ကျွန်မဆက်၍ရေးဖြစ်ခဲ့သော ဖေဖေအကြောင်းများ။
ကျွန်မဆက်၍ရေးဖြစ်ခဲ့သော ဖေဖေအကြောင်းများ။ လှကျော်ဇော အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၆) မှာ ဖော်ပြမယ့်ဆောင်းပါး။ ၂၀၂၂-အောက်တိုဘာ(၁၀)ရက်နေ့ဖေဖေကွယ်လွန်တာ (၁၀)နှစ်ရှိသွားပါပြီ။ ဖေဖေရဲ့ကိုယ်တိုင်ရေးအတ္ထုပွတ္တိ–ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့—ဆိုတဲ့စာအုပ်ကိုလည်း ပြည်ပမှာ (၂၀၀၇)ကတကြိမ်၊ပြည်တွင်းမှာ(၂၀၁၂-၂၀၁၆) နှစ်ကြိမ် ထုတ်ဝေပြီးပါပြီ။ အဲဒီစာအုပ်အကြောင်းအရာတွေထဲမှာမပါဖြစ်ခဲ့တဲ့အကြောင်းတွေကို ကျွန်မက– ကျွန်မဆက်၍ရေးချင်သောဖေဖေ့အကြောင်းများ။–ဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါးဆက်များကိုဖေဖေရှိစဉ်ကတည်းကရော၊ကွယ်လွန်ပြီးမှရော၊ရေးလာတာဆောင်းပါးအမှတ်(၅၅)ထိရောက်နေပါပြီ။အရေးတော်ပုံဂျာနယ်မှာတောက်လျှောက်ထည့်ခဲ့ပြီး၊ပြည်တွင်းမှာလည်းထုတ်ဝေပေးသူများရှိတဲ့အတွက် စာအုပ်အတွဲတွေလည်းထုတ်ပြီးပါပြီ။ ပြည်တွင်းနိုင်ငံရေးအခြေအနေအတက်အကျအလိုက် အခွင့်အရေးရရင်ရသလို ဖေဖေအရင်ကရေးသားထုတ်ဝေဖူးတဲ့ စာအုပ်စာတမ်းများ၊ခေတ်အဆက်ဆက် အခမ်းအနားများမှာပြောခဲ့တဲ့ မိန့်ခွန်းပေါင်းချုပ်များ၊သတင်းမီဒီယာအမျိုးမျိုးနဲ့ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းများ၊စတာတွေလည်းပြည်တွင်းမှာထုတ်ဝေပြီးပါပြီ။ ဖေဖေကွယ်လွန်ပြီးမှ ဖေဖေအတွက် ရည်စူးတဲ့ ဆောင်းပါးများကဗျာများ စုစည်းပြီး၊စာအုပ်တွေလည်းအတော်များများထုတ်ပြီးပါပြီ။ အခုနောက်ဆုံး၊ ၂၀၁၉-ဒီဇင်ဘာမှာ ဖေဖေရာပြည့်အတွက် အမှတ်တရ စာအုပ်များ ၁။ဗိုလ်ကျော်ဇော၏စစ်ရေးအမြင်များ။အတွဲ(၁)။ ၂။ဗိုလ်ကျော်ဇောရာပြည့်။မောင်စွမ်းရည်နှင့်။ (၂)အုပ်ထုတ်ခဲ့ပါတယ်။ အဲဒီကာလက ဗမာပြည်တွင်းနိုင်ငံရေးအခြေအနေအရ တစုံတရာ အခွင့်သာနေလို့ရာပြည့် အထိမ်းအမှတ်ပွဲလေးလည်းရန်ကုန်မှာ ကျင်းပနိုင်ခဲ့ပါတယ်။ ကျွန်မဒါတွေရေးပြနေတာအကြောင်းရှိပါတယ်။ ၁၉၈၉ခုနှစ် ကျွန်မတို့ပါတီ အကွဲကွဲအပြဲပြဲဖြစ်သွားပြီးနောက် ပါတီရဲ့ အသက်အရွယ်ကြီးတဲ့ ဗဟိုခေါင်းဆောင်များအနားယူဖို့ ပါတီ ဗဟိုက ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ ကျွန်မက တဖက်နိုင်ငံသွားအနားယူရမယ့် (အသက်(၇၀)ရွယ်) မိဖနှစ်ပါးကိုလိုက်စောင့်ရှောက်ရဖို့ဖြစ်လာပါတယ်။ ၁၉၉၀ခုနှစ်မေလ(၁၆)ရက်နေ့ ခရီးစထွက်ရတော့မယ့် ကျွန်မတို့သားအမိသားအဖ(၃)ယောက်ကိုလာနှုတ်ဆက်တဲ့(ပါတီကို ဆက်ခေါင်းဆောင်ဖို့ကျန်ခဲ့တဲ့)ရဲဘော်ထွန်းက ကျွန်မကိုဒီလိုမှာလွှတ်ပါတယ်။ —–ရဲဘော်ဦးတင်(ဖေဖေပါတီတွင်းအမည်)ရဲ့နိုင်ငံရေးသေ မသွားအောင် ခင်ဗျားကြိုး စားပါ။—တဲ့။ ဒီတော့… Read More »