Category Archives: ပါတီစိန္ရတု

မေလ ၉ ရက် ဖက်ဆစ်ဆန့်ကျင်ရေးအောင်ပွဲနေ့

မေလ ၉ ရက် ဖက်ဆစ်ဆန့်ကျင်ရေးအောင်ပွဲနေ့ ၁၉၄၅ မေ ၉၊  ဒုတိယကမ္ဘာစစ်ပြီးဆုံးတယ်။ နာဇီဂျာမန်တပ်ဖွဲ့များဟာ ဆိုဗီယက်တပ်နီတော်နဲ့ မဟာမိတ်တပ်ဖွဲ့များထံ ၁၉၄၅ မေ ၈ မှာ လက်နက်ချတယ်။ ဂျပန်ဖက်ဆစ်များက ၁၉၄၅ ဩဂုတ် ၁၅ မှာ ဂျပန်ဘုရင့်အမိန့်ဖြင့် လက်နက်ချတယ်။ ဟစ်တလာက ၃၀ ဧပြီ(၁၉၄၅) က တည်းက ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်။ မူဆိုလိုနီကို အစောပိုင်းကတည်းက လက်ရ ဖမ်းဆီးမိပြီး အီတလီပြောက်ကျားများက ကြိုးပေးကွပ်မျက်ခဲ့တယ်(၁၉၄၅)။ လူသားသမိုင်းမှာ အဆိုးဝါးဆုံး အကြမ်းကြုတ်ဆုံး အရက်စက်ဆုံးဖြစ်တဲ့ ဖက်ဆစ်ဝါဒအပေါ် ကမ္ဘာ့ပြည်သူအပေါင်းက အောင်ပွဲဆင်ခဲ့တာ (၇၉)နှစ်တိုင်ခဲ့ပါပြီ။ ဖက်ဆစ်ဆန့်ကျင်ရေးအောင်ပွဲနဲ့အတူ ကိုလိုနီထမ်းပိုးအောက်က အမျိုးသားပြည်သူတွေရဲ့ လွတ်မြောက်ရေးတိုက်ပွဲတွေ အုံကြွပြင်းထန်လာပြီး နိုင်ငံတွေလွတ်လပ်လာကြတယ်။ ဗမာပြည်မှာလည်း  ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစုကြီး (ဖဆပလ)ရဲ့ ဦးဆောင်မှုနဲ့အတူလွတ်လပ် ရေးရလာတယ်။ ဒါကြောင့် ဒီတော်လှန်တဲ့သမိုင်းအတွေ့အကြုံကိုမှန်မှန်ကန်ကန်သိမြင်မှ အနာဂတ်မှာ     ပိုမိုကြီးမားတဲ့အောင်ပွဲတွေ ရရိုနိုင်ဖို့ သမိုင်းသင်ခန်းစာ  ထုတ်ယူနိုင်မှာဖြစ်ပါတယ်။               ဖက်ဆစ်ဝါဒ ပေါ်ထွန်းလာခြင်း “ဖက်ဆီ “(Fasci) ဆိုတဲ့ အီတလီစကားဟာ သစ်ကိုင်းသစ်ခက်အစည်းဆိုတဲ့အဓိပ္ပါယ်ရတယ်။ ဒီစကားလုံးကို အသုံးပြုပြီး ဘီနီတို… Read More »

