Category Archives: ပါတီစိန္ရတု

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်မှူးတပ်သားအပေါင်းတို့

သို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်မှူးတပ်သားအပေါင်းတို့ ဒီနေ့ဟာ ပါတီမျှော်မှန်းထားတဲ့အတိုင်း တော်လှန်ရေးရုပ်ဘဝအခြေအနေ ရင့်မှည့်ပြည့်စုံလာတဲ့အခါမှာ PLA ပေါ်ထွန်းလာတာ ဖြစ်တယ်။ PLA ဟာ ပါတီရဲ့ အကြွင်းမဲ့ခေါင်းဆောင်မှုကို ခံယူပြီး ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေတဲ့ တပ်မတော်ဖြစ်တယ်။ တန်ဖိုးကြီးမားလှတဲ့ အသီးအပွင့်ဖြစ်တယ်။ ဒီရတနာပေါ်ထွန်းလာဖို့အတွက် တပါတီလုံး ဆယ်စုနှစ်အချို့ ကြိုးပမ်းအားထုတ်ခဲ့ရတယ်။ ၂ နှစ်အချိန်ယူ တိုက်ပွဲဝင်ပြီးတဲ့နောက် ခုဆို စစ်အုပ်စုလည်မျိုကို ရိုက်သွင်းထားတဲ့ သပ်တချောင်း ဖြစ်နေခဲ့ပါပြီ။ တိုက်ပွဲဝင်တဲ့အခါ နွေဦးတော်လှန်ရေးနဲ့ ချိတ်ဆက်ပြီး နည်းပရိယာယ်ကြွယ်ကြွယ်ဖြင့် PLA နံမည်အပြင် PDF ဖြစ်လိုက်၊ LPDF နံမည်သုံးလိုက်၊ တိုင်းရင်းသားတပ်မတော်တခုခုရဲ့ နံမည်အောက်မှာ ဝင်တိုက်လိုက်နဲ့ သွက်သွက်လက်လက် စစ်ကစားခဲ့ကြတယ်။ ဒီ ၂ နှစ်အတွင်း ရဲဘော်တို့အနေနဲ့ များပြားလှတဲ့ အောင်ပွဲတွေ ခံယူနိုင်ခဲ့ကြသလို မနည်းလှတဲ့ အသက်သွေးချွေးတွေ စတေးခဲ့ကြရတယ်။ အောင်ပွဲနဲ့ စွန့်လွှတ်ပေးဆပ်ရခြင်းဆိုတာ အမြွှာညီနောင် ဖြစ်တယ်။ ဒါကို မမေ့ဖို့ လိုတယ်။ ဒီအာဇာနည်သူရဲကောင်းတွေကို ခုလို နေ့ထူးနေ့မြတ်မှာ မျိုးဆက်အဆက်ဆက် ခေါင်းဆောင်များ၊… Read More »

