Category Archives: ပါတီစိန္ရတု

၂၀၂၀ ရွေးကောက်ပွဲအပေါ်ကြည့်မြင်ခြင်း (A.ငြိမ်း)

၂၀၂၀ ရွေးကောက်ပွဲအပေါ်ကြည့်မြင်ခြင်း (A.ငြိမ်း) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) ရဲ့ ဖောင်ပိတ်ဆောင်းပါး (၁) ဒီနေ့ပုံပေါ်လာတဲ့အပေါ် စဉ်းစားစရာအချက်များ – ရွေးကောက်ပွဲရလဒ်က အများခန့်မှန်းထားသလို အဖြေထွက်မလာခဲ့ဘူး။ ဒီချုပ် တာဝန်ရှိသူတွေပင် ဒီလိုမှန်းမထားခဲ့ပါဘူးလို့ ပွင့်ထွက်လာတယ်။ ရလဒ်က သိပ်ကြီးနေလို့ ဖြစ်တယ်။ ဘာ့ကြောင့်ပါလဲ။ ကိုဗစ်နဲ့စစ်အုပ်စု (ကြံ့ဖွံ့၊ မဘသ နဲ့ အခြံအရံပါတီများအပါ) က အဆုံးအဖြတ်ပေးသွားတာ ဖြစ်တယ်။ ကိုဗစ်ကာလ တတိုင်းပြည်လုံး ကူကယ်ရာမဲ့ဖြစ်နေချိန် အတိုင်ပင်ခံပုဂ္ဂိုလ်က အစိုးရရဲ့ အခွင့်အာဏာကို အသုံးချတတ်တဲ့အတွက် လူထုရဲ့အားကိုးမှုနဲ့ ပုံအပ်မှုကို အရယူသွားနိုင်ခဲ့တယ်။ ဒီအချိန်မှာ သူတယောက်သာ ပြောနိုင်ဆိုနိုင် စည်းရုံးနိုင်တာဖြစ်တယ်။ သူက အကူအညီတွေ ဖောဖောသီသီ ပေးနေချိန် ကျန်ပါတီတွေက သာရေးနာရေး ကူညီသလောက်ပဲ ထည့်ဝင်နိုင်ခဲ့ကြတယ်။ သူက တတိုင်းပြည်လုံးကို ဝါဒဖြန့်ချိရေးစကားတွေ စည်းရုံးရေးစကားတွေ နားလျှံကျသည်အထိ အထပ်ထပ်အခါခါ စိတ်ကြိုက်ပြောနိုင်ပေမယ့် ကျန်ပါတီတွေက နာရီဝက်လောက်ပဲ အာမနှံ့လျှာမနှံ့ ပြောခွင့်ရခဲ့တယ်။ မီဒီယာတွေနဲ့ လေလှိုင်းကဗျူးတာ၊ ကြေညာချက်ထုတ်နိုင်တာကလည်း လက်တဆုပ်စာပါတီတချို့ပဲ တတ်နိုင်တယ်။ ဒါကလည်း… Read More »

ပါတီဝင်တယောက်ရဲ့ စိတ်ဓာတ်။ (ပါတီစိန်ရတု – အမှတ်တရ)

      ဖေဖေဟာ ၁၉၄၄ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တာဝန်ပေးချက်အရ သခင်စိုးကို ဒေးဒရဲအနီးက ဂွကလေးရွာမှာ သွားခေါ်ရပါတယ်။ သခင်စိုးက ဖေဖေနဲ့  သူ့ ရဲဘော်တစုကို ဆီးပြီးနိုင်ငံရေးသင်တန်းတွေ ပေးခဲ့ပါတယ်။ သင်တန်းအပြီးမှာ ဖေဖေတို့ တတွေကို သခင်စိုးက ဗမာပြည်ကွန်မြူနစ်ပါတီဝင်များအဖြစ် သိမ်းသွင်းခဲ့ပါတယ်။       ဂျပန်တော်လှန်ရေးအပြီး ၁၉၄၅ – ဇူလိုင်မှာ ကျင်းပခဲ့တဲ့ – ပါတီရဲ့ ဒုတိယကွန်ဂရက်မှာ ဖေဖေ ဗဟိုကော်မတီဝင်အဖြစ် အရွေးချယ်ခံရပါတယ်။        ဖေဖေဟာ အဲသလို ပါတီရဲ့ ခေါင်းဆောင်တယောက်အဖြစ် အရွေးချယ်သာ ခံခဲ့ရတာ၊ ပါတီကလာပ်စည်း ဖြတ်သန်းမှု၊ ပါတီဝင်ဘ၀ဖြတ်သန်းမှု စတာတွေ စနစ်တကျ မရှိခဲ့ပါဘူး။ ပါတီရဲ့ စည်းရုံးရေးစည်းကမ်းတို့ ဘာတို့ဆိုတာလည်း သိပ်သတိထားမိဟန် မရှိပါဘူး။ အဲဒီအချိန်တုန်းက ပါတီကလည်း အလွန်နုနယ်သေးတဲ့ ကာလဖြစ်လို့ နောက်ပြီး ဖက်ဆစ်ဂျပန်တော်လှန်ရေးနဲ့ ကိုလိုနီဘဝလွတ်မြောက်ရေး ယူဂျီကာလ ဖြတ်သန်းခဲ့ရတာဖြစ်လို့ စနစ်တကျနဲ့ စည်းကမ်းတကျဖြစ်မှုတွေကလည်း အားနည်းနေဟန် ရှိပါတယ်။ အဲဒီကာလ သခင်စိုးရဲ့ ဂိုဏ်းဂဏ… Read More »

ပဲခူးရိုးမမှ ဓာတ်ပုံများ

တတိယအကြိမ်ကွန်ဂရက် (၁၉၈၅) မှတ်တမ်းဓာတ်ပုံများ

ဗမာပြည်ကွန်မြူနစ်ပါတီမှ သခင်စိုးတို့လူစု ထွက်ကြခြင်း

ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးကို ဗမာလူထု အသက်သွေးဖြင့် ရေးခဲ့ပြီ

ဓနရှင်များဘို့ ၄၆ ခုနှစ်သစ်ကူးလက်ဆောင်