Category Archives: ပါတီစိန္ရတု

အခက်အခဲကျော်လွှား အောင်ပွဲအရယူ (မောင်သန်းမြရွှေ)

အခက်အခဲကျော်လွှား အောင်ပွဲအရယူ မောင်သန်းမြရွှေ အရေးတော်ပုံဂျာနယ်။ အတွဲ(၃) အမှတ် ၅ မှာ ဖော်ပြမယ့်ဆောင်းပါး ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာမသိမ်းခင် နောက်ဆုံးအချိန်အထိ မင်းအောင်လှိုင်နဲ့ဒေါ်စု စေ့စပ်ညှိနှိုင်းခဲ့ပါတယ်။ မပြေလည်လို့ အာဏာသိမ်းတာပါ။ ဘာတွေဘယ်လို တောင်းဆိုတယ်။ ဘာတွေလိုက်လျောပြီး ဘာတွေမလိုက်လျောနိုင်ဘူး ဆိုတာ ကာယကံရှင်တွေကိုယ်တိုင် ထုတ်ပြောမှသာ သိရမှာပါ။ တကယ်က စေ့စပ်ညှိနှိုင်းတာ မဟုတ်ပါဘူး။ စစ်ကောင်စီက သူ့တို့လိုလားချက်ကို တဖက်သတ် တောင်းဆိုတာပါ။ ဒါမျိုးက ဗိုလ်သန်းရွှေ ဗိုလ်ခင်ညွန့်တို့ ဒေါ်စုကို အိမ်ချုပ်ထားလိုက် အပြင်ထုတ်လိုက်နဲ့ တလျှောက်လုံးလုပ်လာခဲ့တဲ့ ဖိအားပေးအကျပ်ကိုင် စေ့စပ်တဲ့ပုံစံပါ။ အခုကျတော့ မင်းအောင်လှိုင်က ရွေးကောက်ပွဲမသမာမှုကြောင့် အာဏာသိမ်းရတယ်လို့ အကြောင်းပြတယ်။ လမ်းပြမြေပုံ ၅ ရပ်နဲ့အတူ ၂၀၀၈ ခြေဥအောက်မှာ ရွေးကောက်ပွဲသစ် ပြန်လုပ်ပေးမယ်လို့ ဆိုတယ်။ ဒါပေမဲ့ သူလုပ်နေတာတွေက စစ်သူကြီးမင်းဆက် ရာသက်ပန်အာဏာမြဲရေးပါ။  စစ်ကောင်စီက ကိုယ်စားပြုလွှတ်တော် CRPH နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မတရားသင်းအဖြစ် အစောကတည်းက ကြေညာထားပြီးဖြစ်ပေမယ့် ဒီချုပ်ပါတီကိုတော့… Read More »

အစိုးရအဖြစ် နိုင်ငံတကာ အသိအမှတ်ပြုရေးကိစ္စ(သိန်းထွန်းနိုင်)

အစိုးရအဖြစ် နိုင်ငံတကာ အသိအမှတ်ပြုရေးကိစ္စသိန်းထွန်းနိုင်အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ် ၅ မှာ ဖော်ပြမယ့်ဆောင်းပါး အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို ကုလသမဂ္ဂအပါ နိုင်ငံတကာက အသိအမှတ်ပြုလာဖို့ တချို့က မျှော်လင့်နေတယ်။ နိုင်ငံတကာက အသိအမှတ်ပြုတာနဲ့ ‘ပွဲသိမ်းပြီ’ လို့ မှန်းဆ တွက်ချက်နေကြတယ်။ ဘယ်လို ပွဲသိမ်းမှာလဲ။ အာဏာသိမ်းစစ်ကောင်စီကို ဘယ်သူက ဘယ်လိုဥပဒေ အကြောင်းပြချက်တွေနဲ့ ပလ္လင်ပေါ်ကဆွဲချမလဲ။ နိုင်ငံတကာအသိအမှတ်ပြုမှုက အရေးကြီးတာမှန်ပေမယ့် အသိအမှတ်ပြုခံရဖို့ လွယ်သလား။ နိုင်ငံကြီးတွေက နိုင်ငံတနိုင်ငံရဲ့အစိုးရအဖြစ် အသိအမှတ်ပြုဖို့ စဉ်းစားတဲ့အခါ အခိုင်အမာရှိနေတဲ့ မြေပြင်က ပကတိအခြေအနေအပြင် မိမိတို့အကျိုးစီးပွားကို အဓိကထားပြီးလည်း စဉ်းစားပါတယ်။ ပထဝီ နိုင်ငံရေး အကျိုးစီးပွား အပေါ် မူတည်တဲ့ ပြည်ပအစိုးရများရဲ့ တုံ့ပြန်မှု အမျိုးမျိုးနောက် လိုက်နေရင် မျက်စေ့လည် လမ်းမှား နိုင်ပါတယ်။ နိုင်ငံတကာ လူ့အဖွဲ့အစည်းတခုလုံးကို အုပ်စိုးသူ ပြည်သူ ခွဲခြားသုံးသပ်တဲ့ လူတန်းစားအမြင်နဲ့ ကြည့်ပါက ခေတ်ရဲ့ နယ်ချဲ့စနစ်လက္ခဏာ၊ အုပ်စိုးသူများရဲ့ ပြည်သူအပေါ် ဖိနှိပ်မှု၊( အမေရိကန် ဂျာမနီစတာတွေမှာ… Read More »

