Category Archives: ပါတီစိန္ရတု

အာဖဂန်ကွန်မြူနစ်တယောက် ပြောတဲ့ အာဖဂန်အကြောင်း

အာဖဂန်ကွန်မြူနစ်တယောက် ပြောတဲ့ အာဖဂန်အကြောင်းမြစမ်းအေး (အာဖဂန်မှ အမေရိကန်ဆုတ်ခွာမှုနဲ့ပတ်သက်လို့ အာဖဂန်ကွန်မြူနစ်တယောက်နဲ့တွေ့ဆုံမေးမြန်းခန်းထဲက တချို့ကို ဗြိတိန်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာသတင်းလွှာ Communist Party of Britain’s International Bulletin မှာဖော်ပြခဲ့ပြီး အမေရိကန်နိုင်ငံထုတ် People’s World စာစောင်မှ ထပ်ဆင့်ဖော်ပြထားတဲ့ ဆောင်းပါးကို ဗမာပြည်စာဖတ်ပရိသတ်အတွက် ဘာသာပြန်ဖော်ပြလိုက်ပါတယ်။) အာဖဂန်အစိုးရ (ဟောင်း) အပေါ် အကဲဖြတ်မှု။(ပြုတ်ကျသွားတဲ့) အာဖဂန်အစိုးရဟာ ရုပ်သေးအစိုးရဖြစ်ပြီး အမေရိကန်ရဲ့လိုအင်ပေါ် မှီခိုနေရကာ ပြည်တွင်းပြည်ပအရေးကိစ္စများမှာ ဘာအစွမ်းအစမှ မရှိဘူး။ အခုအထိ အရာရာ အမေရိကန်အပေါ် မှီခိုနေရတာပါ။ နိုင်ငံနဲ့ဆိုင်တဲ့ပြဿနာရပ်တိုင်း အစိုးရဟာ လွတ်လွတ်လပ်လပ် မဖြေရှင်းနိုင်ခဲ့ဘူး။ ပြဿနာပေါ်တိုင်း ရွေးကောက်ပွဲလိုကိစ္စမျိုးမှာ အမေရိကန်က ဖွဲ့စည်းအုပ်ချုပ်ပုံအပက ဖြေရှင်းခဲ့တာချည်းပါ။ ဥပမာအားဖြင့်- ၂၀၁၄ သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်းနှစ်ယောက်ကြား အကြီးအကျယ်ကွဲပြားနေလို့ အနိုင်အရှုံးကို ကာလရှည်ကြာစွာ မကြေညာနိုင်ခဲ့ဘူး။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ လာပြီး အမျိုးသားညီညွတ်ရေးအစိုးရဆိုပြီး ဖြေရှင်းပေးရတယ်။ ဒီလိုဖြေရှင်းဖို့ ဖွဲ့စည်းအုပ်ချုပ်ပုံမှာမပါဘူး။ အမျိုးသားပြဿနာကြီးတွေနဲ့ ကြုံတွေ့တိုင်း ကိုယ့်ဖာသာကိုယ် ဖြေရှင်းနိုင်စွမ်းမရှိဘူး၊ အမေရိကန်က အမြဲလာ… Read More »

