Category Archives: ပါတီစိန္ရတု

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ဆိုရင်စစ်သုံးစစ်ကို လုံးဝချေမှုန်းပစ်ရမယ်။ (ကိုတူး)

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ဆိုရင်စစ်သုံးစစ်ကို လုံးဝချေမှုန်းပစ်ရမယ်။ ကိုတူး မူရာမာယာတွေကြွယ်လွန်းတယ် ပြောရမလား။ ကြောက်ကန်ကန်တယ် ပြောရမလား။ ၂၁ ရက်နေ့ ညနေပိုင်းမှာ အာဆီယံအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သေချာပေါက်သွားရောက်မယ်လို့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြောင်း Nikkei Asia ဂျပန်သတင်းဌာနက ဖော်ပြပါလာတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လူကိုယ်တိုင်တက်မှာဖြစ်ကြောင်း ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ အာဆီယံဟာ နိုင်ငံတကာမျက်နှာစာမှာ စစ်အုပ်စုအတွက် (ရှားရှားပါးပါး လူရာသွင်းဆက်ဆံပြီး) ကိုယ်တိုင်ပါဝင်ခွင့်ရတဲ့ ဒေသတွင်း နိုင်ငံစုံအဖွဲ့အစည်းဖြစ်လို့ ခေါင်းရှောင်ဖို့လည်း ခက်မှာပါ။ ကိုဗစ်ကပ်သင့်ကာလမှာ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးအဖြစ် တမင်ကျင်းပပြီး ဗမာ့အရေးကို အဓိကဆွေးနွေးချင်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်မင်းအောင်လှိုင်ကို တက်စေချင်တာပါ။ လူကိုယ်တိုင်မတက်တော့ဘူးဆိုပြီး သည့်အရင်က မင်းအောင်လှိုင် နောက်ပြန်ဆုတ်သွားတာကတော့ လိပ်ပြာမလုံတာပါ။ ကုလအထွေထွေအတွင်းရေးမှူးချုပ် အသစ် အဟောင်း၊ အမေရိကန်၊ အီးယူ၊ ဂျပန် စတဲ့ နိုင်ငံကြီးများကလည်း (တဖက်မှာ ဒဏ်ခတ်အရေးယူမှုတွေ လုပ်ရင်း) အာဆီယံကြားဝင်တာကို လိုလားထောက်ခံမှု ဖော်ပြနေပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံကြားဝင်မှုကို လိုလားအားပေးကြောင်း ပြောပါတယ်။ CRPH… Read More »

ကယ်တင်ရှင်လည်း မမျှော်နဲ့ ဘုံရန်သူလည်း မပျောက်နဲ့ (ညီဌေးကျော်)

ကယ်တင်ရှင်လည်း မမျှော်နဲ့ ဘုံရန်သူလည်း မပျောက်နဲ့ညီဌေးကျော် ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြင်ဖို့ခက်တဲ့ ဖွဲ့စည်းပုံဖြစ်တယ်လို့ နိုင်ငံရေးသုခမိန်များ ပညာရှင်ဆိုသူများက (ခေတ်စကားနဲ့ပြောရရင်) ဂျင်းထည့်လိုက်တာကို ဒေါ်စုဟာ(rule of Law)အရ ရိုကျိုးလိုက်နာခဲ့သော်လည်း၊ ပြင်ချင်လည်း ရတယ်၊ ဖျက်ချင်လည်း ရတယ်၊ ဘာရေးထားထား လုပ်ချင်သလိုလုပ်လို့ရကြောင်း ဗိုလ်မင်းအောင်လှိုင်က အာဏာသိမ်းပြီး ပြသလိုက်ပါတယ်။ မဲမသမာမှုကြောင့် အာဏာသိမ်းရတာပါလို့ ဗိုလ်မင်းအောင်လှိုင်က လူရယ်စရာစကားနဲ့ ဆင်ခြေပေးပေမယ့် တကယ့်အကြောင်းရင်းက စစ်သူကြီးမင်းဆက် နန်းဆက်မပြတ်ဖို့နဲ့ သက်ဦးဆံပိုင်အာဏာဓား ထက်သထက် ထက်စေဖို့ပဲ ဖြစ်ပါတယ်။ အနှစ်နှစ်အလလ မျိုသိပ်ထားရတဲ့ လူထုကြီးက ရက်ရှည်လများ လမ်းပေါ်ထွက် အုံကြွဆန့်ကျင် လာတဲ့အခါ၊ ထင်သလိုဖြစ်မလာတဲ့ စစ်အုပ်စုဟာ ကြေးစားတပ်အားကိုးနဲ့ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်တော့တာပါပဲ။ လူထုကြီးတရပ်လုံး သွေးမြေကျခံတိုက်နေရတဲ့ သဏ္ဌာန်စုံ မြို့ပေါ်လူထုတိုက်ပွဲများဟာ ကျေးလက်ခုခံတွန်းလှန်မှုများနဲ့ပေါင်းစပ်ပြီး နွေဦးတော်လှန်ရေး စစ်အာဏာရှင်အမြစ်ဖြုတ်ရေး လက်နက်ကိုင်တိုက်ပွဲအထိ ဦးတည်နေတဲ့အခြေအနေတွေကို တွေ့မြင်လာရပါတယ်။ ဒီလက်နက်ကိုင်တိုက်ပွဲဟာ ရန်သူစစ်အုပ်စုက အကြမ်းဖက်ဖိနှိပ် တွန်းပို့လိုက်လို့ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တိုက်ပွဲပါ။ ခုခံရေးနဲ့အစပြုသော်လည်း ရန်သူကိုချေမှုန်းရေးနဲ့ အနိုင်တိုက်မှရမယ့် တော်လှန်စစ်လည်း ဖြစ်ပါတယ်။… Read More »

