Category Archives: ပါတီစိန္ရတု

(သခင်ဘဟိန်းကွယ်လွန်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်)

(သခင်ဘဟိန်းကွယ်လွန်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်)မော်ကွန်းတိုက်သုတေသီတဦး(၁)”တော်လှန်ရေး မဆုံးမီ ကွယ်လွန်ရရှာသည့် – အယ်ဒီတာချုပ်- ရဲဘော်ဘဟိန်း” ဆိုတဲ့ ခေါင်းစီးနဲ့ သခင်ဘဟိန်းကွယ်လွန်မှု ဝမ်းနည်းအထိမ်းအမှတ် စာတမ်းကို “ပြည်သူ့အာဏာ” အတွဲ ၂၊ အမှတ် ၂၀။ (၂၃-၁၁-၄၆) မှာ ဖော်ပြခဲ့တယ်။ငါတို့ ပြည်သူ့အာဏာ အယ်ဒီတာချုပ် ဖြစ်သော ရဲဘော်ဘဟိန်းသည် ၂၀ -၁၁-၄၆ ရက်နေ့နံနက် ၆ နာရီ အချိန်တွင် မန္တလေးမြို့ဆေးရုံကြီး၌ ကွယ်လွန်အနိစ္စရောက်ခဲ့လေပြီ။ရဲဘော်ဘဟိန်းသည် ငါတို့ဆရာဖြစ်သည်။ရဲဘော်ဘဟိန်းသည် ငါတို့ခေါင်းဆောင်ဖြစ်သည်။ထို့ကြောင့်ငါတို့သည် ယူကြုံးမရ တသဝမ်းနည်းခြင်းဖြစ်ကြရသည်။ ရဲဘော်ဘဟိန်းကွယ်လွန်ခြင်းသည် ငါတို့အဘို့ ကြီးစွားသော ဆုံးရှုံးခြင်းပင် ဖြစ်သည်။ငါတို့အဘို့သာလျှင်မဟုတ်သေး ဗမာပြည်အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားနင်းပြားလူထုကြီးအ ဘို့ရာတွင်လည်း ဆုံးရှုံးခြင်းဖြစ်ပေသည်။ ရဲဘော်ဘဟိန်း ရှိစဉ်အခါက အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသား၊ နင်းပြားလူထုကြီး၏ အကျိုးကို ကျောင်းသားဘဝကတည်းကပင် ရဲရဲကြီးရှေ့ဆောင်ခဲ့ သည်။၁၃၀၀ ပြည့်အထွေထွေသပိတ်ကြီးပေါ်ခဲ့ရာ ရဲဘော်ဘဟိန်းသည် ရေနံမြေသို့ သွားရောက်ခါ ရေနံမြေ အလုပ်သမားတို့၏ သပိတ်ကြီးကိုခေါင်းဆောင်လုပ်ခဲ့၍ ပထမဦးစွာနယ်ချဲ့သမား၏ အကျဉ်းထောင်အ တွင်း၌ ကျရောက်သက်ဆင်းခဲ့ရသည်။ ထောင်တွင်းမှာ… Read More »

