လတ်တလောအခြေအနေနဲ့ပတ်သက်လို့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သဘောထား ထုတ်ပြန်ချက်-၁/၂၀၂၁

လတ်တလောအခြေအနေနဲ့ပတ်သက်လို့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သဘောထား ထုတ်ပြန်ချက်-၁/၂၀၂၁ ရက်စွဲ။ ။ ၃၁- ၁- ၂၀၂၁ တပ်မတော်အနေနဲ့အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရကြောင်း သတင်းစာရှင်းလင်းပွဲမှာ တပ်ဘက်က ပြောကြားလိုက်တာနဲ့ တဆက်တည်းဆိုသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဥပဒေအားလုံး၏ Mother law ဖြစ်ပြီး မလေးစား မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမှာဖြစ်ကြောင်း ကာချုပ်ဗိုလ်မင်းအောင်လှိုင်က ဗြောင်ပြောလာပြန်ပါတယ်။ အဲဒီနောက်၊ လုံခြုံရေး တင်းကျပ်ထားတဲ့ နေပြည်တော်မှာ စစ်တပ်ကိုယ်စားလှယ်များနဲ့ ဒီချုပ်ကိုယ်စားလှယ်များ တွေ့ဆုံတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တပ်ဘက်က ရွေးကောက်ပွဲရလဒ်ကို လက်မခံလိုတဲ့ သဘောထားဖော်ပြမှုနဲ့ အတူ လွှတ်တော်ရွှေ့ဆိုင်းဖို့ ကာလုံခေါ်ပေးဖို့တင်းတင်းမာမာ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒီလုပ်ရပ်တွေဟာ ၁၉၅၈ ပထမအကြိမ် စစ်တပ်က တရားဝင်အာဏာသိမ်းလို့ရအောင် တာတေစနေသား ဦးနုကို အကျပ်ကိုင် လက်မှတ်ထိုးခိုင်းသလို ဒီချုပ်ကို အကျပ်ကိုင်တဲ့သဘောပါပဲ။ ဒါဟာ သမိုင်းတပတ် လည်လာပြန်တာလား။ ၂၀၀၈ အောက်မှာ ဝင်မိသမျှ အစိုးရတွေဟာ ဒီလို စစ်အာဏာခြိမ်းခြောက်မှု၊ ၂၀၀၈ ခြေဥကို ကိုင်ပြီး အနိုင်ကျင့် ဗိုလ်ကျမှု၊အကျပ်ကိုင်မှုတွေ၊ စစ်ကိုယ်စားလှယ် တမတ်သားနဲ့ ထိန်းချုပ်မှုတွေ တောက်လျှောက် ရင်ဆိုင်နေရဦးမှာပါ။ ရင်ကြားစေ့ပေါ်လစီ မအောင်မြင်ကြောင်း… Read More »

တောင်တရုတ်ပင်လယ်ထဲက တရုတ်အမေရိကန် အားပြိုင်ပွဲတွေ (နိုင်မိုးအေး)