ကျွန်မဆက်၍ ရေးချင်သောဖေဖေ့အကြောင်းများ။

ကျွန်မဆက်၍ ရေးချင်သောဖေဖေ့အကြောင်းများ။ဆောင်းပါးအမှတ်( ၅၅)။ ဖေဖေ ကို အသက်ကယ်ခဲ့ရစဉ်က။အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ် ၅ မှာ ဖော်ပြမယ့်ဆောင်းပါး။ ဖေဖေစစ်တပ်ကအနားယူရတဲ့(၁၉၅၇)ခုနှစ်ကစလို့(၁၉၇၃)ခုနှစ်မြောင်းမြလမ်းအိမ်ကိုပြောင်းတဲ့အထိ ၁၆နှစ်ကျော်ကျော် ကျွန်မတို့မိသားစုတွေ စမ်းချောင်းကဆီဆုံလမ်းအိမ်အမှတ်(၃၆)မှာနေခဲ့ကြရပါတယ်။ အဲဒီအိမ်လေးဟာပေ(၂၅-၅၀)မြေအပြည့်ဆောက်ထားတဲ့ တလိုင်းအိမ်လေးပါ။ ထပ်ခိုးလေးလည်းပါပါတယ်။ အိမ်လေးကကျဉ်းလည်းကျဉ်းမှောင်လည်းမှောင်၊ ဒီကြားထဲကျွန်မတိုမောင်နှမတသိုက်က တန်းစီပြီးတယောက်ပြီး တယောက်ဖျားကြနာကြနဲ့၊ နှစ်အချို့ အတော့်ကို ကသီလိုက်ပါတယ်။နေရေး ထိုင်ရေး စားရေးသောက်ရေး ဘက်စုံ ကသီတာပါ။ မောင်နှမ(၅)ယောက်စလုံး အနီးအနားက စိန့်ဖီလိုမီနာ သာသနာပြုကျောင်းမှာနေတော့ ကျောင်းစရိတ်၊ ကျောင်းကားခနဲ့ ဖေဖေနဲ့ မေမေ ဘယ်လို များကျော်ဖြတ်ခဲ့တယ်ဆိုတာ မတွေးရက်ပါဘူး။ ဖေဖေက သူစာအုပ်မှာ ဒီလိုရေးထားတာတွေ့ရပါတယ်။—–ကျောင်းဖွင့်စရက်များဆိုလျှင် နှစ်စဉ်ကြေး အဝတ်အစားဖိုး စာအုပ်ဖိုး အားကစားဖိုး စသဖြင့် နင့်နေအောင်ပေးရရာ ကျွန်တော့်ဇနီး က ဒီလတော့ ဆင်နဲ့ဆွဲရမ်းသလိုပဲဟု ညည်းတွားတတ်ပါသည် —–တဲ့။ အဲဒီအိမ်မှာနေစဉ် ဖေဖေအစာအိမ်အနာ ရောဂါရခဲ့တာပါ။ အစားအသောက်အနေအထိုင်ဆင်းရဲမှုကြောင့်ဖြစ်နိုင်ပါတယ်။ သိပ်အပြင်းအထန်တော့မဟုတ်ပါဘူး။ တခါတလေနာလာလိုက် ပျောက်သွားလိုက်နဲ့။ လအမှတ်တမဲ့ပါပဲ။ ဆေးတခါစစ်မိတော့မှ အစာအိမ်မှာအနာရှိကြောင်းသိလိုက်ရတာပါ။ ဘဖေဖေကလည်းသိပ်အရေးတယူပြောမနေပါဘူး။ ၁၉၇၆ခုနှစ် ကျွန်မတို့ပါတီဆီပြန်ရောက်ပြီး အခြေခံဒေသတွင်းဝင်ခါနီးမှာ ဆေးတခါစစ်တော့… Read More »