ကွန်မြူနစ်တို့ရဲ့ ကြီးမြတ်ဂုဏ်ပြောင်တဲ့သမိုင်းကို လက်ဆင့်ကမ်းကြစို့

ကွန်မြူနစ်တို့ရဲ့ ကြီးမြတ်ဂုဏ်ပြောင်တဲ့သမိုင်းကို လက်ဆင့်ကမ်းကြစို့ နိုင်ငံတကာသတင်းတွေမှာ နော်မန်ဒီကမ်းတက်တိုက်ပွဲ (ဒီ-ဒေး) အနှစ် ၈၀ ပြည့် အထိမ်းအမှတ်သတင်းတွေ ဖော်ပြတာ တွေ့ရပါတယ်။ အနောက်အုပ်စုခေါင်းဆောင်များက ရုရှား-ယူကရိန်းစစ်ပွဲကိုအကြောင်းပြပြီး ဒုတိယကမ္ဘာစစ်အတွင်းက ကြီးမြတ်ဂုဏ်ပြောင်တဲ့ ဆိုဗီယက်ယူနီယံရဲ့အခန်းကို တညီတညွတ်တည်း ချန်လှပ်ဖုံးကွယ်ထားကြတယ်။ သမိုင်းကို ပုံဖျက်ပြောဆိုတာ ဖုံးကွယ်တာတွေလုပ်လို့ရနိုင်ပေမယ့် ဖြစ်တည်ပြီးခဲ့တဲ့အရှိတရားကိုတော့ ပြန်ပြင်ချင်လို့မရပါဘူး။  ဆိုဗီယက်တပ်နီတော်သာ အသက်သွေးချွေး အမြောက်အမြားပေးဆပ်ပြီးမတိုက်ခဲ့ရင် နော်မန်ဒီက အနောက်အုပ်စု စစ်သင်္ချိုင်းဟာ အခုထက် ပိုကြီးမယ့်အပြင် ရှုံးပွဲကြီးအဖြစ် သမိုင်းတွင်ကျန်ရစ်ခဲ့မှာပါ။ စတာလင်က အရှေ့နဲ့အနောက် စစ်မျက်နှာနှစ်ခုဖွင့်ပြီး ဂျာမနီကိုညှပ်တိုက်ဖို့ အကြိမ်ကြိမ်ပြောခဲ့ပေမယ့် အနောက်အုပ်စုမဟာမိတ်တွေ ကမ်းတက်တိုက်ပွဲ တိုက်ကြတော့ အ‌တော်နောက်ကျပါတယ်။ သူတို့ မတိုက်လည်း ရုရှားတနိုင်ငံတည်းက နာဇီဂျာမနီကို အနိုင်ယူဖို့ လက်တကမ်း ရောက်နေတဲ့အခြေအနေပါ။ ဂျာမနီ စစ်ရှုံးဖို့သေချာသလောက်ရှိချိန်မှာ နှမ်းဖြူးတာက တချက်၊ ကွန်မြူနစ်လှိုင်း တားဆီးရေးကတချက် ဒီနှစ်ချက်နဲ့ ဝင်တိုက်တာပါ။ ဒီ-ဒေးတိုက်ပွဲမှာ မဟာမိတ်တပ်တွေ ကျဆုံးမှုကြီးမားပေမယ့် ဥရောပမှာ နာဇီဂျာမနီကို အပြုတ်တိုက်နိုင်ခဲ့တာ ဆိုဗီယက် ကွန်မြူနစ်တပ်မတော်ကြောင့်ပဲ။ တပ်နီတော် ကွန်မြူနစ်ရဲဘော် ၁၁ သန်းခန့်… Read More »