တောင်တရုတ်ပင်လယ်ထဲက တရုတ်အမေရိကန် အားပြိုင်ပွဲတွေ (နိုင်မိုးအေး) အမေရိကန် စစ်သင်္ဘော သီအိုဒိုရုစဗဲ့ဟာ တောင်တရုတ်ပင်လယ်ထဲကို ချင်းနင်းဝင်ရောက် သွားခဲ့ပါပြီ။ ဒါက သမ္မတသစ် ဂျိုးဘိုင်ဒင်ရဲ့ တရုတ်ပြည်ရေးရာအယူအဆကို စတင် ဖော်ထုတ်လိုက်တာပဲဖြစ်ပါတယ်။ စစ်သင်္ဘော သီအိုဒိုရုစဗဲ့ တောင်တရုတ်ပင်လယ်ထဲ ချင်းနင်းဝင်ရောက်လာတာနဲ့အတူ ဘိုင်ဒင်အစိုးရဟာ တရုတ်ပြည်ရေးရာ ထရန့်ပေါ်လစီတချို့ကို သဘောတူကြောင်း ထုတ်ဖော်ကြေညာလိုက်ပါတယ်။ အဲဒါကတော့ တခြား မဟုတ်ပါဘူး။ တရုတ်အစိုးရက ဝီဂါတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ထရမ့်အစိုးရအဖွဲ့ရဲ့ တရားဝင်ထုတ်ပြန်ပြောဆိုချက်ကို ဂျိုးဘိုင်ဒင်က သဘောတူကြောင်း ထုတ်ဖော်ပြောဆိုလိုက်တာပါ။ ဝီဂါလူမျိုးတွေဟာ တရုတ်ပြည်အနောက်ပိုင်း စင်ကျန်းပြည်နယ်ထဲက အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေပါ။ သူတို့ဟာ ရှေးနှစ်ပေါင်း များစွာကတည်းက ကိုယ်ပိုင်ဓလေ့ ကိုယ်ပ်ုင်ယဉ်ကျေးမှုတွေရှိခဲ့ပြီး ပြည်မကြီးနဲ့အတူ ဥမကွဲသိုက်မပျက် နေလာခဲ့တာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဒီဒေသအတွင်း ခွဲထွက်ရေးလှုပ်ရှားမှုပေါ်ပေါက်လာပြီး တည်ငြိမ်အေးချမ်းတဲ့ အခြေအနေ ပျက်ပြားခဲ့ပါတယ်။ တရုတ်ပြည် ဗဟိုအစိုးရဟာ ပြဿနာအတော်များများကို ချင့်ချင့်ချိန်ချိန် ကိုင်တွယ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဗဟိုအစိုးရမှာ အကဲဆတ်တဲ့ ပေါ်လစီတချို့ရှိပါတယ်။ အဲဒါတွေကတော့ နယ်စပ်ဒေသပြဿနာတွေ၊ တရုတ်ပြည်နယ်နိမိတ်ကို ထိခိုက်မယ့်အရေးကိစ္စတွေနဲ့ တရုတ်ပြည်ပိုင်နက်ကို… Read More »

မီးတုတ်ကိုင်ဖို့ပြင်ကြလော့ (နီအောင်ဝေ)

မီးတုတ်ကိုင်ဖို့ပြင်ကြလော့ (နီအောင်ဝေ) စစ်တပ်က ရွေးကောက်ပွဲရလာဒ်ကို ပြဿနာရှာနေတာ မပြီးနိုင်မစီးနိုင်။ ဒီချုပ်ပါတီကိုမဲပေးရာမှာ မဲမသမာမှုတွေဖြစ်ခဲ့တယ်ဆိုရင်တောင် အာဏာပိုင်အစစ်အမှန်ဖြစ်တဲ့စစ်အုပ်စုလက်ချက်သာဖြစ်လိမ့်မယ်။ ဒီချုပ်ဟာ ရွေးကောက်ပွဲနိုင်ဖို့ မဲခိုးရမယ့်ပါတီမဟုတ်တာ ပြည်တွင်းပြည်ပ သိသာမြင်သာတဲ့ကိစ္စပါ။ ဒါပေမဲ့ စစ်အုပ်စုက ဘာကြော င့်ပြဿနာရှာနေသလဲ။ ဒီချုပ်ဆက်ပြီး အစိုးရနေရာ၊ လွှတ်တော်နေရာတွေမှာ နေရာယူမှာကို မလိုလားတာတခုတည်းတော့မဟုတ်ဘူး။ ရွေးကောက်ခံအစိုးရမှာရှိတဲ့အာဏာဆိုတာ မဖြစ်စလောက် ယောင်ပြဆိုတာ သူတို့အသိဆုံးပဲ။ အခြေခံဥပဒေ အတည်ပြုပွဲကစလို့၂၀၀၈ ခြေဥအောက်က ရွေးကောက်ပွဲတွေမှာ သူတို့မဲခိုး၊ မဲလိမ်၊ မဲဝယ်၊ မဲဓားပြတိုက်ခဲ့သမျှ ဘူးပေါ်သလိုပေါ်ခဲ့တာတွေအတွက် သူခိုးကလူပြန်ဟစ်ပြီး ဒီချုပ်ကို တန်းညှိချင်တာ၊ ၂၀၀၈ အခြေခံဥပဒေကို ပြဒါးရှင်လုံးလို သူတို့လိုသလို သုံးနိုင်တယ်လို့ထင်နေတာ၊ သည်အခြေခံဥပေဒနဲ့သူတို့အာဏာကို တည်မြဲနေစေလို့ဥစ္စာရူး၊ အာဏာရူး ရူးနေတာ စသဖြင့် အကြောင်းအရင်းတွေ အစုံရှိလိမ့်မယ်။ ၂၀၀၈ အခြေခံဥပဒေ တည်မြဲရေးအတွက် ရန်ဖြစ်ပြပြီး ဒီမိုကရေစီအရေခြုံ စစ်အာဏာကို သိဒ္ဓိတင်ပေးနေတာလည်း ဖြစ်နိုင်တာပဲ။ ဟိုဟိုဒီဒီ သီးခြားအခြေအနေများ အပေါ်ကြည့်ရှုရုံမျှမဟုတ် အခြေအနေတခုလုံးအပေါ် ခြုံငုံသုံးသပ်ပါက စစ်အုပ်စုဟာ ရွေးကောက်ပွဲကိစ္စသာမက နိုင်ငံရေး စီးပွားရေးကိစ္စမှန်သမျှကို ကြိုးကိုင်ထားကြောင်း ထင်ရှားပါတယ်။… Read More »