အာဖဂန်စစ်ပွဲ ဘယ်လိုအဆုံးသတ်မလဲ

အာဖဂန်စစ်ပွဲ ဘယ်လိုအဆုံးသတ်မလဲ-မြစမ်းအေး- အာဖဂန်စစ်ပွဲမှာ ဂန္တဝင်မြောက်ရှုံးနိမ့်မှုကြောင့် အမေရိကန်ရဲ့ ကမ္ဘာလွှမ်းခြုံကော်ပိုရိတ်ပါဝါဟာ ဘာလဲဆိုတာအပေါ် မေးခွန်းတွေ ထွက်ပေါ်လာစေပါတယ်။ အထူးသဖြင့် အမေရိကန်ကဖန်တီးလိုက်တဲ့ ကြီးကျယ်သောစစ်ပွဲကြောင့် အပျက်အစီးဒဏ်ခံရတဲ့ ကျယ်ပြန့်တဲ့ ဒေသကြီးအတွက် ဒီရှုံးနိမ့်မှုက ဘယ်လိုအဓိပ္ပာယ် ဆောင်ပါသလဲ။ အာဖဂန်နစ္စတန်မှစလို့ အီရန် အီရတ် ဆီးရီးယား လက်ဘနွန် (လစ်ဗျား ယီမင်) အထိ လွတ်မြောက်ရေး ယုံကြည်ချက်သစ်များ ပေါ်ပေါက်လာမှုကို အမေရိကန်နယ်ချဲ့ ရင်ဆိုင်နေရတယ်။ ဗဟိုအာရှမှ အနောက်အာရှအထိ အမေရိကန် ကျူးကျော်စွက်ဖက်ထားရာ ဒေသများမှာ စိန်ခေါ်မှုများ တိုးပွားလာနေတယ်။အာဖဂန်ရုပ်သေးအစိုးရ ပြိုလဲမှုသတင်းက – ဘဂ္ဂဒက်(အီရတ်)ရှိ အမေရိကန်သံရုံးကို ဒုံးကျည်များ ဒရုန်းများဖြင့်ပစ်ခတ်တဲ့သတင်း၊ အမေရိကန် နုတ်ထွက်သွားပြီးနောက် ပြန်လည်ဖော်ထုတ်လာတဲ့ ဘယ်လိုဆွေးနွေးပွဲမှာဖြစ်ဖြစ် အီရန်အမာဂိုဏ်း အားကြီးလာတဲ့သတင်းတို့ အပေါ် သက်ရောက်မှုရှိနေပါတယ်။ အီရတ်က သူ့နိုင်ငံတွင်း အခြေဆိုက်ထားတဲ့ အမေရိကန်တပ်ဖွဲ့များ အဆုံးသတ်ဖို့ တောင်းဆိုတယ်။ ဆီးရီးယားက အမေရိကန် ဗုံးကြဲနေတဲ့ကြားက သူ့အချုပ်အခြာအာဏာကို အခိုင်အမာ ကာကွယ်ထားတယ်။ လက်ဘနွန်မှာ ဟစ်ဘိုလာ(ပြောက်ကျား)များကို ချေမှုန်းလို့မရဘူး။ ဂါဇာ(ပါလက်စတိုင်း)က ကြံ့ကြံ့ခိုင်ရပ်တည်နေတယ်။ ဒေသတွင်း… Read More »

ထာဝရ တော်လှန်ရေးသမား (ဗိုလ်မှူးချစ်ကောင်း နှစ်တစ်ရာပြည့် ဆောင်းပါး)

ထာဝရ တော်လှန်ရေးသမား (ဗိုလ်မှူးချစ်ကောင်း နှစ်တစ်ရာပြည့် ဆောင်းပါး) ညီစေမင်း(ရဲဘော်ကျော်ဇံလှ ရဲ့ ပုံနှိပ်ဖော်ပြခြင်းမပြုရသေးတဲ့ ဆောင်းပါးတပုဒ်ပါ။) (အနှစ်နှစ်ဆယ်မျှ တိုင်းပြည်အတွက်လုပ်လာပြီးနောက် ကျွန်တော်သည် မိမိကိုယ်ကိုယ် ပြန်၍ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲကို ရောက်နေသည်ကို တွေ့ရ၏) ဗိုလ်မှူးချစ်ကောင်းဒါကတော့ ကိုယ်ကျိုးမဖက် ပြည်သူအတွက် အလုပ်လုပ်လာခဲ့သူ နိုင်ငံရေးသမားတယောက်အနေနဲ့ တနေ့နေ့ တချိန်ချိန် တနေရာရာ အခြေအနေတခုခုအောက်မှာ မလွဲမသွေကြုံတွေ့ရမယ့် အခြေအနေတရပ်ပါ။ ကိုယ်က ကိုယ်ကျိုးမထည့်တွက်၊ ပြည်သူအတွက်ပဲ ရှေးရှူတယ်၊ ပြည်သူ့ဒုက္ခကို ကိုယ့်ဒုက္ခလို့ ယူဆတယ်။ ဒါပေမဲ့ ပြည်သူ့သုခကိုတော့ ကိုယ်လည်းရကောင်းတဲ့သုခလို့ မယူဆ၊ ပြည်သူသာ ပျော်ပါစေပေါ့။ ပြည်သူအတွက် တလျှာက်လုံး ဦးတည်လာခဲ့လေတော့ ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ လက်ပိုက်ကြည့်မနေနိုင်။ ပြည်သူများ ဒုက္ခနွံအတွင်းမှ လွတ်မြောက်ရေးအတွက် အလုပ်လုပ်တယ်။ လှုပ်ရှားတယ်။ တိုက်ပွဲဝင်တယ်။ ပြည်သူအတွက် တိုက်ပွဲဝင်တယ်ဆိုတာ လရောင်အောက်လမ်းလျှောက်ရတာ မဟုတ်။ ဆူးငြောင့်ခလုတ်တွေ ထူပြွမ်းတဲ့ ခယောင်း လမ်းကို လျှောက်ရတယ်။ အဲဒီလမ်းကို လျှောက်လှမ်းတဲ့အခါမှာ အခက်အခဲတွေ တွေ့မယ်။ ဒုက္ခရောက်မယ်။ အသက်စွန့်တန်စွန့်ရမယ်။ ဒါတွေက ပြည်သူ့သူရဲကောင်းတွေ… Read More »