မျက်မှောက် တော်လှန်ရေးမှာ အဓိက အခရာအကျဆုံး အချက်ဟာညီညွတ်ရေးပဲ

မျက်မှောက် တော်လှန်ရေးမှာ အဓိက အခရာအကျဆုံး အချက်ဟာညီညွတ်ရေးပဲ ရဲဘော် ဖိုးသံချောင်း ဗမာပြည်စစ်အုပ်စုရဲ့ စတုတ္ထမျိုးဆက်ဖြစ်ကြတဲ့ ဗိုလ်မင်းအောင်လှိုင်တို့ရဲ့ စစ်ကောင်စီဟာ စစ်အုပ်စုရဲ့ အစဉ်အလာလုပ်ဟန်အတိုင်း အာဏာသိမ်းခဲ့တာ ၂နှစ်ပြည့်တဲ့အခါ နိုင်ငံရေးမီးရှူးမီးပန်းတွေ ဘယ်လိုများ ဖောက်ကြလိမ့်မလဲ၊ ဘယ်လိုများ အသားယူ လက်မထောင်ပြနေကြမလဲလို့ စောင့်ကြည့်နေကြသူတွေ အားလုံးကို စစ်ကောင်စီက မထင်မှတ်စရာ လုပ်ရပ်တွေ လုပ်ပြလိုက်ပါတယ်။ အဲဒါကတော့ တနိုင်ငံလုံးက အမှိုက်ပုံးထဲကို စွန့်ပစ်ခဲ့ကြတဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲက စာပိုဒ်တွေကို အမြီးအမောက်မတည့် ကိုးကားပြီး အာဏာထပ်သိမ်းလိုက်တာပါပဲ။ သင်းတို့တတွေ ဒီတလောမှာ ရွေးကောက်ပွဲစကားကို တဖောင်ဖောင်ပြောနေရာကနေ ပါတီတွေပြန်မှတ်ပုံတင်ဖို့ စည်းကမ်းဥပဒေသစ်တွေ၊ ဝန်ကြီးချုပ်မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ ဝန်ကြီးအဖွဲ့စာရင်းဆိုတာတွေကို ကြေညာပြီး မာရှယ်လော-စတာတွေ ကိုထုတ်ပြန်လိုက်ပါတယ်။ ဒါဟာလည်း လူလည်လုပ်တဲ့နည်းနဲ့ အရပ်သားပြည်သူလူထုလက်မှာ ကျန်ကောင်းလို့ကျန်တဲ့ တရားဥပဒေဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို စစ်တပ်ကသိမ်းလိုက်တာဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကိုသုံးသပ်လိုက်ရင် သမိုင်းမှာ အုပ်စိုးသူတွေဘက်ကချည်း လူထုအပေါ် ထိုးစစ်ကိုစတင်တယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒါပေမဲ့ လူထုဘက်က ရဲရဲရင့်ရင့် ပြင်းပြင်းထန်ထန် ဇွဲရှိရှိနဲ့ ခုခံတာတွေ ရှိလာတဲ့အခါ၊ သင်းတို့တတွေ… Read More »