စစ်တပ်က အာဏာသိမ်းမတဲ့လား (ညီဌေးကျော်)

စစ်တပ်က အာဏာသိမ်းမတဲ့လား (ညီဌေးကျော်) ၂၀၀၈ ခြေဥပေးထားချက်အောက်ကကျင်းပတဲ့ (၂၀၁၅၊ ၂၀၂၀) ရွေးကောက်ပွဲ ၂ ကြိမ်စလုံး ခွက်ခွက်လန်ရှုံးနိမ့်သွားတဲ့ စစ်အုပ်စုကိုယ်စားပြုကြံ့ဖွံ့ပါတီဟာ သူ့ရှေ့က ဗိုလ်နေဝင်းဆိုရှယ်လစ်ပါတီ(မဆလ)လိုပဲ နိုင်ငံရေးအမှိုက်ပုံးထဲရောက်သွားတော့မယ့် အခြေအခြေအနေပါ။ စစ်တပ်ကိုယ်စားလှယ် ၂၅% နဲ့ ကြံ့ဖွံ့အပေါင်းအပါများ ၂၆% ပေါင်းပြီး အစိုးရတရပ်ဖွဲ့ကာ သမ္မတလုပ်ဖို့ဆိုတဲ့ စိတ်ကူးအိပ်မက်ဟာလည်း ပူဖေါင်းပေါက်သလို ပေါက်ကွဲလွင့်ပြယ်သွားတဲ့နောက် ဗိုလ်မင်းအောင်လှိုင်တယောက် တနေ့တမျိုးဇာတ်ထုတ်တွေခင်းလာပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့လို၊ မဲမသမာမှုတွေ တွေ့ရှိထား၊ ရခိုင်မှာ ရွေးကောက်ပွဲ ထပ်လုပ်ဖို့လို၊ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ဖို့လို၊ သမ္မတနဲ့ရွေးကော်ကို အရေးယူဖို့ တရားလွှတ်တော်ချုပ်မှာ စာချွန်လွှာတင်၊ (ရွေးကောက်ပွဲ အငြင်းပွားမှု) လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို လွှတ်တော်၊ အစိုးရ၊ ရွေးကော်တို့မှ နည်းနာရှာ ဖြေရှင်းပေးဖို့- တပ်မတော်မှ သဘောထားကြေညာချက် ထုတ်လာတယ်။ ကြံ့ဖွံ့ကလည်း တပ်မတော်ထောက်ခံပွဲ ရွေးကောက်ပွဲ ကန့်ကွက်ပွဲများ လုပ်နေဆဲပဲ။ လာမယ့် ဖေဖော်ဝါရီ လွှတ်တော်သစ်မှာ တက်ဖို့ မသေချာကြောင်းလည်း လေသံလွှင့်နေတယ်။ ဒါတွေဟာ ၂၀၀၈ ခြေဥအောက်မှာ ဖြစ်နေတာတွေပါ။ ဒီချုပ်ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကလည်း၂၀၀၈ ခြေဥကိုင်ပြီး တုံ့ပြန်တာပါပဲ။… Read More »

အာဏာသိမ်းရင် လူမိုက်လမ်းဆုံးဖြစ်လိမ့်မယ်။ (ညိုစိန်ဝင်း)