အမေရိကန်နိုင်ငံခြားရေးပေါ်လစီအပေါ်ဩဇာကြီးတဲ့နိုင်ငံခြားဆက်ဆံရေးကောင်စီအဖွဲ့

(ဗမာပြည်ကွန်မြူနစ်ပါတီ  စတင်တည်ထောင်ခဲ့တာ    ၈၅ နှစ် ပြည့်အထိမ်းအမှတ်အဖြစ်  ပါတီရဲ့ ပြည်သူ့အာဏာဂျာနယ်နဲ့ အရေးတော်ပုံဂျာနယ်တို့ကို ထုတ်ဝေမှာဖြစ်ပါတယ်။ ယခုဆောင်းပါးကတော့ ပါတီရဲ့ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး ဖြစ်ပါတယ်။) အမေရိကန်နိုင်ငံခြားရေးပေါ်လစီအပေါ်ဩဇာကြီးတဲ့ နိုင်ငံခြားဆက်ဆံရေးကောင်စီအဖွဲ့ ……. (၁) နိုင်ငံခြားဆက်ဆံရေးကောင်စီ (Council on Foreign Relations – CFR) ဆိုတာ အမေရိကန်နိုင်ငံခြားရေးပေါ်လစီနဲ့ နိုင်ငံတကာဆက်ဆံရေးကို အထူးအလေးထားတဲ့ ကျွမ်းကျင်တဲ့ အမေရိကန်နိုင်ငံက ပညာရှင်အဖွဲ့တခုဖြစ်ပါတယ်။ ဒီအဖွဲ့ကို ၁၉၂၁ ခုနှစ်မှာ စတင်ထူထောင်တယ်။ လွတ်လပ်ပြီး ပါတီစွဲမရှိတဲ့ အမြတ်အစွန်းမရှာတဲ့အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။ သူ့အဖွဲ့ဝင်တွေထဲမှာ ဝါရင့်နိုင်ငံရေးသမားတွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေ(ဥပမာ ဟင်နရီ ကစ်ဆင်ဂျား)၊ ဗဟိုထောက်လှမ်းရေး ညွှန်မှူးတွေ၊ ဘဏ်လုပ်ငန်းရှင်တွေ၊ ရှေ့နေတွေ၊ ပါမောက္ခတွေ၊ ကော်ပိုရေးရှင်းညွှန်ချုပ်တွေ၊ အမှုဆောင်အရာရှိချုပ်တွေနဲ့ ဝါရင့်နာမည်ကြီးသတင်းမီဒီယာသမားတွေ ပါဝင်တယ်။ ဒီလောက်ဆိုရင် ဒီအဖွဲ့အစည်း CFR ဟာ ပေါ့ပေါ့တန်တန်အဖွဲ့ မဟုတ်ဘူးဆိုတာ သိသာနေပါပြီ။ CFR ဟာ လက်ဝါးကြီးအုပ်ဘဏ္ဍာအရင်းရဲဝါရင့်သုခမိန်အဖွဲ့ တနည်းအားဖြင့် ဝေါလမ်းမရဲ့ သုခမိန်အဖွဲ့လို့ ဆိုနိုင်တယ်။ ၁၉၂၂ ခုနှစ်ကတည်းက… Read More »

၃၂၈ စိတ်ဓာတ်နဲ့ တဟုန်တည်း ချီတက်တိုက်ခိုက်ကြ

၃၂၈ စိတ်ဓာတ်နဲ့ တဟုန်တည်း ချီတက်တိုက်ခိုက်ကြ လှဝင်း ၁၉၄၈ မတ်လ ၂၈ ရက်။ ဗမာပြည်ကွန်မြူနစ်ပါတီက ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေး စတင်ဆင်နွှဲခဲ့တဲ့ နေ့။ (ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေး ဘာကြောင့် ပေါ်လာခဲ့ရသလဲ။) ရန်သူ ဖောက်ပြန်တဲ့ဖဆပလအစိုးရက ပြည်သူလူထုရဲ့ ပြည်သူ့ဒီမိုကရေစီကိုရိုက်ချိုးပြီး လက်နက်ကိုင်ဖိနှိပ်မှုတွေ လုပ်လာလို့ ခေါင်းငုံ့မခံနိုင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အဖိနှိပ်ခံပြည်သူလူထုကြီးက လက်နက်ကိုင်ခုခံတုံ့ပြန်ကာ တော်လှန်ရေးဆင်နွှဲခဲ့ရတာ ဖြစ်တယ်။ အဲဒီအချိန်(လွတ်လပ်ရေးရယူပြီးခါစ) က ဖောက်ပြန်တဲ့ဖဆပလအစိုးရဟာ နယ်ချဲ့သမားတွေကို မှီခို၊ ပဒေသရာဇ်မြေရှင်စနစ်ကို ထိန်းသိမ်း၊ ဗျူရိုကရက် အရင်းရှင်စနစ်ကို ကြီးထွားအောင်လုပ်နေတဲ့အစိုးရဖြစ်တယ်။ နယ်ချဲ့သမားအားကိုးနဲ့ ပြည်သူလူထုကို အဓမ္မဖိနှိပ်သွေးစုပ်နေတဲ့ အစိုးရဖြစ်တယ်။ ဒါကို မခံမရပ်နိုင်တဲ့အနယ်နယ်အရပ်ရပ်မှ လယ်သမားထုက လယ်လုပ်သူလယ်ပိုင်ရေးအပါအဝင် လယ်သမားအခွင့်အရေးတွေအတွက် တိုက်ပွဲဝင်တယ်။ ရန်ကုန်မြို့ပေါ်က စက်ရုံအလုပ်ရုံကအလုပ်သမားတွေနဲ့ ကုန်တင်ကုန်ချအလုပ်သမားတွေက အလုပ်သမားထုရဲ့ အခွင့်အရေးအတွက်တိုက်ပွဲဝင်တယ်။ မြို့နေဆင်းရဲသားတွေနဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုဆန္ဒပြတိုက်ပွဲဝင်မှုတွေဖြစ်ပေါ်လာတဲ့အခြေအနေ ဖြစ်တယ်။ ထိုစဉ်က အဖိနှိပ်ခံ ပြည်သူလူထုအားလုံးဟာ ဒီမိုကရေစီဘောင်အတွင်းက သပိတ်တိုက်ပွဲတွေ၊ ဆန္ဒပြပွဲတွေနဲ့ တိုက်ပွဲဝင်ခဲ့တာပဲ။ ပြည်သူလူထုရဲ့ဆန့်ကျင်အုံကြွမှုဟာ တစတစ ပိုမိုကြီးမားလာနေတယ်။ ဖောက်ပြန်တဲ့ဖဆပလအစိုးရဟာ… Read More »