၇၅နှစ်မြောက်လွတ်လပ်ရေး/ပြည်တွင်းစစ်

၇၅နှစ်မြောက်လွတ်လပ်ရေး/ပြည်တွင်းစစ် ရဲဘော်ဖိုးသံချောင်း အခုအခါ ဗမာပြည်သားများအနေနဲ့ ကမ္ဘာမှာဗမာကွရယ်လို့လက်မထောင်နိုင်တာဟာ ကမ္ဘာ့သမိုင်းမှာ သက်တမ်းအရှည်ဆုံးပြည်တွင်းစစ်ကြီး ဖြစ်နေတဲ့တိုင်းပြည်ဆိုတာပါပဲ။ လွတ်လပ်ရေးရတဲ့သက်တမ်းကြာလာတာနဲ့အမျှ ပြည်တွင်းစစ်ကပိုမိုးပြင်းထန်လာ လေ လေ၊ လူထုတွေပိုဒုက္ခတွေ့ရလေလေ၊ စီးပွားရေးပိုမိုကျဆင်းလေလေဖြစ်နေတာဟာ ဒီ ကမ္ဘာပေါ်မှာ ဗမာနိုင်ငံ သာပဲရှိတယ်ထင်ပါတယ်။ ဗမာပြည်လွတ်လပ်ရေးရတာနဲ့ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးတာဟာ သုံးနှစ်တောင် မခြားပါဘူး။ အဲဒီကာလတိုလေးအတွင်းမှာပဲ ဗမာပြည်တပြည်လုံးအလုပ်သမားသပိတ် တွေ၊ ကျောင်းသားသပိတ်တွေ၊ လယ်သမားအင်အားပြပွဲ(ညီလာခံ)တွေ၊ အမှုထမ်းအရာ ထမ်းသပိတ်၊ စာရေးစာချီသပိတ်စတာတွေအပြင် တခြားနိုင်ငံတွေမှာမကြားဖူးတဲ့ ပုလိပ် (ရဲ)သပိတ်စတဲ့ လူထုလှုပ်ရှားမှု(တိုက်ပွဲ)မျိုးစုံ စည်ညံဟိန်းနေခဲ့တာပါ။ အင်္ဂလိပ်ကိုလိုနီ အစိုးရနဲ့ သူတို့ရဲ့ယန္တရားကိုဦးတည်ထားတဲ့ဒီတိုက်ပွဲတွေကြောင့် အင်္ဂလိပ်ဟာဂျပန်ရဲ့ လက်ကနေဗမာပြည်ကိုပြန်သိမ်းပြီး သုံးနှစ်တောင်မကြာမီမှာပဲ လွတ်လပ်ရေးပေးခဲ့ရတာဖြစ် ပါ တယ်။ လွတ်လပ်ရေးပေးတယ်ဆိုတာ ကိုယ့်လက်ထဲမှာရှိတဲ့အာဏာကို လက်လွှဲပေးရတာဆို တော့ အဲဒီတုန်းကဗမာပြည်ရဲ့အခြေအနေအရ အင်္ဂလိပ်ဟာမတတ်သာလို့သာပေးရတယ်၊ သူပေးချင်တဲ့သူတွေကိုပေးမယ်၊ သူ့နိုင်ငံရေး၊ စီးပွားရေးသြဇာကိုဆက်လက်ထိန်းသိမ်းကာ ကွယ်မယ့်သူတွေကိုပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကိုကျေးဇူးအသိအမှတ်ပြုတဲ့ အနေနဲ့ ဆိုရှယ်လစ်ပါတီဦးကျော်ငြိမ်းကလည်း “ဗမာပြည်ရဲ့လွတ်လပ်ရေးဟာ ဗြိတိသျှ အစိုးရလေဘာပါတီရဲ့ကျေးဇူးကြောင့်ရခဲ့တာ”လို့ထုတ်ပြောပါတယ်။ ဒီလိုနဲ့အဲဒီတုန်းက ဗမာပြည်နိုင်ငံရေးအင်အားစုတွေထဲက လက်ယာအင်အားစုတွေဟာ ကိုလိုနီသခင်တွေရဲ့ အကြိုက်လိုက်ပြီး လက်ဝဲအင်အားစုတွေကို အပြတ်တိုက်ပြကြပါတော့တယ်။ သူတို့ဟာ အရင်းရှင်ကိုလိုနီအစိုးရတွေအတွက်… Read More »

ဖောင်ပိတ်ဆောင်းပါး

ဖောင်ပိတ်ဆောင်းပါး အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၆) A.ငြိမ်း (၁) (ဆယ်ခါပြန် သတ်သင့်သူများ) ကုလသမဂ္ဂက စကစ သေဒဏ်ပေးထားတဲ့ လူစာရင်း ၁၃၀ တွေ့လို့ တုန်လှုပ်မိကြောင်း ထုတ်ပြန်တယ်။ သူ ထုတ်ပြန်ချိန်မှာ စာရင်းက ၁၄၀ ရောက်နေတယ်။ ခု ၁၅၀ နား ကပ်နေပြီ။ နှစ်ပေါင်း ၃၀ အတွင်း ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ လေးဦးကို လက်တွေ့ သတ်ပြလိုက်ပြီးနောက် ဇော်မင်းထွန်းက သတ်သင့်လို့ သတ်တာ၊ သူတို့ ပြစ်မှုတွေအရဆိုရင် ဆယ်ပြန်ဆယ်လီတောင် သတ်ဖို့ကောင်းတယ်လို့ ကြေညာခဲ့တယ်။ (ဒီလိုဆိုရင် မင်းအောင်လှိုင်အမှူးပြုတဲ့ စစ်ကောင်စီတသိုက်ကို ကော မသတ်သင့်ပေဘူးလား။ ပြည်သူ့ဆန္ဒအရ ပြောရရင် ဆယ်ပြန်ဆယ်လီဆိုတဲ့ ဒင်း(သင်း)ရဲ့ ကိန်းဂဏန်းဟာ သိပ်နည်းသွားလိမ့်မယ်ထင်တယ်။ ) (ပုစွန့်ဦးနှောက်များ) (ကြေးမုံ၊ မြန်မာ့အလင်းမှ ဖော်ပြချက်များ) ရေချွေတာရေးနည်းလမ်းများ။ – သွားတိုက်နေစဉ် ဘုံဘိုင်ခေါင်း ဖွင့်မထားပါနှင့်။ – ဘုံဘိုင်ခေါင်းကို ရေစက်ကျမနေစေရန် ကျပ်အောင် ပိတ်ပါ။ – သွားတိုက်လျှင် ရေဖန်ခွက်… Read More »