အဖိနှိပ်ခံပြည်သူနဲ့ စစ်ကောင်စီကြားက အောက်စီဂျင်တိုက်ပွဲ (ညိုစိန်ဝင်း)

အဖိနှိပ်ခံပြည်သူနဲ့ စစ်ကောင်စီကြားကအောက်စီဂျင်တိုက်ပွဲ ညိုစိန်ဝင်း ပြည်သူတွေ ကိုယ်ထူကိုယ်ထ ထူထောင်ထားတဲ့ အောက်စီဂျင်ဘူးတွေကို စစ်တပ်က လုယူတယ်။ ပြီးတော့ သူတို့ စစ်တပ်ထဲသယ်တယ်။ ပြည်သူတွေထူထောင်တဲ့ ကိုယ်ထူကိုယ်ထ အောက်စီဂျင်စက်ရုံတွေကို ပိတ်တယ်။ ပြည်သူတွေအတွက် အောက်စီဂျင်ဖြည့်တာတောင် မဖြည့်ရတော့ဘူးလို့ တားမြစ်တယ်။ကိုဗစ်ရောဂါလူနာ ကုသကယ်ဆယ်ရေးမှာ အောက်စီဂျင်ဟာ မရှိမဖြစ် အရင်းအမြစ်ပစ္စည်း ဖြစ်တယ်။အောက်စီဂျင်ပေးတာ ငါးမိနစ်နောက်ကျရုံနဲ့ လူ့အသက်သေစေနိုင်တယ်။ ပြည်သူတွေ ကိုယ့်အသက်ကို ကယ်တင်ဖို့ထူထောင်တဲ့ အောက်စီဂျင်ဘူးတွေကို စစ်ဓားပြတွေကသယ်ယူပြီး သူတို့ စစ်တပ်ထဲ သယ်တယ်ဆိုတာ တကယ်က ပြည်သူတွေကို သတ်နေတာပဲ။ ဆေးရုံတွေမှာ ဖျာကြမ်းတွေ ခင်းပေးထားတယ်။ ကြက်ဥတလုံးလောက်ပဲ ကျွေးတယ်။ တချို့လူနာတွေ အောက်စီဂျင်ကို ဆေးရုံအပြင်ဘက် ကိုယ့်ဘာသာ အဝတ်ကလေးခင်းပြီး အသက်ရှင်လေနိုး ရောဂါနဲ့သာမက ဒုက္ခနဲ့ နပန်းလုံး တိုက်ပွဲဝင်နေရတယ်။ ဒါတွေက တကယ်ဖြစ်နေတာ။ ဓာတ်ပုံအထောက်အထားတွေ လူထုထဲမှာ ပြန့်နေပြီ။ ဒီတော့ ဒါတွေကို သိတဲ့ လူထုက ဆေးရုံကို မသွားချင်တော့ဘူး။ သေရင် ကိုယ့်အိမ်မှာပဲ သေမယ်၊ ဆေးရုံသေတွင်းထဲ တကူးတက သွားပြီး… Read More »

