ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၃)—-(ထွန်းဇင်အောင်)
ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၃)—-ထွန်းဇင်အောင် (အပိုင်း) (၃) ကျွန်တော်တို့ အခုပြောတဲ့တိုက်ပွဲကို ထုံးစံအတိုင်း အကဲဖြတ်နေကြတာက ဒါဟာ အစိုးရမဲ့ဝါဒဖြစ်တယ်၊ ဘလန်းကီးဝါဒ ဖြစ်တယ်၊ အကြမ်းဖက်ဝါဒဟောင်း ဖြစ်တယ်၊ လူထုနဲ့ကင်းကွာနေတဲ့ လူတချို့ရဲ့လုပ်ရပ်တွေဖြစ်တယ်၊ အလုပ်သမားတွေကို စည်းမဲ့ကမ်းမဲ့ ဖြစ်စေတယ်၊ လူထုလူတန်းစားအလွှာစုံကို သူတို့နဲ့ ကင်းကွာသွားစေတယ်၊ အရေးတော်ပုံကို ဖရိုဖရဲဖြစ်စေပြီး တော်လှန်ရေးကို ထိခိုက်စေတယ်။ ဒီလိုအကဲဖြတ်မှုကို ထောက်ခံတဲ့ ဥပမာတွေကို သတင်းစာတွေမှာ နေ့စဉ်အစီရင်ခံနေတဲ့ အဖြစ်အပျက်တွေမှာ အလွယ်တကူ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ အဲသလို ဥပမာတွေက ယုံချင်စရာကောင်းသလား။ ဒါကို စမ်းသပ်ဖို့ ကျွန်တော်တို့ လေ့လာနေတဲ့ တိုက်ပွဲပုံစံ အဖြစ်ထွန်းဆုံးဒေသဖြစ်တဲ့ လက်တစ်ရှ်နယ်ကို ကြည့်ရအောင်။ ဒီလို ထုံးစံ အကဲဖြတ်မှုကတော့ လက်တစ်ရှ် ဆိုရှယ်ဒီမိုကရက်တွေကို နိုဗားယား ဗရီးမီးယားသတင်းစာက (စက်တင်ဘာ ၉ ရက်နဲ့ ၁၁ ရက်ထုတ် သတင်းစာတွေမှာ) အပြစ်တင်တဲ့ပုံ ဖြစ်တယ်။ လက်တစ်ရှ် ဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီ (ရုရှား ဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီရဲ့… Read More »