အာဏာသိမ်းရင် လူမိုက်လမ်းဆုံးဖြစ်လိမ့်မယ်။ (ညိုစိန်ဝင်း) စစ်တပ်က အာဏာသိမ်းလိမ့်မယ်ဆိုတဲ့ သတင်းက ရွေးကောက်ပွဲအကြိုကာလကတည်းက ထွက်နေတဲ့သတင်းပါ။ အခု ရွေးကောက်ပွဲပြီးသွားလို့ အနိုင်ရပါတီက အစိုးရဖွဲ့ဖို့ ပြင်နေတဲ့ကာလအထိ ဒီလေသံ ဒီသတင်း ထွက်နေတုန်းပါပဲ။ ဒီတခါ ထူးခြားတာကတော့ ဒီချုပ်ပါတီဘက်ကပါ အာဏာသိမ်းချင်သူတွေအနေနဲ့ ဖြစ်လာမယ့်ရလဒ် အကျိုးဆက်ကို ထည့်စဉ်းစားပါလို့ တုံ့ပြန်တဲ့အထိ ဖြစ်လာရတာပါပဲ။ ဒီချုပ်အနေနဲ့က ဒီလောက်တုံ့ပြန်ဖို့ကိုတောင် အတော်အားယူကြိုးပမ်းရပုံပါ။ ရွေးကောက်ပွဲအကြိုကာ အာဏာသိမ်းလိမ့်မယ်ဆိုတဲ့သတင်းတွေထွက်လာကည်းက ကြိုတင်တွက်ဆရခဲ့တာတွေရှိပါတယ်။ စစ်အုပ်စုနဲ့ ကြံ့ဖွံ့ပါတီတို့ဘက်က ရွေးကောက်ပွဲကိုတော့ ဖျက်မှာမဟုတ်ဘူး။ ရွေးကောက်ပွဲရလာဒ်က သူတို့မျှော်မှန်းသလို ဖြစ်မလာရင်တော့ ရွေးကောက်ပွဲကို မသမာဘူးဆိုပြီး သူတို့ကိုယ်တိုင်က မသမာတဲ့အကြံအစည်နဲ့ ရွေးကောပွဲရလာဒ်ကို တိုက်ခိုက်တာတွေ လုပ်လိမ့်မယ်ဆိုပြီး တွက်ဆလို့ရခဲ့ပါတယ်။ တွက်ဆရုံမက ပြောလည်းပြောခဲ့ပါတယ်။ အခု အဲ့ဒီအတိုင်း ဖြစ်လာတာပါပဲ။   တလျှောက်လုံး စစ်အုပ်စုက အပေါ်စီးကနေ ၂၀၀၈ ခြေဥကို ကိုင်ပြီး အာဏာချုပ်ထိန်းထားတာပဲ။ အာဏာသိမ်းစရာမှ မလိုတာဆိုပြီး အာဏာသိမ်းမယ်ဆိုတဲ့ သတင်းကို လက်မခံသူတွေလည်း ရှိပါတယ်။ နောက်ပြီး အရပ်သားအစိုးရ မျက်နှာဖုံးတပ်ထားတဲ့အတွက် သူတို့စစ်အာဏာ ဆက်လက်ထိန်းသိမ်းထားရာမှာ ပိုပြီး ရုပ်ပြကောင်းတယ်၊… Read More »

တော်လှန်ရေး၏ လင်းယုန်နီနှင့်အတူ(သိန်းထွန်းနိုင်)