“တပ်တည်ဆောက်ရေးမှာ စည်းကမ်းရဲ့ အရေးကြီးမှု”ငြိမ်းမောင်ဦး-

“တပ်တည်ဆောက်ရေးမှာ စည်းကမ်းရဲ့ အရေးကြီးမှု”ငြိမ်းမောင်ဦး—- လက်ရှိကာလမှာ ဗမာပြည်သူလူထုတရပ်လုံးရဲ့နိုင်ငံရေးလှုပ်ရှားမှုဟာ ဒီရေမြင့်ကာလကိုရောက်ရှိနေပါပြီ။ အဖိနှိပ်ခံ ပြည်သူလူထုဟာ မိမိတို့ရဲ့လက်တွေ့ဘဝအရ စစ်အာဏာရှင်စနစ်ရဲ့ကမ်းကုန်အောင်ရက်စက်တဲ့ ဖိနှိပ်သတ်ဖြတ်မှုကို ရရာလက်နက်စွဲကိုင်ပြီး တော်လှန်တဲ့ လမ်းကြောင်းကို မလွှဲသာမရှောင်သာရွေးခဲ့ကြရတယ်။ တပြည်လုံးအနှံ့အပြား ကျေးလက်ဒေသရော မြို့ပြတွေမှာပါ လက်နက်ကိုင်တပ်ဖွဲ့တွေ တည်ထောင်ဖွဲ့စည်းပြီး ပြန်လှန်ခုခံကြတဲ့ပြည်သူတွေရဲ့တိုက်ပွဲဟာ အနှစ်သာရအားဖြင့် တော်လှန်တဲ့ပြည်သူ့စစ်ပွဲပဲဖြစ်ပါတယ်။ ဒါဟာ…ဗမာပြည်တော်လှန်ရးရဲ့ကြီးမြတ်တဲ့ အလှည့်အပြောင်းလည်းဖြစ်ပါတယ် ။ ဖိနှိပ်မှုမှန်သမျှဒဏ် စုပြုံမခံတော့တဲ့ အောက်ခြေလူထုက အစချီကာ တပ်ဖွဲ့များကို စုဖွဲ့လှုပ်ရှားကြခြင်းဆိုတဲ့ အားသာချက်ရှိတာနဲ့ တချိန်တည်းမှာ ရန်/ငါ အင်အားအချိုးအစားကွာဟမှုကတော့ ကြီးပါတယ်။ ဒီလို အင်အားကြီးမားတဲ့ ရန်သူကိုအနိုင်တိုက်ဖို့အတွက် တော်လှန်ရေး တပ်ဖွဲ့တွေဟာ ကြံ့ခိုင်မှန်ကန်တဲ့နိုင်ငံရေးအတွေးအခေါ်ကို မြဲမြဲကိုင်စွဲပြီး အမိန့်စည်းကမ်းတွေလိုက်နာမှုကောင်းတဲ့ တပ်ဖြစ်အောင် လေ့ကျင့်တည်ဆောက်ရပါလိမ့်မယ်။ ချုပ်ပြောရရင် တပ်ကိုတော်လှန်ရေးတပ်ဖွဲ့ပီသအောင်တည်ဆောက် ရမယ်…။ တကယ်တော့ တပ်ရဲ့အမိန့်စည်းကမ်းတွေဆိုတာဟာ တော်လှန်ရေးရဲ့နိုင်ငံရေးရည်မှန်းချက်နဲ့ အတွေးအခေါ်ကိုအခြေခံပြီး ချမှတ်ထားတာဖြစ်လို့ … အမိန့်စည်းကမ်းလိုက်နာမှုဟာ တော်လှန်ရေးအောင်ပွဲအတွက် အာမခံချက်တချက်ပဲဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့တပ်မတော်မှာချမှတ်ကျင့်သုံးခဲ့တဲ့ (စည်းကမ်းကြီးသုံးးရပ်နဲ့ သတိပြုရန်ရှစ်ချက်)ကို လေးလေးနက်နက် လေ့လာ ဝေဖန်သုံးသတ်ကြည့်ရင် လက်ရှိတော်လှန်ရေးတပ်ဖွဲ့တည်ဆောက်ရေးပြဿနာအတွက် လမ်းညွှန်တချို့ ရနိုင်လိမ့်မယ်လို့… Read More »