ဗမာပြည်သမိုင်းထဲက ပြည်တွင်းစစ် (မောင်သန်းမြရွှေ)

ဗမာပြည် လွတ်လပ်ရေးရပြီး ၃ လတောင်မပြည့်သေးခင် ၁၉၄၈ မတ်လ ၂၈ ညမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်ရုံးကိုစီးနင်း တပြည်လုံးရှိ ပါတီခေါင်းဆောင်များကို ဖမ်းဆီးရာမှ ပြည်တွင်းစစ်စတင်တယ်။ လွတ်လပ်ရေးနဲ့အတူ ၁၉၄၇ ဖွဲ့စည်းပုံအောက်မှာ တရားဝင်ရပ်တည်နေတဲ့ ဗမာပြည်ကွန်မြူနစ် ပါတီကို အာဏာရ ဖဆပလပါတီအတွင်းမှ ဆိုရှယ်လစ်ပါတီအုပ်စုဖြစ်တဲ့ ဖဆဆိုရှယ် များက အလစ် အငိုက်ယူ အကြမ်းဖက်ဖမ်းဆီးကာ ဒီမိုကရေစီအခွင့်အရေးကို ပိတ်ပင်လာ တယ်။ ပြည်သူ့ရဲဘော်နဲ့ တော်လှန်တဲ့ဗမာ့တပ်မတော် အင်အားစုများက ဗကပအပေါ် တဖက်သတ်ဖိနှိပ်မှုကို ဆန့်ကျင်ကာ ပြည်တွင်းစစ်ရပ်စဲရေး လက်ဝဲညီညွတ်ရေး (လွတ်လပ်ရေးအတွက် တိုက်ခဲ့သူချင်း) ကြိုပမ်းမှုရှိခဲ့ပေမယ့် အရာမထင်ခဲ့။ ဗမာပြည်ကွန်မြူနစ်ပါတီဟာ မလွှဲမရှောင်သာ လက်နက်ကိုင်ခုခံစစ်ကို တိုက်ရတယ်။ မနှေးမနှောင်း ဖြစ်ရပ်များကို ဆက်စပ်ကြည့်ရင် ဘာ့ကြောင့် ပြည်တွင်းစစ်ဖြစ်ရသလဲဆိုတာ ပေါ်လွင်ပါတယ်။ – ပြည်သူ့ရဲဘော်အတွင်းမှ ရဲဘော်(ဖြူ) တောခိုတယ်။- စစ်တပ်တွင်းမှ တော်လှန်သောဗမာ့တပ်မတော် (ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျခေါင်းဆောင်ကာ) တောခိုတယ်။- ကရင် မွန် ပအိုဝ့် ကရင်နီ တို့ လက်နက်ကိုင်တိုက်လာတယ်။ ဒီလိုနဲ့ ပြည်တွင်းစစ်… Read More »