စစ်အုပ်စုကိုကယ်ပေါက်မပေးနဲ့ အချောင်သမားတွေကို လွှတ်မထားနဲ့

စစ်အုပ်စုကိုကယ်ပေါက်မပေးနဲ့ အချောင်သမားတွေကို လွှတ်မထားနဲ့ ရဲဘော်အောင်သော် (အရေးတော်ပုံဂျာနယ်၊ အတွဲ (၃) အမှတ်(၆) မှာ ဖော်ပြမယ့်ဆောင်းပါး) စစ်အုပ်စုဟာ သူတို့အကျပ်အတည်းကြီးကြီးမားမားကြုံတိုင်း ရွေးကောက်ပွဲနဲ့ ထွက်ပေါက်ရှာတယ်။ ၁၉၈၈ ခုနှစ်မှာ စစ်အုပ်စုထွက်ပေါက်ပိတ် အကျပ်ဆိုက်တယ်။ လူထုက စစ်အုပ်စုကို အသေရရ အရှင်ရရ အမိဖမ်းဖို့ တိုက်ပွဲဆင်နေတယ်။ စစ်အုပ်စုက ၈၈ စက်တင်ဘာမှာ လူပေါင်းများစွာကို ရက်ရက်စက်စက်သတ်ဖြတ်နှိမ်နင်းတယ်။ လူထုရဲ့ မကျေနပ်မှုအစိုင်အခဲဟာ ပိုပြီးကြိတ်ခဲကြီးထွားလာတယ်။ နောက်တကြိမ်ထပ်မံပေါက်ကွဲဖို့ အသင့်ဖြစ်နေတဲ့ ယမ်းပုံကြီးပဲ။ အဲဒီအချိန်မှာ လူထုရဲ့ဒေါသကို ဖြေလျှော့ပြီး အတုအယောင်မျှော်လင့်ချက်ပေးဖို့ ရွေးကောက်ပွဲဖန်တီးခဲ့တယ်။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲပေါ်လာတယ်။ အာဏာလုံးဝမလွှဲခဲ့ဘူး။ ၂၀၀၇ ခုနှစ်မှာ သံဃာ၊ ကျောင်းသားနဲ့တကွ ပြည်သူလူထုကြီးတရပ်လုံးနိုးထလာတယ်။ သံဃာတွေကို စစ်အုပ်စုကသတ်တယ်။ ကျောင်းသားတွေကို စစ်အုပ်စုကသတ်တယ်။ ရဟန်းသံဃာတွေကို ပစ်ခတ်သတ်ဖြတ် နှိပ်စက်ညှဉ်းပန်းပြီးနောက်မှာ စစ်အုပ်စုထဲတောင် အက်ကြောင်းထင်လာတယ်။ ထုံးစံအတိုင်း ပြည်သူလူထုကို မျှော်လင့်ချက်အမှားပေးဖြေလျှော့ဖို့ ရွေးကောက်ပွဲဟာ သူတို့တွက် ကယ်ပေါက် (ဂယ်ပေါက်) အဖြစ်လိုလာပြန်တယ်။ ဒါပေမဲ့ ၁၉၉၀ သင်ခန်းစာကိုပြန်ဆန်းစစ်ထားတဲ့ စစ်အုပ်စုဟာ ရွေးကောက်ပွဲပြီးနောက်ပိုင်း… Read More »