ထွန်းပြောင်သည့် လမ်းပေါ်က ကြယ်နီတပွင့်

ထွန်းပြောင်သည့် လမ်းပေါ်က ကြယ်နီတပွင့် နီအောင်ဝေ နယ်ချဲ့ဖက်ဆစ်နှင့် ဖောက်ပြန်သွေးစုပ်သည့် ဓနရှင်လူတန်းစားက ကွန်မြူနစ်ဆိုလျှင် ကွယ်လွန်ပြီး နှစ်ပေါင်းရာချီသည့်တိုင် ကြောက်ဒူးတုန်ကြသည်။ အုတ်ဂူထဲမှ ထလာကာ တော်လှန်ဦးမည်လား တွေးကြောက်ဟန်တူသည်။ တော်လှန်သော ဝိညာဉ်များက သူတို့ကို အာဏာပလ္လင်ထက်မှ ဆွဲချမှာ စိုးဟန်တူသည်။ ကားလ်မာ့က်စ်၏ ဂူဗိမာန်ကို သူကွယ်လွန်ပြီး နှစ်ပေါင်း တရာကျော်သည့်တိုင် ချမ်းသာမပေးဘဲ အကြိမ်ကြိမ် ဖျက်ဆီးကြ၊ ထိပါးကြသည်။ မာ့က်စ်ခမျာ မသေခင်က ရန်သူအပေါင်း မျက်စိဒေါက်ထောက်ကြည့်တာ ခံရသလို သေပြီး အနှစ်တရာကျော် ကြာသည့်တိုင် ဂူဗိမာန်၌ ထောက်လှမ်းရေးကင်မရာ တပ်ဆင်ထားခြင်း ခံရလေသည်။ ဗမာပြည်တွင်ရော ဘာထူးသနည်း။ သခင်သန်းထွန်း၏ အရိုးပြာထည့်ထားသော သံသေတ္တာကို ပင်လယ်ဝအထိ စစ်သင်္ဘောနှင့် သယ်သွားကာ ပစ်ချခဲ့သည်ဟု ဗိုလ်ခင်ညွန့်က ရေးပါသည်။ သခင်ဗဟိန်း၏ အုတ်ဂူကိုလည်း ဟိုရွှေ့သည်ရွှေ့ ရွှေ့ကာ အပျောက် ဖျောက်လိုက်ကြသည်။ ရန်သူအပေါင်းက မည်သို့ပြုသည်ဖြစ်စေ ထိုပုဂ္ဂိုလ်တို့၏ သမိုင်းကား မှေးမှိန်သွားသည် မဟုတ်၊ ပျောက်ကွယ်သွားသည် မဟုတ်။ လူ့အဖွဲ့အစည်းတွင် ဖောက်ပြန်သော၊ ဖိနှိပ်သွေးစုပ်သော… Read More »

ရာဇဝင်ကို မောင်းနှင်နေသော ဗမာပြည် နွေဦးတော်လှန်ရေး

ရာဇဝင်ကို မောင်းနှင်နေသော ဗမာပြည် နွေဦးတော်လှန်ရေး မောင်သန်းမြရွှေ စစ်သူကြီးမင်းဆက်ထူထောင်ဖို့ မင်းအောင်လှိုင်အာဏာသိမ်းခဲ့တာ ၉လကျော်ပြီ။ ဒီချုပ်ခေါင်းဆောင်တွေကို ကြက်ကလေး ငှက်ကလေးဖမ်းသလို လွယ်လွယ်ဖမ်းလို့ရပေမယ့် အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူလူထုကြီးရဲ့ ပြင်းပြင်းထန်ထန် အုံကြွဆန့်ကျင်မှုကို စစ်ကောင်စီ ရင်ဆိုင်နေရပါတယ်။ အုပ်စိုးသူလူတန်းစားက လက်နက်နဲ့ အကြမ်းဖက် ဖိနှိပ်လာရင် လက်နက်ကိုင် ခုခံဆန့်ကျင်တာ တရားကြောင်းကို ဗမာပြည် အဖိနှိပ်ခံလူထုကြီးက လက်တွေ့လုပ်ဆောင် ပြသလိုက်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးဆိုတာ အာဃာတနဲ့ လက်စားချေရေးဝါဒ မဟုတ်ဘူး။ မင်းမဲ့ဝါဒနဲ့ လုပ်ကြံသတ်ဖြတ်ရေးလည်း မဟုတ်ဘူး။ ပဒေသရာဇ် မင်းလောင်းမျှော်အတွေးအခေါ်နဲ့ မင်းပြောင်းမင်း လွှဲဖြစ်ရေးသက်သက် မဟုတ်ဘူး။ အပေါ်ယံ ပြုပြင်ပြောင်းလဲရေး မဟုတ်ဘူး။ အခြေအမြစ်ကနေ စနစ်ဟောင်းကိုဖြိုပြီး စနစ်သစ်တည်ဆောက်ဖို့ပဲ ဖြစ်တယ်။ ဒလန်ရှင်းလင်းရေးဆိုတာ စစ်တပ်ရဲတပ်တို့နဲ့အတူ လူထုကို ဖိနှိပ်သတ်ဖြတ်နေတဲ့ (စွမ်းအားရှင် ပျူစောထီး တို့လို) သတင်းပေးတွေ ဒေါက်တိုင်တွေကို လူထုထောက်ခံမှုနဲ့ ရှင်းလင်းတာဖြစ်ပါတယ်။ ဗမာပြည် လက်နက်ကိုင်တော်လှန်ရေးမှာ ထူးခြားချက်နှစ်ရပ် ရှိတယ်။ ပထမထူးခြားချက်က လူထုက စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား(စစ်အာဏာရှင်စနစ်- စစ်သုံးစစ်) ကို… Read More »