၂၀၂၁ ဖေဖော်ဝါရီ ပြည်သူ့အရေးတော်ပုံကြီး အောင်ပွဲခံနိုင်ပါစေ။ (ညိုစိန်ဝင်း)

၂၀၂၁ ဖေဖော်ဝါရီ ပြည်သူ့အရေးတော်ပုံကြီး အောင်ပွဲခံနိုင်ပါစေ။ညိုစိန်ဝင်း အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၅) မှာ ဖော်ပြမယ့်ဆောင်းပါး ၂၀၂၁ ဖေဖော်ဝါရီ ပြည်သူ့အရေးတော်ပုံကြီးသည် ဗိုလ်မင်းအောင်လှိုင်စစ်အုပ်စု၏ စစ်အာဏာသိမ်းမှု စတင်သည်နှင့် မကြာမီအချိန်အတောအတွင်း ဆရာဝန်များက အလုပ်မတက်ဘဲ အာဏာဖီဆန်မှုဖြင့် သပိတ်မှောက်ခြင်း၊ ဗမာပြည်တဝန်း ပြည်သူအသီးသီးက မိမိတို့အိမ်တွင်းမှနေ၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း သံပုံးတီး၍ ဆန့်ကျင်သပိတ်မှောက်ခြင်းတို့ဖြင့် စတင်လိုက်ပေသည်။ သည့်နောက်များမကြာမီပင် ရန်ကုန်မြို့တွင် အလုပ်သမား၊ ကျောင်းသားလူငယ်၊ တိုင်းရင်းသားလူငယ်တို့က လမ်းပေါ်ထွက်ဆန္ဒပြမှု စတင်ဖောက်ခွဲလိုက်သည်နှင့် လူထုသပိတ်သည် တောမီးပမာ တပြည်လုံးသို့ အလျင်အမြန် ပျံ့နှံ့သွားကာ တပြည်လုံးလက္ခဏာဆောင်သော သပိတ်ကြီးအဖြစ် ကြီးထွားလာခဲ့တော့သည်။ ဤသို့နှင့် အာဏာသိမ်းစစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ကို တခဲနက်ဆန့်ကျင်သော ဗမာပြည် ပြည်သူလူထုကြီး၏ တိုက်ပွဲဝင်လှုပ်ရှားမှုသည် နိုင်ငံတကာမှ မျက်ခြည်မပြတ် စောင့်ကြည့်လာရသော ပြည်သူ့အရေးတော်ပုံကြီးတရပ်အဖြစ် ပေါ်ထွန်းလာခဲ့ရပေသည်။ ဤအရေးတော်ပုံကြီးသည် ဗမာပြည် လူတန်းစားလူ့အလွှာအသီးသီး၏ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးစိတ်ဓာတ်ကို အထင်အရှား ဖော်ပြလိုက်ခြင်းဖြစ်သည်။ စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုကို ကာလရှည်ကြာစွာခံစားလာရသော အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ မြို့နေဆင်းရဲသား၊ ဌာနအသီးသီးဝန်ထမ်းများ၊… Read More »

အဓိကရန်သူကို ဦးတည်တိုက်ရင်းမှောင်ထဲက သူ့စစ်သည်တော်တွေကိုလည်း မျက်ခြည်မပြတ်ကြနဲ့ (နီအောင်ဝေ)

