ဘိုကလေး ဦးလှရွှေ ( သို့မဟုတ် ) အလံ (၃)လက် ကြားက လူ
( ၁ ) “ ဖြိုသူက ဖြို – – ဖျက်သူက ဖျက် – တိုင်းပြည်ပျက်မယ့်ကိန်းကြုံ .. ငရဲကြီး ရှစ်ထပ် – ဖြစ်ရပ်မျိုးစုံ – ကျောက်နီရုပ်မို့ ဒို့မဖြုံ – ဟေ့ ကျောက်နီရုပ်မို့ ဒို့မဖြုံ – သြော် .. အရုဏ်ကျင်းလို့ – လင်းကြက်တို့လဲ တွန်ချိန်တန်… ” အသံဝါဝါကြီးနဲ့ သီကြွေးလိုက်တဲ့ အစ်ကိုကြီးကိုလှရွှေ ရဲ့တေးသီသံဟာ ကျွန်တော့်အာရုံထဲဆီ တကြော့ပြန်ဝေ့ဝဲဝင်ရောက်လာပါတယ်။ အကိုကြီး ကိုလှရွှေ ကိုဗစ်နဲ့ကွယ်လွန်ဆုံးပါးသွားရပြီဆိုတဲ့ သတင်းကို ကြာလိုက်ရခြင်းနဲ့အတူ တခါက သူ့ရဲ့သီချင်းသံကြီးဟာ ကျွန်တော့်ရင်ထဲ ရစ်ဝဲ ဝင်ရောက်လာတာဖြစ်ပါတယ်။ ( သီချင်းစာသားတွေက တိတိကျကျ ဟုတ်ချင်မှ ဟုတ်မှာဖြစ်ပြီး၊ တချို့နေရာတွေမှာ မူကွဲလေးတွေ(သို့မဟုတ်)စကားလုံး အထားအသို အပြောင်းအလဲလေးတွေ ရှိကောင်းရှိနိုင်ပေမဲ့၊ ကျွန်တော့်ရင်ထဲ စူးစူးနင့်နင့်ကြီး ထိုးခွဲ ဝင်ရောက်လာတာကတော့- ဒီအတိုင်းပါပဲ။ အာရုံထဲမှာ ကြားလိုက်ရတာက ဒီအတိုင်းပါပဲ။) သူ့အသံက အသံဝါဝါကြီးနဲ့ဖြစ်ပေမဲ့၊ လွမ်းမောဖွယ် ကြေကွဲဖွယ်… Read More »