ဆိုဗီယက်ပြိုကွဲမှု မလိုလားအပ်သော ကပ်ဆိုက်မှု
ဆိုဗီယက်ပြိုကွဲမှု မလိုလားအပ်သော ကပ်ဆိုက်မှုကိုတူး (ဆိုဗီယက်ယူနီယံ USSR ကွယ်ပျောက်သွားတာ ဆယ်စုနှစ်သုံးစု ရှိသွားပြီးနောက်၊ အရင်းရှင်စနစ်ဟာ လူသားတွေ ကြုံတွေ့နေရတဲ့ ပြဿနာများကို မဖြေရှင်းနိုင်ကြောင်း ပိုမိုရှင်းလင်းစွာ သိမြင်လာခဲ့ပါပြီ။) လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀ (ဩဂုတ်လ ၂၄ ရက် ၁၉၉၁) သမ္မတ မစ်ခေး ဂိုဘားချော့ Mikhail Gorbachev က ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီ CPSU ဗဟိုကော်မတီကို ဖျက်သိမ်းပြီး ပါတီအထွေထွေအတွင်းရေးမှူး တာဝန်မှ နုတ်ထွက်သွားတယ်။ ဒါဟာ ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံများပြည်ထောင်စု USSR ဖျက်သိမ်းရေးအတွက် ပထမဆုံး အရေးကြီးခြေလှမ်း စလိုက်ခြင်းပါပဲ။ နောက်ရက်မှာ ကရင်မလင်ရှေ့ရှိ ဆိုဗီယက်အလံတော်ကို ရုရှားအလံနဲ့ အစားထိုးလိုက်တယ်။ အဲဒီအခိုက်အတန့်မှာပဲ ဆိုဗီယက်နိုင်ငံရဲ့ အဓိပ္ပာယ်ရှိမှုဟာ ကွယ်ပျောက်သွားပါပြီ။ ဘောရစ်ရယ်ဆင် Boris Yeltsin ဟာ ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီ CPSU ကို မြန်မြန်ထက်ထက် ပိတ်ပင်တားမြစ်လိုက်ပြီး ပါတီပိုင်ပစ္စည်းဥစ္စာများကို သူဥက္ကဋ္ဌလုပ်နေတဲ့ ရုရှားပါလီမန်သို့ လွှဲပြောင်းလိုက်တယ်။ နှစ်မကုန်ခင်မှာပဲ ကမ္ဘာပေါ်က ပထမဆုံး ဆိုရှယ်လစ်နိုင်ငံလည်းဖြစ် နှစ်၇၀ကျော် ဆိုရှယ်လစ်ကမ္ဘာရဲ့… Read More »