အာဏာကိုလက်မလွှတ်ဘူးလို့ စစ်အုပ်စုကကြေညာပြန်တဲ့ဥပဒေ

အာဏာကိုလက်မလွှတ်ဘူးလို့ စစ်အုပ်စုကကြေညာပြန်တဲ့ဥပဒေ ရဲဘော်ဖိုးသံချောင်း တပြည်လုံးအနှံ့ဖြစ်ပွားနေတဲ့ စစ်မြေပြင်တွေမှာ အရှုံးနဲ့ချည့်ရင်ဆိုင်နေရတဲ့ မအလတို့ရဲ့စစ်အုပ်စုဟာ သူတို့တတွေနှာခေါင်းကျည်ပွေ့တွေ့နေတာတွေ သက်သာလိုသက်သာငြား အကောက်ကြံလိုက်ပြန်ပါပြီ။ အဲဒါကတော့ သူတိုစစ်အာဏာရှင်တွေကထုတ်ပြန်မယ်လုပ်ပြီးမှ ပြည်သူလူထုရဲ့တခဲနက်ဆန့်ကျင်မှုကြောင့်ပြန်သိမ်းထားရပြီး တနေ့ကမှကြေညာလိုက်တဲ့ “စစ်မှု မထမ်းမနေရဥပဒေ” ဆိုတာကြီးပါပဲ။ သူတို့အာဏာတည်မြဲရေးမှာ အဓိကအကျဆုံးလက်နက်လည်းဖြစ်၊ ဓနစုဆောင်းရာလမ်းလည်းဖြစ်တဲ့ပြည်တွင်းစစ်မှာ အိမ်ကြက်ချင်းအိုးမည်းသုတ်ခွပ်ခိုင်းတဲ့၊ အကောက်ဉာဏ်တမျိုး ထပ်ဆင်လိုက်တာသာဖြစ်ပါတယ်။ ဗိုလ်သန်းရွှေနာမည်နဲ့ထုတ်ခဲ့တဲ့ ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ၊ ၄ရက် နေ့ နေ့စွဲတပ်ထားတဲ့ အဲဒီအမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၁၀ဆိုတာကြီးကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၁၀ရက်နေ့မှာပဲ စတင်အာဏာတည်စေရမယ်လို့ ဗိုလ်မင်းအောင်လှိုင်က အာဏာရှင်လေသံ အပြည့်နဲ့ ပြန်အသက်သွင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒီလို အာဏာရှင်လေသံနဲ့ ထုတ်ပြန်လိုက်ပေမယ့် ဒီနေ့လို တော်လှန်ခေတ်မှာ ဒီဥပဒေရဲ့အာဏာစက်ဟာ သူတို့မျှော်မှန်းသလို အပြည့်အဝသက်ရောက်မှာ မဟုတ်ဘူးဆိုတဲ့အချက်ကလည်း အတော်သေချာနေပါတယ်။ ဘာလို့လဲဆိုတော့ မျက်မှောက်မှာ ဗိုလ်မင်းအောင်လှိုင်နဲ့သူတို့စစ်အုပ်စုရဲ့ အာဏာစက်ဖြန့်ကျက်ရာနေရာ အတော်များများဟာ အာဏာစက်ပျက်တဲ့နေရာပျက် ပြယ်တဲ့နေရာပြယ်ဖြစ်နေလို့ပါပဲ။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းသိမ်းအုပ်ချုပ်ထားရာနေရာတွေမှာ ဒီဥပဒေဟာ ဘယ်လိုမှ အာဏာတည်စရာအကြောင်းမရှိတဲ့အပြင် အဲဒီဒေသက တိုင်းရင်းသားပြည်သူတွေအနေနဲ့ကတော့ ဒီဥပဒေကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် သဘောထားနေကြမှာ မဟုတ်ပါဘူး။… Read More »