အသက်(၁၀၀)ပြည့်သွားပြီးဖြစ်တဲ့ လေထီးဆင်းရဲဘော်ကြီး။

အသက်(၁၀၀)ပြည့်သွားပြီးဖြစ်တဲ့ လေထီးဆင်းရဲဘော်ကြီး။လှကျော်ဇော ဗမာပြည်လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲဖြစ်စဉ်အတွင်း နိုင်ငံခြားသို့ ထွက်ပြီး အကူအညီရှာဖွေတဲ့ လူငယ်အုပ်စု(၂)ဖွဲ့ရှိခဲ့ပါတယ်။ အမိ ဗမာပြည်ကြီးလွတ်လပ်ရေးရဖို့ဆိုတဲ့တခုတည်းသောရည်မှန်းချက်အောက်မှာ လှုပ်ရှားခဲ့ကြပြီး အရှေ့ထွက်သူများက ဂျပန်ရောက်သွားပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ရဲဘော်သုံးကျိပ်ဝင်များဖြစ်လာခဲ့ကြပါတယ်။ အနောက်ထွက်သူများကတော့ဦးသိန်းဖေမြင့်ဦးဆောင်တဲ့ လေးထီးဆင်းရဲဘော်များဖြစ်လာကာ ဗမာပြည်ရဲ့ခေတ်သစ်သမိုင်းမှာ သူရဲကောင်းများအဖြစ်ထင်ရှားခဲ့ကြပါတယ်။ အခု၂၀၂၁ မှာတော့ ရဲဘော်သုံးကျိပ်ဝင်အားလုံး မရှိကြတော့ပါဘူး။ ကွယ်လွန်ကုန်ကြပါပြီ။ လေထီးဆင်းတွေထဲမှာလည်း မကျန်သလောက်ပါ။ ဒီထဲကမှ ရှားရှားပါးပါး တရုတ်ပြည်မှာရောက်ရှိနေတဲ့ လေထီးဆင်းရဲဘော် (ဦး)ကိုကိုကြီးကိုတော့ အသက်(၁၀၀)ပြည့်မွေးနေ့ပွဲကို ကူမင်းမှာ ဗမာပြည်ပေါက်တရုတ်လူမျိုးများ(ဝှာချောင်အဖွဲ့)က၂၀၂၁ အောက်တိုဘာလ ၁၄ ရက်နေ့(တရုတ်ရိုးရာ သက်ကြီးရွယ်အိုများနေ့)က ခမ်းနားစွာ ကျင်းပပေးခဲ့ပါတယ်။ ဗမာပြည်မှာ ရဲဘော်သုံးကျိပ်အကြောင်းကတော့ တစုံတရာ လူသိများပုံရပေမယ့် လေထီးဆင်းရဲဘော်များအကြောင်းကတော့ နည်းနည်း တိမ်မြုပ်နေပါတယ်။ အားလုံးလောက်နီးနီးကလည်း ကွန်မြူနစ်တွေဖြစ်နေတာကိုး။ အဲဒီထဲကမှ ပုံဝတ္တုတွေထဲကထက် ထူးခြားဆန်းကျယ်တဲ့ တကယ့်အဖြစ်အပျက်တွေကလည်း ရှိနေပါတယ်။ ဖဆပလခေတ်မှာ သမ္မတမန်းဝင်းမောင်က သူနဲ့လေထီးဆင်းဖက် (သေဒဏ် အမိန့်ချမှတ်ခံထားရတဲ့ ဗကပဗဟိုကော်မတီဝင်) ဗိုလ်မှူးချစ်ကောင်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့ အဖြစ်အပျက်မျိုးပေါ့။ ဒါ့အပြင် လေထီးဆင်း ဗိုလ်အုန်းမောင်ရဲ့ ကိုယ်တွေ့အဖြစ်အပျက် ဆောင်းပါးဆက်တွေ၊ စတဲ့ သူရဲကောင်းပုံပြင်တွေလည်း တပိုင်းတစထွက်လာတာတွေလည်းတွေ့ရပါတယ်။ အဲဒီလေထီးရဲဘော်တွေကရေးသားခဲ့တဲ့… Read More »

ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ သားကောင်းရတနာရဲခေါင်ပြောက်ကျား သခင်သန်းဖေ

ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ သားကောင်းရတနာရဲခေါင်ပြောက်ကျား သခင်သန်းဖေ(တော်လှန်ရေး ရုပ်ပုံလွှာ)မောင်လှဝင်း(မြင်းခြံ)အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်-၅ မှာ ဖော်ပြမယ့်ဆောင်းပါး ဗမာပြည်ကွန်မြူနစ်ပါတီပါတီရဲ့ “တော်လှန်ရေးဂျာနယ်”(၁၉၅၀ ခုနှစ်ထုတ်)ထဲမှာ ဒို့ခေါင်းဆောင်ကြီး သခင်သန်းဖေဆိုတဲ့ဆောင်းပါးကို ဖော်ပြခဲ့ဖူးတယ်။ ဆောင်းပါးရဲ့အဆုံးသတ်မှာ (သူ၏အမည်သည် ရာဇဝင်တွင် စာတင်ရပေအံ့)လို့ ဥဒါန်းကျူးရင့်ခဲ့တယ်။ ဂျာနယ်ကျော် ဒေါ်မမလေးဟာ သူ့ရဲ့ “သွေး”နဲ့ “ရင်နင့်အောင်မွှေး”ဝတ္တုတွေ ဂျပန်ဘာသာပြန်ဆိုဖို့နဲ့ ရုပ်ရှင်ရိုက်ဖို့ကိစ္စတွေနဲ့ စပ်လျဉ်းပြီး ဂျပန်ပြည်ကို သွားရောက်ခဲ့တယ်။ ဗမာပြည် စစ်အတွင်းကာလတုန်းက ကင်ပေတိုင်စစ်ဗိုလ်လုပ်ခဲ့ဖူးတဲ့ ဂျပန်တယောက်နဲ့ ဂျပန်ပြည်မှာတွေ့ဆုံမိတော့ “သခင်သန်းဖေ ရှိသေးလား”လို့ စိတ်ဝင်တစား မေးမြန်းတယ်။ ဂျာနယ်ကျော် ဒေါ်မမလေးက “မရှိတော့ဘူး”လို့ ပြန်ဖြေတော့ အဲဒီကင်ပေတိုင်စစ်ဗိုလ်ဟောင်းက “အဲဒီသခင်သန်းဖေဟာ လူမဟုတ်ဘူး။ နတ်ဘီလူး”ဆိုပြီး အံ့သြချီးမွမ်း ပြောဆိုခဲ့ဖူးတယ်။ သူ့ကို ဖြူး သခင်သန်းဖေလို့ လူသိများတယ်။ တချို့ကတော့ သခင်သန်းဖေ(တောင်ငူ)လို့ ရေးသားဖော်ပြတယ်။ တိုင်းပြည်လွတ်လပ်ရေးရပြီးရင် စစ်ရေးတာဝန်ကို မယူတော့ဘဲ နိုင်ငံရေးကိုပဲ နှစ်မြှုပ်လုပ်မယ်လို့ ဗိုလ်ချုပ်အောင်ဆန်း စဉ်းစားခဲ့ဖူးတယ်။ အဲဒီအခါ စစ်တပ်အတွက် စိတ်ချရအောင် စစ်တပ်ကို ခေါင်းဆောင်သွားနိုင်မယ့်သူကို ဗမာပြည်ကွန်မြူနစ်ပါတီထံက သူတောင်းတယ်။… Read More »