အဓိကရန်သူကို ဦးတည်တိုက်ရင်း အမှောင်ထဲက သူ့စစ်သည်တော်တွေကိုလည်း မျက်ခြည်မပြတ်ကြနဲ့ နီအောင်ဝေ လူထုပန်းလာတဲ့အချိန် ရန်သူကစောင့်လိမ့်မယ်။ အချိန်ကိုက် အကြမ်းဖက်ဖြိုခွဲလိမ့်မယ်ဆိုတာကို တိုက်ပွဲအစကတည်းက သတိပေးသူတွေရှိတယ်။ တက်ကြွလွန်နေရင် ရေရှည်တိုက်ပွဲ၊ ရက်ရှည်တိုက်ပွဲတိုက်ကြရမှာကို သတိမထားမိတတ်ဘူး။ နေ့ချင်းညချင်း အောင်ပွဲရမလိုလို အထင်ရှိတတ်ကြတယ်။ မအိပ်မစား တိုက်ရတဲ့အခါမျိုးရှိတတ်ပေမယ့် အအိပ်အစားမှန်ဖို့လည်း လိုပါတယ်။ မကျန်းမာရင် အားမရှိရင် ဘယ်လိုတိုက်ကြမလဲ။ ပြည်သူတွေက အတွေ့အကြုံအရ ထိပ်တိုက်မတွေ့အောင် ရှောင်တတ်လာတာဟာ အင်မတန်အားရစရာကောင်းတယ်။ မရှောင်တဲ့နေရာတွေမှာ မရှောင်နိုင်တဲ့အခါ သွေးထွက်သံယိုဖြစ်တာတွေလည်း တွေ့ကြရတယ်။ လက်နက်ကိုင်တိုက်နေတဲ့ သူတွေမှာတောင် ရန်သူနဲ့တွေ့တိုင်း တိုက်နေတာမဟုတ်ပါဘူး။ ရှောင်ပေးလိုက်တာမျိုးရှိတယ်။ တိုက်ဖို့လိုတဲ့ပွဲကိုပဲ တိုက်တယ်။ စစ်တပ်က သူတို့တရားဝင် အကြမ်းဖက်နိုင်မယ့် အခြေအနေ၊ အခင်းအကျင်းကို လိုချင်တယ်။ ထောင်ခါပြီး လူမိုက်တွေကို ဆေးတိုက်လွှတ်တယ်။ အရက်ကိုးမောင်းတိုက်ပြီး လွှတ်တယ် စသဖြင့် အစုံလုပ်မှာပဲ။ နေ့ခင်းဘက် လူထုတိုက်ပွဲတွေမှာလည်း လူအုပ်ထဲမှာ သူတို့လူတွေ ရောမြုပ်ပြီး အကြမ်းဖက်တာ၊ လုယက်တာတွေ ၊ ရေဘူးထဲ အဆိပ်ထည့်ဝေတာတွေ၊ ရောဂါဖြန့်တာတွေ စသဖြင့် ဖြစ်အောင် လုပ်မှာပဲ။ လူထုဒေါသကို… Read More »

ငုံ့ခံရေးအတွေးအခေါ်ကို ဆန့်ကျင်ကြ(မောင်သန်းမြရွှေ)

ငုံ့ခံရေးအတွေးအခေါ်ကို ဆန့်ကျင်ကြ (မောင်သန်းမြရွှေ) ဗမာပြည်နိုင်ငံရေး အချိုးအကွေ့တရပ်ကို ရောက်နေပြီ။ လူထုမဲနဲ့ ရွေးကောက်ခံသမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အစိုးရအဖွဲ့နဲ့ ဒီချုပ်ခေါင်းဆောင်အချို့ကို မင်းအောင်လှိုင်စစ်တပ်က အလွယ်တကူ အာဏာသိမ်းပြီး ကြက်ကလေး ငှက်ကလေးလို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က အသိအမှတ်မပြု၊ လွှတ်တော်ခေါ်ခွင့်မပေးလို့ ဒီချုပ်အမတ်များ နေပြည်တော်စည်ပင် ဧည့်ရိပ်သာမှာ အချုပ်ကျခဲ့ရပါတယ်။ ဒါလောက် ဖြစ်ပျက်နေတာကို – လာဖမ်းမှာကို အိမ်ကစောင့်နေတယ်၊ လမ်းပေါ်မထွက်ကြနဲ့၊ ထိန်းထိန်းသိမ်းသိမ်းနေကြပါ၊ ထောင်ချောက်ထဲမဝင်ကြပါနဲ့၊ ကျန်းမာစွာရှိပါတယ်၊ ထိန်းထားစဉ်ကကာလ ကောင်းကောင်းမွန်မွန်ကျွေးလို့ ကျေးဇူးတင်ပါတယ်၊ သွေးမြေမကျ အကြမ်းမဖက်တော်လှန်ရေးတဲ့။ ဘယ်လိုနားလည်ရမှာပါလဲ။ အာဏာသိမ်း ၃ ရက်မြောက်နေ့မှာမှ (၃ ဖေဖော်ဝါရီ ၂၀၂၁) ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်များက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အနေနဲ့ ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာချက်ထွက်ပါတယ်။ မည်သို့ပင်ဖြစ်စေ ဒီကြေညာချက်ကို ကြိုဆိုပါတယ်။ တိုးချဲ့စေချင်ပါတယ်။ယခုလုပ်နေတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience ကိုလည်း အားပေးပါတယ်။ ဒါလောက်နဲ့ ရပ်မနေဖို့၊ အာဏာယန္တရားကို ကာယကံမြောက်ထိခိုက်စေတဲ့ လှုပ်ရှားမှုများ အနှံ့အပြား ဖြစ်လာစေဖို့နဲ့ နိုင်ငံရေးသပိတ် လူထုတိုက်ပွဲသို့… Read More »