သို့ PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တပ်မှူးတပ်သားများသို့

ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနှင့် အလွတ်သတင်းထောက် (ကို)သက်ထွေးနိုင် ဆက်သွယ်မေးမြန်းချက်

ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနှင့် အလွတ်သတင်းထောက် (ကို)သက်ထွေးနိုင် ဆက်သွယ်မေးမြန်းချက် THN ။ ။ ဗမာပြည်မှာ သက်တမ်းအရှည်ကြာဆုံး ပါတီဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီက အခုဗမာပြည်ရဲ့ နောက်ဆုံး နိုင်ငံရေးဖြစ်စဉ်၊ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် အကျယ်ပြန့်ဆုံး ပေါ်လာတဲ့ နွေဦးတော်လှန်ရေးဖြစ်စဉ်မှာ ပါတီအနေနဲ့ ဘယ်လိုအခန်းကဏ္ဍမှာ ပါဝင်နေတယ်ဆိုတာ အရင်ဆုံး သိလိုပါတယ်ဗျ။ ရဲဘော်ဖိုးသံချောင်း။ ။ ကျနော်တို့အနေနဲ့ ဒီ နွေဦးတော်လှန်ရေး ဖြစ်ပေါ်လာပြီဆိုကတည်းက ထောက်ခံတယ်ဆိုတဲ့သဘောထား ဖော်ပြခဲ့ပါတယ်။ ကျန်တဲ့သူတွေကိုလည်း အဲလိုပဲ ပြောခဲ့ပါတယ်။ တတ်နိုင်သလောက် ပါဝင်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ လက်နက်ကိုင်အင်အားစုဖြစ်တဲ့ PLA ကလည်း တတ်နိုင်တဲ့အခန်းကဏ္ဍကနေ တတ်နိုင်တဲ့ နေရာဒေသတွေမှာ ပါဝင်လှုပ်ရှားနေတာပါပဲ။ ကျနော်တို့က အကုန်လုံး အစီအစဉ်ရှိရှိ၊ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာပါ။ THN ။ ။ တချိန်က ပါတီသမိုင်းကို နည်းနည်းသွားချင်ပါတယ်။ ပါတီရဲ့ အဓိက အလှည့်အပြောင်းကြီးဖြစ်ခဲ့တဲ့ ၁၉၈၉ ခု ပါတီပြိုကွဲခဲ့တယ်လို့ အများအားဖြင့် ပြောကြတာပေါ့။ အဲဒီနောက်ပိုင်း ပါတီအနေနဲ့ ဘယ်လိုပုံစံ ရှင်သန်ခဲ့လဲ၊… Read More »