ငါလိုလူ ဇမ္ဗူမှာရှိသေးလား။ လှကျော်ဇော

ငါလိုလူ ဇမ္ဗူမှာရှိသေးလား။ လှကျော်ဇော—– သီဟာသနပလ္လင်ရုပ်ထုကြီးရှေ့ သလွန်ညောင်စောင်းပေါ် မိန့်မိန့်ကြီးထိုင်ပြီး နိုင်ငံခြားဧည့်သည်တွေကို တွေ့ဆုံနေတဲ့ စစ်အာဏာသိမ်းခေါင်းဆောင် မအလရဲ့စိတ်ထဲမှာတော့ — ကဲ-ဘာတတ်နိုင်ကြသေးလဲ။ ငါ့လိုလူ ဇမ္ဗူမှာရှိသေးလား — လို့တွေးတောကျေနပ်ပြီး ပိတိတွေတဝေ‌ဝေနဲ့ သာယာနေဟန်ရှိပါတယ်။အဲဒီပုံတွေ့ရတော့ သတိရလိုက်မိတာ တခုရှိပါတယ်။ ဖေဖော်ဝါရီ(၁)ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးချိန် အဖမ်းမခံရခင် (၃-၄)ရက်နေရစဉ် ဒီချုပ်ဦးဝင်းထိန်(ဗိုလ်ကြီးဟောင်း)က သတင်းသမားတွေကိုပြောသွားတဲ့ စကားတွေထဲက နိမိတ်ပုံဆန်တဲ့ စကားတခွန်းပါ။သြော်-မင်းအောင်လှိုင် – သနားဖို့တော့ကောင်းတယ်ဗျာ — တဲ့။ စစ်အာဏာရှင်စနစ်ရဲ့ ခေါင်းကိုင်ဖခင်ကြီးဗိုလ်နေဝင်းရဲ့ ဘဝအတွေ့အကြုံ အတက်အကျတွေကို မြင်တွေ့ဖူးသူတိုင်း (ဦးဝင်းထိန်အပါအဝင်) ဒီအတိုင်းစဉ်းစားမိမှာပါ။ ၁၉၆၂ ခုနှစ်ကစလို့ စစ်အာဏာရှင်စနစ်ကို ထူထောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းဟာ တော်လှန်ရေးကောင်စီနဲ့ မဆလခေတ်တလျှောက်(၁၉၆၂-၁၉၈၈) လက်နက်အားကိုး ဗိုလ်ကျစိုးမိုးတဲ့ ကြောက်စရာလူသတ်သမား စေတလုံးပိုင်ရှင် ဖြစ်ခဲ့တာပါ။ ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာစွန့်ပြီး သမ္မတကြီးဦးနေဝင်းကို အာဏာအပ်တော့လည်း တနိုင်ငံလုံးပြားပြားဝပ်စင်း လက်ခံခဲ့ကြရတာပါ။ ဒါပေမဲ့ ဦးနေဝင်းရဲ့နေဝင်ချိန်မှာ ဘာတွေဖြစ်ခဲ့လဲ။ တွေ့ကြရပြီပဲ။ ဗိုလ်နေဝင်းတယောက် ဗမာပြည်သူတရပ်လုံးရဲ့ မုန်းတီးရွံရှာမှုနဲ့ သမိုင်းအမှိုက်ပုံတွင်း ရုပ်ပျက်ဆင်းပျက် စွန့်ပစ်ခြင်းခံသွားရပါတယ်။ အခုလည်းလာပြန်ပြီတယောက်။… Read More »

အဓိကနဲ့ လက်အောက်ခံ ပြဿနာ (ဝင်းအောင်)

အဓိကနဲ့ လက်အောက်ခံ ပြဿနာ ဝင်းအောင် တော်လှန်ရေး အင်အားစုများအနေနဲ့ ရန်သူ့ အစိတ်အပိုင်းများ မိမိတို့ အဝန်းအဝိုင်းအတွင်းသို့ မရောက်ရှိအောင် သတိထားကာကွယ်ခြင်း၊ ရောက်ရှိနေလျှင် သတိရှိရှိ စနစ်ရှိရှိ အရေးယူဖယ်ရှားခြင်းလုပ်ငန်းကို သာမန်ကာလ လတ်တလောတောင်းဆိုချက်များ အတွက်ဆင်နွှဲတဲ့ တိုက်ပွဲများအတွင်းမှာဖြစ်စေ၊ အရေးတော်ပုံကာလ (စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ဖျက်သိမ်းရေး ကဲ့သို့သော) နိုင်ငံရေး ကြွေးကြော်သံများအတွက်ဆင်နွှဲတဲ့ လူလုတိုက်ပွဲကြီးတွင်းမှာဖြစ်စေ လုပ်ကြရပါတယ်။ ဘယ်အခြေအနေမှာ ဖြစ်ပါစေ၊ ဒီအလုပ်ဟာ မိမိတို့ တိုက်ပွဲကို မှန်ကန်တဲ့ ဦးတည်ချက်လမ်းကြောင်း ပေါ် ရောက်ရှိအောင် ထိန်းသိမ်ထားနိုင်အောင် ကြိုးပမ်းမှု၊ လူထုလက္ခဏာဆောင်နေအောင် ကြိုးပမ်းမှု ရဲ့ လက်အောက်ခံအလုပ်ဖြစ်ပါတယ်။ သာမန်ကာလ အလုပ်သမားသပိတ်များမှာ အလုပ်ရှင်ရဲ့ (ဖြစ်နိုင်ဖွယ်ရာ) “ဒလန်” ကို သတိထား ရှောင်ကြဉ် လုပ်ကိုင်ရပါတယ်။ “သတိထား” တဲ့အထဲမှာ အလုပ်သမားချင်းသွေးမကွဲစေဖို့၊ မှားယွင်းစွာ အကဲဖြတ်တာမဖြစ်စေဖို့ ပါဝင်ပါတယ်။ “ဒလန်” ကို သတိထား လုပ်ကိုင်တာဖြစ်စေ၊ ခေတ္တယာယီ ထိန်းသိမ်းတာဖြစ်စေ မှန်ကန်စွာဆောင်ရွက်နိုင်ဖို့က တိုက်ပွဲခေါင်းဆောင်မှု အရည်အသွေး၊ တိုက်ပွဲဝင်သူများ၊ ဝန်းရံသူများရဲ့သွေးစည်းမှုအတိုင်းအတာ… Read More »