တော်လှန်ရေး၏ လင်းယုန်နီနှင့်အတူ သိန်းထွန်းနိုင် အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၅) မှာ ဖော်ပြမယ့် ဆောင်းပါး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ဟာ ကွန်မြူနစ်တော်လှန်ရေးသမား ရိုဇာလူဇင်ဘတ် ကျဆုံးတာ ၁၀၂ နှစ်မြောက်တဲ့နေ့ဖြစ်ပါတယ်။ ဒီနေ့ဟာ သူနဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့ ကားလ်လိဘနက် ကျဆုံးတဲ့နေလည်း ဖြစ်တယ်။ ကျဆုံးချိန်မှာ နှစ်ယောက်လုံး အသက် ၄၇ နှစ်သာ ရှိပါသေးတယ်။ လိဘနက်ထက် လအနည်းငယ်သာပိုကြီးတဲ့ ရိုဇာလူဇင်ဘတ်က ၁၉၀၁ ခုနှစ်မှာ လီနင်နဲ့စတွေ့ဖူးတယ်။ ၁၉၀၅ ခုနှစ်နဲ့၁၉၀၆ ခုနှစ် ရုရှားနဲ့အရှေ့ဥရောပ ပစ္စည်းမဲ့အုံကြွမှုတွေ ပေါ်ပေါက်တဲ့အခါ သူတို့အတော် ရင်းနှီးနေကြပါပြီ။ တယောက်နဲ့တယောက် သဘောတရားပိုင်း ကွဲလွဲမှုတွေ၊ အပြန်အလှန် ဝေဖန်မှုတွေလည်း ရှိခဲ့ကြပါတယ်။ ၁၉၂၂ ခုနှစ်မှာ ဂျာမန်မင်ရှီဗစ်တယောက်က လီနင်နဲ့သဘောထားကွဲလွဲမှုရှိတဲ့ ရိုဇာလူဇင်ဘတ်ရဲ့ရေးသားချက်တချို့ကို ပြန်ထုတ်ဝေဖို့လုပ်ပါတယ်။ ဒီလိုလုပ်တာဟာ ဓနရှင်လူတန်းစားအကြိုက် ဖြစ်လိမ့်မယ်လို့လီနင်က မှတ်ချက်ပြုတယ်။ သုံးသပ်ချက်တချို့မှားခဲ့ပေမယ့် ရိုဇာလူဇင်ဘတ်ဟာ တော်လှန်ရေးရဲ့လင်းယုန်ဖြစ်တယ်လို့ရုရှားပုံပြင်တခုကို ကိုးကားပြီး သူကချီးကျူးပါတယ်။ လင်းယုန်တွေဟာ တခါတရံမှာ ကြက်သားအုပ်မလောက် မြင့်မြင့်ပျံချင်ပျံမယ်၊ ဒါပေမယ့်… Read More »

ဘာလဲဥပေဒနဲ့အညီ

(သတင်းနှင့်မှတ်ချက်) ဘာလဲဥပေဒနဲ့အညီ မောင်သန်းမြရွှေ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက (၈ ဇန္နဝါရီ ၂၀၂၁ သတင်းစာရှင်းလင်းပွဲမှာ) လစ်ဘရယ်ရင်ကြားစေ့အစိုးရ ကိုယ်စားပြုပြောသွားရာမှာ (နိုင်ငံရေးအကျဉ်းသမားဆိုတာ နိုင်ငံရေးခံယူချက်အရ ဥပဒေနဲ့အညီ ဆန္ဒပြလို့ ဖမ်းခံရသူ) လို့ အဓိပ္ပာယ်ဖွင့်ဆိုသွားတယ်။ ဒါဟာ (မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ) ဆိုတာနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သွားပြီ။ ပြောင်းပြန်ဖြစ်သွားပြီ။ (မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ ဆိုတာကိုစွန့်လွှတ်ပြီး အမိန့်အာဏာ အဝန်းအဝိုင်းထဲ ရောက်သွားတာနဲ့ ယခုလို ပြောင်းပြန်ပြောဆိုချက်တွေ ပြောင်းပြန်လုပ်ရပ်တွေ တရစပ် ထွက်ပေါ်လာတော့တာပါပဲ။) အဓိပ္ပါယ်က စစ်တပိုင်းအစိုးရကို ၂၀၀၈ အောက် ဥပဒေနဲ့အညီဒူးထောက်ကြဖို့နဲ့ ဒူးမထောက်ရင် နှိပ်ကွပ်ဖို့ လှုံ့ဆော်သွားတာပါ။ သမိုင်းမှာ နယ်ချဲ့ဆန့်ကျင်ရေး ပဒေသရာဇ်တော်လှန်ရေး သမားကြီးတွေကအစ၊ ဆရာစံ သခင်ဖိုးလှကြီး ဗိုလ်အောင်ကျော် ဗိုလ်အောင်ဆန်းအလယ်၊ ဖုန်းမော် ၊ မဝင်းမော်ဦး.. စတဲ့ ယနေ့ခေတ်အာဇာနည်များအဆုံး အားလုံးဟာ (လစ်ဘရယ်များအလိုအရ) rule of law ကိုချိုးဖောက်ကြသူများ ဥပဒေနဲ့မညီသူများ သာမန်ရာဇဝတ်သားများ ဖြစ်သွားကြပြီ။ ဥပဒေဆိုတာ လွှမ်းမိုးနေတဲ့လူတန်းစားရဲ့ အတွေးအခေါ်ကနေ ဆင်းသက်လာတာပါ။ လစ်ဘရယ်ဘူဇွာများရဲ့… Read More »