ကိုစိုးမြင့် (ရဲဘော်သိန်းဝင်း) သို့ လွမ်းသူ့ ပန်းခွေ

ကိုစိုးမြင့် (ရဲဘော်သိန်းဝင်း) သို့ လွမ်းသူ့ ပန်းခွေ ရဲဘော်အေးသန်း အရေးတော်ပုံဂျာနယ် အတွဲ(၃) အမှတ် (၅) မှာ ဖော်ပြမယ့်ဆောင်းပါး ကိုစိုးမြင့်ဆုံးကြောင်း ရဲဘော်တယောက်က ပို့လိုက်တဲ့သတင်းကို (၂၇ ဇူလိုင် ၂၀၂၁) အင်တာနက်ဖွင့်ဖွင့်ချင်း မထင်မှတ်ဘဲ တွေ့လိုက်ရတော့ ရင်ထဲလစ်ဟာသွားပါတယ်။ ဆုံးရှုံးမှုကြီးလိုက်တာ။ ကိုဗစ်အန္တရာယ်သတိထားဖို့ ဇန္နဝါရီလလယ်လောက်က ကျွန်တော်သူ့ကို သတိပေးခဲ့သေးတယ်။” ကိုဗစ်တော့ သတိထားဗျို့။ ထိရင်တော့ ကိုယ့်အသက်အရွယ်နဲ့ မလွယ်ဘူး””အင်း ထိရင်တော့မလွယ်ဘူး။ သူကြိုက်တာတွေက ကိုယ့်မှာ အကုန်ရှိနေတာ”” မရောင်းဘူး ပြောလိုက်ပါ” လို့ ကျွန်တော်ကဆိုတော့ ကိုစိုးမြင့်ကရယ်တယ်။ သူ့မှာက – ကျောက်ကပ်တလုံး အလုပ်မလုပ်လို့ ဆီးဆေးနှစ်မျိုး ပုံမှန်သောက်နေရပြီး ဆိုးမလာအောင် သွေးတိုး ဆီးချိုနဲ့ ဝိတ်(ကိုယ်အလေးချိန်) သုံးမျိုး ထိန်းထားရကြောင်း၊ သွေးနဲ့ဆီးချိုက ဆေးနဲ့ အစားဆင်ခြင်လို့ ထိန်းနိုင်တယ်။ ဒူးမကောင်းလို့ လှုပ်ရှားမှုနည်းပြီး ဝိတ်ကထိန်းမရဘူး ဖြစ်နေကြောင်း ပြောဖူးပါတယ်။ မနက်နဲ့ ညနေ တနာရီလောက်တော့ ဖြည်းဖြည်း လမ်းလျှောက်တယ်။ ဒူးကမကောင်းတော့ သိပ်လျှောက်လို့ မရဘူးလို့လည်း… Read More »

မီးလျှံကြားကဗမာပြည် (ညီဌေးကျော်)