နိုင်ငံတကာ မာ့က်စ်ဝါဒီတွေပြောတဲ့ ပြောက်ကျားစစ်(တတိယပိုင်း)

နိုင်ငံတကာ မာ့က်စ်ဝါဒီတွေပြောတဲ့ ပြောက်ကျားစစ်(တတိယပိုင်း)ထွန်းဇင်အောင် ပြောက်ကျားတိုက်သူတွေကို လျှို့ဝှက် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊ ပုန်ကန်ထကြွသူတွေနဲ့ လွတ်မြောက်ရေး တိုက်ပွဲဝင်သူတွေလို့လည်း ခေါ်ကြပါတယ်။ ပြောက်ကျားသမိုင်း (အကျဉ်း)ပြောက်ကျားစစ်ကိုရည်ညွှန်းတဲ့ အင်္ဂလိပ်ဝေါဟာရ guerrilla warfare က ကျူးကျော်သူ နပိုလီယံရဲ့တပ်တွေကို စပိန်ပြောက်ကျားတွေ အနိုင်ယူချေမှုန်းလိုက်တဲ့ ‘ကျွန်းဆွယ်စစ်ပွဲ’ (၁၈၀၈-၁၈၁၄) ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ စပိန်ဘာသာစကားမှာ guerra ဆိုတာ “စစ်” လို့ အဓိပ္ပါယ်ရပါတယ်။ စပိန်လူမျိုးတွေရဲ့ နည်းပရိယာယ်တွေက အင်မတန် ထိရောက်အောင်မြင်လို့ နာမည်တွင်ကျန်ရစ်တာ ဖြစ်တယ်။ သမားရိုးကျစစ်ပွဲတွေ ရှိလာကတည်းက ပြောက်ကျားစစ်ပုံစံကိုလည်း အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ မှတ်တမ်းမှတ်ရာရှိတဲ့ပြောက်ကျားစစ်တွေထဲမှာ အစောဆုံးတိုက်ပွဲတွေက ဘီစီ ၅၀၀ မှာ ပါရှားဘုရင် ဒါးရီးယပ်စ်ကို ဆန့်ကျင်တဲ့တိုက်ပွဲ၊ ဘီစီ ၃၅၀ ခန့်မှာ မဟာအလက်ဇန္ဒားကိုဆန့်ကျင်တဲ့တိုက်ပွဲ၊ ဘီစီ ၂၁၈ မှာ ဟန်နီဘားကိုဆန့်ကျင်တဲ့တိုက်ပွဲနဲ့ နောက်ပိုင်းမှာ ရောမတိုင်းကို စပိန်ပြောက်ကျားတွေ ဆန့်ကျင်တိုက်ခိုက်တဲ့တိုက်ပွဲတွေပဲ ဖြစ်တယ်။ စပိန်ပြောက်ကျားတွေက ရောမတိုင်းသားတွေကို နှစ်ပေါင်း ၂၀၀ ကျော် ပုန်ကန်တိုက်ခိုက်ခဲ့ကြတာပါ။ ပြောက်ကျားနည်းပရိယာယ်တွေကို… Read More »