အမှီအခိုကင်းတဲ့ ဗမာပြည် ပြည်သူ့လွတ်မြောက်ရေးလမ်း

အမှီအခိုကင်းတဲ့ ဗမာပြည် ပြည်သူ့လွတ်မြောက်ရေးလမ်း ညီဌေးကျော် ယခုအခါ ဗမာပြည်ဟာ ကိုယ့်ပြည်တွင်းရေးပြဿနာနဲ့ကိုယ် ရှုပ်နေတဲ့အပြင် မကြုံစဖူး နိုင်ငံကြီးများရဲ့ အာရုံစိုက်မှုကို ခံနေရတယ်။ နိုင်ငံကြီးများက ပြောင်းလဲလာတဲ့ ၂၁ ရာစု ကမ္ဘာမှုအခင်းအကျင်းအရ ဗမာပြည်ရဲ့ ပထဝီနိုင်ငံရေးကို မျက်စိကျတာပါ။ ၂၀၀၈-၂၀၁၀ အရင်းရှင်စီးပွားရေးကပ် ရှည်ကြာလာ၊ စတုတ္ထစက်မှုတော်လှန်ရေး၊ နည်းပညာပြိုင်ဆိုင်မှု၊ စည်းစနစ်ဟောင်းတွေ အလုပ်မဖြစ်၊ ကိုဗစ်ကမ္ဘာနာ ကပ်ရောဂါ၊ အမေရိကန်အကျ တရုတ်အထ၊ မတည်ငြိမ်ရှုပ်ထွေး၊ အပြောင်းအလဲများမြန်တဲ့ ခေတ်ကာလတရပ်ကို ကျော်ဖြတ်နေရပါတယ်။ အာဖဂန်နဲ့ အီရတ်မှ အမေရိကန်တပ်တွေ ရုပ်သိမ်း၊ ဖြစ်ချင်ရာဖြစ် ပစ်ထားခဲ့ပြီး၊ အမေရိကန် နိုင်ငံခြားရေးပေါ်လစီအရွေ့ဟာ အင်ဒိုပစိဖိတ် ဒေသသို့ ရွေ့လာပါတယ်။ အိုဘားမားလက်ထက် ကတည်းကချထားတဲ့ အာရှမဏ္ဍိုင်ပြု စမတ်ပါဝါ Asia Pivot smart power ဆိုတဲ့ တရုတ်ထိန်းချုပ်ရေး နိုင်ငံခြားရေးပေါ်လစီကို ဂျိုးဘိုင်ဒင်က ပြန်ကိုင်လာတာပါ။ အာဖဂန်မှ အမေရိကန် ရှုံးနိမ့်မှုနဲ့ပတ်သက်လို့ အမေရိကန် နိုင်ငံရေးဂုရုကြီး ကစ်ဆင်းဂျား Henry Kissinger က ယခုလို သုံးသပ်ပါတယ်။… Read More »

ဆိုဗီယက်ပြိုကွဲမှု မလိုလားအပ်သော ကပ်ဆိုက်မှု

ဆိုဗီယက်ပြိုကွဲမှု မလိုလားအပ်သော ကပ်ဆိုက်မှုကိုတူး (ဆိုဗီယက်ယူနီယံ USSR ကွယ်ပျောက်သွားတာ ဆယ်စုနှစ်သုံးစု ရှိသွားပြီးနောက်၊ အရင်းရှင်စနစ်ဟာ လူသားတွေ ကြုံတွေ့နေရတဲ့ ပြဿနာများကို မဖြေရှင်းနိုင်ကြောင်း ပိုမိုရှင်းလင်းစွာ သိမြင်လာခဲ့ပါပြီ။) လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀ (ဩဂုတ်လ ၂၄ ရက် ၁၉၉၁) သမ္မတ မစ်ခေး ဂိုဘားချော့ Mikhail Gorbachev က ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီ CPSU ဗဟိုကော်မတီကို ဖျက်သိမ်းပြီး ပါတီအထွေထွေအတွင်းရေးမှူး တာဝန်မှ နုတ်ထွက်သွားတယ်။ ဒါဟာ ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံများပြည်ထောင်စု USSR ဖျက်သိမ်းရေးအတွက် ပထမဆုံး အရေးကြီးခြေလှမ်း စလိုက်ခြင်းပါပဲ။ နောက်ရက်မှာ ကရင်မလင်ရှေ့ရှိ ဆိုဗီယက်အလံတော်ကို ရုရှားအလံနဲ့ အစားထိုးလိုက်တယ်။ အဲဒီအခိုက်အတန့်မှာပဲ ဆိုဗီယက်နိုင်ငံရဲ့ အဓိပ္ပာယ်ရှိမှုဟာ ကွယ်ပျောက်သွားပါပြီ။ ဘောရစ်ရယ်ဆင် Boris Yeltsin ဟာ ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီ CPSU ကို မြန်မြန်ထက်ထက် ပိတ်ပင်တားမြစ်လိုက်ပြီး ပါတီပိုင်ပစ္စည်းဥစ္စာများကို သူဥက္ကဋ္ဌလုပ်နေတဲ့ ရုရှားပါလီမန်သို့ လွှဲပြောင်းလိုက်တယ်။ နှစ်မကုန်ခင်မှာပဲ ကမ္ဘာပေါ်က ပထမဆုံး ဆိုရှယ်လစ်နိုင်ငံလည်းဖြစ် နှစ်၇၀ကျော် ဆိုရှယ်လစ်ကမ္ဘာရဲ့… Read More »