တဆင့်တိုး တိုက်ပွဲဝင်ကြ (ရဲဘော်ဖိုးသံချောင်း)

တဆင့်တိုး တိုက်ပွဲဝင်ကြ (ရဲဘော်ဖိုးသံချောင်း) ဘယ်အခါကနဲ့မှမတူအောင် ဗမာပြည်သားတွေ ဆင်းရဲကြပ်တည်း၊ ကိုဗစ် ဖိစီးဒဏ်ခံနေရချိန်မှာ ကိုယ်ကျိုးကလွဲပြီးဘာကိုမှ မထောက်ထားတဲ့စစ်အုပ်စု ထိပ်သီး တွေက ဗမာပြည်ရဲ့ စတုတ္ထအကြိမြောက်အာဏာသိမ်းပွဲ ကို နေရာအရပ်ရပ်မှာ သံချပ်ကားတွေ၊ စစ်ရဟတ်ယာဉ်တွေ ဥဒဟို ပြေးလွှား၊ စစ်သားတွေဖြန့်ကြက် အင်အားပြနဲ့ လူထုကို ခြောက်ခြားအောင်လုပ်ပြီး စံကျတဲ့ အာဏာသိမ်းပွဲတရပ်ဖော်ထုတ် လိုက်ပါတယ်။ တကယ်တော့ဒီအကြိမ် အာဏာသိမ်းပွဲဟာအခုမှရုတ်တရက်ဗြုန်းစား ပေါ်လာတာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲမတိုင်မီကတည်းက အာဏာသိမ်းလိမ့်မယ်လို့ သတင်းတွေ ထွက်နေတာ အကျယ်ကြီး၊ အကြာကြီးပါ။ ဒါဟာ အာဏာသိမ်းမယ့်လူတွေက ခြိမ်းခြောက် တဲ့အနေနဲ့ တမင်သတင်းဖြန့်နေတာဖြစ်နိုင်သလို တာဝန်ရှိသူတွေ-အစိုးရဆိုသူတွေက တမင်မသိကျိုးနွံပြုနေတာလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ပစေအခုတော့ ကိုဗစ်-၁၉ ရောဂါကခြောက်လှန့်၊ အငတ်ဘေးကဖိစီးနဲ့ ပြည်သူတွေ စစ်ဘီလူးကသူရဲစီးတာခံကြရ ပြန်ပြီ။ စစ်တပ်ဟာသူတို့လိုချင်တာကို လက်နက်နဲ့ပဲ အရယူတယ်ဆိုတဲ့ ဓားပြဓလေ့ မြင်တွေ့ကြရပြန်တာဖြစ်ပါတယ်။ ဒီကနေဆက်စဉ်းစားစရာဖြစ်လာတာတွေက- ၂ဝဝ၈ဖွဲ့စည်းပုံဥပဒေရှိနေသမျှတော့ စစ် အုပ်စုကလုပ်ချင်တာလုပ်နေမှာပဲ၊ ၂ဝဝ၈ဖွဲ့စည်းပုံကိုလွှတ်တော်အတွင်းကနေပြင်ဆင်မယ် ဆိုတာ ဖြစ်နိုင်ပါ့မလား၊ ဗိုလ်မင်းအောင်လှိုင်ရဲ့ တရက်တမျိုးပြောတဲ့စကားတွေကို အတည် သဘောထားယုံနေလို့ဖြစ်ပါ့မလား၊ သူတို့ပြောတဲ့ နောက်တနှစ်နေရင် သူတို့က လုပ်ပေး… Read More »