ဆိုရှယ် ဒီမိုကရက် ဘာလဲ

ဆိုရှယ် ဒီမိုကရက် ဘာလဲ ရဲဘော်ဖိုးသံချောင်း (အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၆) မှာ ဖော်ပြမယ့်ဆောင်းပါး) အရင်က ဗမာပြည်နိုင်ငံရေးလောကမှာသိပ်မကြားရဖူးတဲ့ နိုင်ငံရေးအယူအဆ(ဝေါဟာ ရ)နဲ့အဲဒီအယူအဆကိုကိုင်စွဲသူတွေ ခုတလောပေါ်လာတာကို သတိထားမိကြမယ် ထင်ပါ တယ်။ အဲဒါကတော့ ဆိုရှယ်ဒီမိုကရက်ဆိုတဲ့ဝေါဟာရပါ။ ပဒေသရာဇ်မင်းတွေမရှိတော့တဲ့ နောက် နိုင်ငံရေးအင်အားစု နဲ့လှုပ်ရှားမှုအမျိုးမျိုး လူးလွန့်လှုပ်ရှားလာခဲ့တဲ့နောက် ဗမာပြည် နိုင်ငံရေးလောကထဲကို ဆိုရှယ်လစ် ဆိုတဲ့ဝေါဟာရကို လူအမျိုးမျိုးပါးစပ်က ပုံစံအမျိုးမျိုးနဲ့ ကြားလာကြရပါတယ်။ ရုရှားကအောက်တိုဘာ တော်လှန်ရေးကြီးအောင်ပွဲခံလိုက်တဲ့ နောက် သူ့ခေါင်းမှာလည်းသပြေညို၊ ငါ့ခေါင်းမှာလည်း သပြေညို ဖြစ်ကုန်ကြတာထင်ပါရဲ့။ ဆိုရှယ်နီ၊ ဆိုရှယ်ဝါ၊ ဖဆပလထဲကဆိုရှယ်လစ်အင်အားစု စသဖြင့် ခွေးလှေးပျားတော အနှံ့ ပေါချင်တိုင်းပေါနေခဲ့တဲ့ ဆိုရှယ်လစ်စကားကို စစ်အာဏာရှင်ထိပ်သီးကြီး ဗိုလ်နေဝင်း ကနေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်လို့လုပ်လိုက်တော့မှာ အားလုံးအော်ဂလီဆန် ကုန်ကြ တော့တာဖြစ် ပါတယ်။ ဒီလိုနဲ့စစ်အုပ်စုက ပဉ္စမအကြိမ်မြောက် အာဏာသိမ်းလိုက်တဲ့နောက် မှာ ဆိုရှယ်ဒီမိုကရက်ဆိုတာကြီး ပိုမြည်ဟည်းလာတာဖြစ်ပါတယ်။ ( ဒီအရင်ကတည်းက SD ဆိုတာ ပြောနေတာပါ။ သဘောတရားအရတော့ သိပ် မပြောနိုင်ပါဘူး။) ဒီတော့ ဆိုရှယ်ဒီမိုကရက်ဆိုတာ… Read More »