မီးလျှံကြားကဗမာပြည် ညီဌေးကျော် မင်းအောင်လှိုင်က ကြေးစားစစ်တပ်ကိုကိုင်ထားနိုင်ရင် အာဏာသိမ်းပြီး သမ္မတလုပ်လို့ လွယ်လွယ်နဲ့ရလိမ့်မယ်လို့တွက်တယ်။ သူ့ရှေ့က နေဝင်း – သန်းရွှေ စစ်ဗိုလ်ချုပ်ကြီးတွေလည်း ဒီလိုပဲ အာဏာသိမ်းပြီး သမ္မတတက်လုပ်လာတာပဲ။ ဗိုလ်နေဝင်းက ၂၆နှစ် (၁၉၆၂ – ၁၉၈၈) ၊ ဗိုလ်သန်းရွှေက ၁၈နှစ် (၂၀၁၀ – ၁၉၉၂) စည်းစိမ်ခံခဲ့တယ်။ ငါလည်း စစ်သူကြီးမင်းဆက် သမ္မတကြီး ဖြစ်နိုင်တာပဲလို့ တွက်တယ်။ လွယ်လိုက်တာ။ ဗမာပြည်လူထုကြီးကို (ကြေးစားစစ်သားတွေလို) ခေါင်းငုံ့ခံခိုင်းဖတ်တွေလို့ အောက်မေ့နေသလား မသိဘူး။ မင်းအောင်လှိုင် အာဏာရူးပြီး ရူးရူးမိုက်မိုက်လုပ်တတ်တာ တခုပဲရှိတယ်။ လက်နက်အားကိုးနဲ့ လူသတ်တာပဲ။ သူ့ခိုင်းဖတ် ကြေးစားတပ်ကို လူသတ်လိုင်စင်ပေးပြီး သူ့အာဏာမြဲဖို့အတွက် တပြည်လုံးမှာ လူသတ်ပြနေတယ်။ မင်းအောင်လှိုင်က CDM တွေကိုမဲတယ်။ GSC တွေကိုမဲတယ်။ PDF တွေကို မကြီးထွားခင် ဦးချိုးဖို့ အလုံးအရင်းနဲ့ တိုက်တယ်။ လူထုကို ကြောက်လန့်ချောက်းချား ငြိမ်ဝပ်ပိပြားသွားအောင် မြို့ကောတောပါ အကုန်လု အကုန်သတ် အကုန်ရှို့ လုပ်လာတယ်။ လမ်းပေါ်မှာသတ်တယ်။… Read More »

ဘိုကလေး ဦးလှရွှေ ( သို့မဟုတ် ) အလံ (၃)လက် ကြားက လူ

( ၁ ) “ ဖြိုသူက ဖြို – – ဖျက်သူက ဖျက် – တိုင်းပြည်ပျက်မယ့်ကိန်းကြုံ .. ငရဲကြီး ရှစ်ထပ် – ဖြစ်ရပ်မျိုးစုံ – ကျောက်နီရုပ်မို့ ဒို့မဖြုံ – ဟေ့ ကျောက်နီရုပ်မို့ ဒို့မဖြုံ – သြော် .. အရုဏ်ကျင်းလို့ – လင်းကြက်တို့လဲ တွန်ချိန်တန်… ” အသံဝါဝါကြီးနဲ့ သီကြွေးလိုက်တဲ့ အစ်ကိုကြီးကိုလှရွှေ ရဲ့တေးသီသံဟာ ကျွန်တော့်အာရုံထဲဆီ တကြော့ပြန်ဝေ့ဝဲဝင်ရောက်လာပါတယ်။ အကိုကြီး ကိုလှရွှေ ကိုဗစ်နဲ့ကွယ်လွန်ဆုံးပါးသွားရပြီဆိုတဲ့ သတင်းကို ကြာလိုက်ရခြင်းနဲ့အတူ တခါက သူ့ရဲ့သီချင်းသံကြီးဟာ ကျွန်တော့်ရင်ထဲ ရစ်ဝဲ ဝင်ရောက်လာတာဖြစ်ပါတယ်။ ( သီချင်းစာသားတွေက တိတိကျကျ ဟုတ်ချင်မှ ဟုတ်မှာဖြစ်ပြီး၊ တချို့နေရာတွေမှာ မူကွဲလေးတွေ(သို့မဟုတ်)စကားလုံး အထားအသို အပြောင်းအလဲလေးတွေ ရှိကောင်းရှိနိုင်ပေမဲ့၊ ကျွန်တော့်ရင်ထဲ စူးစူးနင့်နင့်ကြီး ထိုးခွဲ ဝင်ရောက်လာတာကတော့- ဒီအတိုင်းပါပဲ။ အာရုံထဲမှာ ကြားလိုက်ရတာက ဒီအတိုင်းပါပဲ။) သူ့အသံက အသံဝါဝါကြီးနဲ့ဖြစ်ပေမဲ့၊ လွမ်းမောဖွယ် ကြေကွဲဖွယ်… Read More »