ့ ရဲဆေးတင်နေတာ မဟုတ်ပါ။ စစ်တပ်ပိုင် “မြဝတီသတင်းစာ” အာဘော်ကနေ ၃… Read More »

ငြိမ်းချမ်းရေးလား၊ ဝေးသေးတယ်

ငြိမ်းချမ်းရေးလား၊ ဝေးသေးတယ် (စောအယ်ထူး) (အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇) ခေတ်သစ်ဗမာပြည်သမိုင်းမှာ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့စနစ်ကို ဆန့်ကျင်တိုက်ခိုက်ရင်းနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို ခက်ခက်ခဲခဲနဲ့ တည်ဆောက်ခဲ့ရတာဖြစ်တယ်။ ကိုလိုနီနယ်ချဲ့စနစ်ကို ပြတ်ပြတ်သားသားဆန့်ကျင်နိုင်တဲ့ အချိန်မှာ အမျိုးသား စည်းလုံး ညီညွတ်ရေးစိတ်ဓာတ်ဟာ အမြင့်ဆုံးအဆင့်ကိုရောက်တတ်ပြီး ကိုလိုနီနယ်ချဲ့စနစ်ကို ဆန့်ကျင်ရာမှာ တွေဝေယိမ်းယိုင်မှုတွေ ပေါ်ပေါက်တဲ့ အခါမှာ အမျိူးသားစည်းလုံးရေး စိတ်ဓာတ်ဟာလည်း လျော့ရဲလာကာ အမျိုးသားစည်းလုံး ညီညွတ်ရေးလုပ်ငန်းတွေမှာ ထိခိုက်နစ်နာမှုတွေ ရှိတတ်ကြပါတယ်။ ဒီလိုအမျိုးသားစည်းလုံးညီညွတ်ရေးကို အဆင့်ဆင့်၊ အကွေ့အကောက်၊ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်လာကြရင်းနဲ့ ဒုတိယ ကမ္ဘာစစ်ကြီးကာလကို ရောက်လာလာတဲ့အခါ နယ်ချဲ့ဖက်ဆစ်ဂျပန်ကိုတော်လှန်ဖို့ လုံးပန်းကြရင်းနဲ့ တည်ဆောက်လိုက်တဲ့ အမျိုးသား စည်းလုံးညီညွတ် ရေးဟာ သမိုင်းမှာ တခါမှမရှိခဲ့ဖူးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှုကို ရရှိလိုက်ကြပါတယ်။ ဒါကြောင့်လည်း နယ်ချဲ့ဖက်ဆစ်ဂျပန်ကို အောင်မြင်စွာ တွန်းလှန်အောင်ပွဲခံလိုက်ပါတယ်။ ဒီအောင်ပွဲအရှိန်ဟာ ဗမာပြည်ကို လွတ်လပ်ရေးပန်းတိုင်အထိ တွန်းပို့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဖက်ဆစ်ဂျပန်ကို အောင်မြင်စွာတော်လှန်အပြီး လွတ်လပ်ရေးတိုက်ပွဲမှာ ရင်ဆိုင်ရတာက ဖက်ဆစ်ဂျပန် မဟုတ်ဘဲ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့သမားဖြစ်နေပြန်တယ်။ အင်္ဂလိပ်နယ်ချဲ့သမားဟာ ဒုတိယကမ္ဘာစစ်ကြီးမှာ အောင်နိုင်သူဖြစ်ပေမယ့်… Read More »