ရွှေစွန်ညိုသင်္ဘောတိုက်ပွဲ အမှတ်တရများ

“ရွှေစွန်ညိုသင်္ဘောတိုက်ပွဲ အမှတ်တရများ” ငြိမ်းမောင်ဦး (အရေးတော်ပုံဂျာနယ်၊ အတွဲ(၃)၊ အမှတ်(၆) မှာ ဖော်ပြမယ့်ဆောင်းပါး) နှစ်ပေါင်း(၅၀)တိုင်ခဲ့ပြီ…… ။ စစ်တွေနှင့်ပလက်ဝ ကုလားတန်မြစ်တလျှောက်စုန်လိုက်ဆန်လိုက်ဖြင့် လွန်းပြန်ပြေးနေသော ရွှေစွန်ညိုသင်္ဘောနှင့်ကျွန်တော်…ရေစက်ဆုံခဲ့ဖူးသည်။ ကာလတချို့..သူဖြတ်သွားတိုင်း မြစ်ကမ်းနဖူးမှ ငေး မောကြည့်ခဲ့ဖူးသော်လည်း …သူ၏နောက်ဆုံးခရီး ..ရေလွှာအောက်သို့လောင်ကျွမ်းနစ်မြုပ်ဝပ်စင်းသွားခဲ့ သည့် ဇာတ်သိမ်းခန်းတွင် ထဲထဲဝင်ဝင်ပါဝင်ခဲ့ရလိမ့်မည်ဟု..စိုးစဉ်းမျှ မျှော်လင့်မထားခဲ့မိပါ။ ဓမ္မတာပင်…..နှစ်တွေကြာလာတော့ ရွှေစွန်ညို ဇာတ်လမ်းကို တချို့က မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြသည်။ တချို့ကတော့…ပါးစပ်ပုံပြင်လေးအဖြစ် ရှားရှားပါးပါးကျန်ရစ်သည်။ ကျွန်တော့်အဖို့ကတော့…နှလုံးသားထဲအထိနက်နက်ရှိုင်းရှိုင်းခံစားခဲ့ရသော အမှတ်တရအဖြစ် ဘယ်တော့မှမေ့မရနိုင်တော့ပါ။ လွန်ခဲ့သောနှစ်ငါးဆယ် ၁၉၇၂-ခုနှစ်ကအဖြစ်အပျက်တွေမို့ တချို့ပုံရိပ်များက မထင်မရှား …လှုပ်ရှားနေသောရုပ်ပုံလွှာများအဖြစ် ဖမ်းဆုပ်ရန်ခက်ခဲလှသည်။ …တချို့ကတော့ နှလုံးသား၏အနက်ရှိုင်းဆုံးနေရာအထိ.ရင်ထဲမှာတလှပ်လှပ်နှင့် ခံစားနေရဆဲ….အဟောင်းတွေအသစ်ဖြစ်လို့ အမှတ်ရနေဆဲ…..။ ကျောက်တော်မြို့နှင့်ပလက်ဝမြို့အကြား ကုလားတန်မြစ်အနောက်ဖက်ကမ်းရှိ “ ကွမ်းဇေး” ဆိုသောရွာကလေးတွင် …၁၉၇၂ခုနှစ်မေလမှနိုဝင်ဘာလထိ ခြောက်လခန့်မျှ ကျွန်တော့်ရဲ့တော်လှန်ရေးဘဝ ပထမစာမျက်နှာများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ဖြတ်သန်းခဲ့ရသည်။ ဘဝက ..အထီးကျန်ဆန်လွန်းလှပါသည်။ အကြောင်းအ မျိုးမျိုးကြောင့် အချိန်မကြာသင့်ဘဲကြာခဲ့ရပြီး မျှော်လင့်မထားသောဒုက္ခမျိုးစုံနှင့်ကြုံတွေ့ခံစားခဲ့ရသော်လည်း မရေရာသောအနာဂတ်ကို စိတ်ရှည် လက်ရှည် စောင့်စားရင်းဖြင့် အခက်အခဲ မျိုးစုံကို ဆုံးဖြတ်ချက်ရှိရှိ ဖြင့် ကျော်လွှားနိုင်ခဲ့ပါသည်။ ကောက်စိုက်ပေါင်းသင်… Read More »