Category Archives: ပါတီစိန်ရတု

ကမ္ဘာတည်သရွေ့ တည်ပါစေ

( ၁ ) *   ဥက္ကဋ္ဌကြီး သခင်ဇင် အသင်ဟာ – ငါတို့ရဲ့ ကြီးမြတ်တဲ့ ဥက္ကဋ္ဌကြီးပါ။   *  အတွင်းရေးမှူးကြီး သခင်ချစ်  ဗော်ရှီဗစ် ပီသ ဂုဏ်ပြောင်လှတဲ့ ငါတို့ရဲ့ ခေါင်းဆောင်ကြီးပါ။   *  ဥက္ကဋ္ဌကြီးတို့ တွေဟာ အာဇာနည်ပီပီ ဘာမထီစိတ်ဓာတ် အပြတ်သားဆုံး စိုက်ထူ ရန်သူနဲ့ တိုက်ခိုက်ရင်း သွေးချင်းချင်းနီ သေသည်အထိ သတ္တိအားမာန်  အောင်လံမစွန့် မတွန့်မဖောက်  မရွံ့ကြောက်ခဲ့ “ ဒူးထောက်တယ် ဆိုတာ ကွန်မြူနစ်တို့ အဘိဓမ္မာမှာ ဘယ်ခါမှ မရှိဘူးဟေ့ – ”  လို့ လက်တွေ့နဲ့ ပြသသွားခဲ့ကြတယ်။   ( ၂ ) *  ဥက္ကဋ္ဌကြီးတို့တွေဟာ သူရဲကောင်းပီသစွာ ကျဆုံးသွားခဲ့ရပါပြီ။   * ဒါပေမဲ့ ဗမာပြည်ရဲ့ သမိုင်းမှာ ဘယ်အခါမှ မသေဆုံး အဝင်းပဆုံး ဆက်ရှင်သန် အဖန်ဖန် ထွန်းပြောင်နေမှာ သေချာတယ်။   * … Read More »

ရိုးမ ချစ်သူ

               ( ၁ )     “ ကြေကွဲမှုအား         အင်အားအဖြစ်         ပြောင်းလဲ ပစ်ကြ” ထားရစ် တရား မမေ့ငြားလည်း တားဆီးမရ  မျက်ရည်စနဲ့ ရိုးမ တောင်ညို  ရိုးမ ငိုပြီ။   *   မြရာတောလည်း ရှိုက်မော ပင့်သက်  မျက်ရည်စက်နဲ့  ပွေ့ဖက်နမ်းရှုံ့ ခေါင်းကို ငုံ့ကာ  ဦးညွှတ်ရှာပြီ။   *   ရိုးမရပ်ဖွား   ရိုးမသားကို ရိုးမကြိုရှာ  ကြေကွဲစွာဖြင့်။   *  သခင်သန်းထွန်း – တဲ့ မော်ကွန်းအစဉ်  ကမ္ပည်းတင်ရစ် ရိုးမချစ်သူ လူထုခေါင်းဆောင် အာဇာနည်။   ( ၂ ) *   ကျောက်တိုင်ထူစိုက် ပန်းခြံစိုက်ပြီး ကမ္ဗည်းမဆင် စာမတင်လဲ ဝမ်းနည်းလိမ့်မည် မဟုတ်ပါ ။   *  ရိုးမတောင်သည်  အာဇာနည်ရဲ့ တကယ့်ကျောက်တိုင်  မော်ကွန်းတိုင်ပေါ့ မယိုင်မပျက် ထာဝစဉ်။   * … Read More »