
ကျွန်မဆက်၍ရေးချင်သောဖေဖေ့အကြောင်းများ (လှကျော်ဇော)

ကျွန်မဆက်၍ရေးချင်သောဖေဖေ့အကြောင်းများ။ ဆောင်းပါးအမှတ်( ၅၄)။ ဖေဖေနဲ့ရဲဘော်တင်ရီ။ အရေးတော်ပုံဂျာနယ် အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး —ဟာ –ဟာ -ခင်ဗျား ခင်ဗျား သခင်ဇင်နောက်ကပါလာတဲ့ ဝေါကပြည်သူ့စစ်ခေါင်းဆောင်မဟုတ်လား။—– ကျွန်မတို့မိသားစု ၁၉၇၆ ခုနှစ် ဇူလိုင်လ ဗမာပြည်ကွန်မြူနစ်ပါတီကိုရောက်လာပြီးနောက် ဖေဖေနဲ့ကျွန်မကို ရဲဘော်ထွန်းက ဥက္ကဋ္ဌသခင်ဗသိန်းတင်နဲ့တွေ့ဖို့ ခေါ်သွားပါတယ်။ အဲဒီကာလက ဥက္ကဋ္ဌဦးစီးတဲ့ ပါတီကိုယ်စားလှယ်အဖွဲ့နဲ့ ကေ-အိုင်-အေအဖွဲ့ ခေါင်းဆောင်ဦးဘရန်ဆိုင်းဦးစီးတဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တပ်ပေါင်းစုဖွဲ့ရေးဆွေးနွေးနေတဲ့ကာလပါ။ အစည်းအဝေးရှိတဲ့နေ့တွေမှာဆိုရင် မနက်အစောစာ အားလုံးစားပြီးရင် ကျွန်မတို့သားအဖက ကိုယ့်အခန်းကိုယ်ပြန်လာပါတယ်။ ဖေဖေနဲ့(ဂျပန်ခေတ်ဘီဒီအေကာလကတည်းက) ရင်းနှီးတဲ့ မင်္ဂလာဒုံစစ်တက္ကသိုလ်ဆင်းတွေဖြစ်တဲ့ ရဲဘော်မျိုးမြင့်(ရဲဘော်အောင်-နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်)နဲ့ဗိုလ်သန်းရွှေ(၇၅ ဗဟိုကော်မတီ) တို့နှစ်ယောက် တယောက်တလှည့် ကျွန်မတို့သားအဖအခန်းကိုလာပြီး ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ပါတီတွင်းအခြေအနေတွေကို မိတ်ဆက်ပေးပါတယ်။  တနေ့တော့ ဒီနေ့အရှေ့မြောက်စစ်ဒေသ နိုင်ငံရေးမှူးရဲဘော်တင်ရီ(နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်)ရောက်မယ်လို့ကြားထားပါတယ်။ နေ့လည်ထမင်းစားခန်းမှာ အားလုံးဆုံတော့ ဥက္ကဋ္ဌက ရဲဘော်တင်ရီနဲ့မိတ်ဆက်ပေးချိန်မှာ ဆောင်းပါးအစမှာ ဖော်ပြထားတဲ့အတိုင်း ဖေဖေကတအံ့တသြပြောလိုက်တာပါ။ ရဲဘော်တင်ရီကဘာမှပြန်မပြောဘဲ သူ့သင်္ကေတမချိုမချဉ်ပြုံးထေ့ထေ့နဲ့ ဖေဖေလက်ကိုအားရပါးရဆွဲ-နှုတ်ဆက်ပါတယ်။ ဖေဖေကလည်း မပြီးနိုင်မစီးနိုင်ဆက်ပြီး— —-ခင်ဗျားတော်တော်ဆိုးတဲ့လူဗျာ။ ခင်ဗျားကြောင့်ကျုပ်တို့တတွေ သေမကုန်တယ်။ ကံကြီးပေလို့ပဲ။ —လို့မကျေမချမ်း ပြောလိုက်ပါသေးတယ်။ ပြီးမှ ဘေးကပါးစပ်အဟောင်းသားတွေနဲ့ဖြစ်နေတဲ့ ကျန်ခေါင်းဆောင်ရဲဘော်တွေကို အဖြစ်အပျက်အကြောင်းစုံကို ဇာတ်စုံခင်းပါတော့တယ်။ ၁၉၄၅-မတ်လ(၂၇)ရက်ဂျပန်တော်လှန်ရေးစတော့ ပဲခူးဒေသမှာအခြေစိုက်တဲ့ တိုင်း(၄)ရဲ့တိုင်းမှူးဖေဖေက စစ်ဌာနချုပ်အခြေစိုက်မယ့်-မြစ်ကျိုးဒေသကိုတပ်ချီလာရာမှာ နောက်နေ့မနက်မစောကြီး ဝေါမြို့လေးကိုရောက်တော့ ဖေဖေတို့ကို ကြိုနေသူက အဲဒီက ပြည်သူ့စစ်ခေါင်းဆောင်က ရဲဘော်တင်ရီ(ပဲခူးနေဝင်း) ပါ။ သူ့ရဲ့ပြောပြချက်အရ ဝေါမြို့သူကြီးအိမ်မှာ ဂျပန်(၂)ယောက်ရောက်နေပြီး ဝေါဘူတာရုံမှာလည်း ဂျပန်(၃)ယောက်သာရှိကြောင်း သိရသတဲ့။ အဲဒီတော့ဖေဖေတို့က ပွဲဦးထွက်ဒီဂျပန်တွေကိုတိုက်ဖို့ စီစဉ်တာပေါ့။ ဖေဖေတို့ကလည်း တိုင်းရုံးအဖွဲ့ပဲဖြစ်တာကြောင့် လူက(၂၀) ကျော်လေးပဲပါတယ်။ သင့်တော်သူလောက်ပဲထုတ်ပြီး (၂)သုတ်ခွဲ တသုတ်ကို သူကြီးအိမ်လွှတ် အဲဒီကဂျပန်(၂)ယောက်ကိုသတ်ခိုင်းပြီး ကျန်ရဲဘော်(၃-၄)ယောက်နဲ့ဖေဖေက ဘူတာရုံကိုချီတက်လာပါတယ်။ ဘူတာရုံလဲရောက်ရော ဘူတာမှာကဂျပန်(၄-၅)ယောက် စတွေ့ပါတယ်။ကဲ- ရောက်မှတော့မထူးဘူး၊ ဆက်တိုက်ရမှာပဲလို့စဉ်းစားပြီး တိုက်ဖို့အသေးစိတ်စီစဉ်နေတုန်းမှာပဲ သူကြီးအိမ်ဘက်က သေနတ်သံထွက်လာပြီး ဘူတာရုံနားရပ်ထားတဲ့ကားတစီး (တကယ်တော့ဘတ်စ်ကားက(၃)စီး၊ ကားပေါ်မှာလည်း ဂျပန်စစ်သား တပ်ခွဲတခွဲစာလောက်ရှိ)ပေါ်က ဂျပန်အရာရှိတယောက်ဆင်းလာပြီး ဂျပန်စစ်အရာရှိဝတ်စုံနဲ့ပဲရှိနေသေးတဲ့ဖေဖေ့ကို သေနတ်သံ ထွက်တဲ့ဘက်လက်ညှိုးညွှန်ပီးဘာဖြစ်တာလဲလို့မေးသတဲ့။ (ဂျပန်တော်လှန်ရေးစကာစမှာ ဂျပန်တပ်အတော်များများ မသိပါဘူး။ ဒါကြောင့် နေရာအတော်များများမှာအငိုက်မိကြပါတယ်။) ဖေဖေကလည်းပါးစပ်ထဲရောက်လာတဲ့ဂျပန်စကား-ကြိုယင် (စစ်လေ့ကျင့်ခန်း)လို့ပြောလိုက်တော့မှာ အဲဒီဂျပန်စစ်ဗိုလ် ကားပေါ်ပြန်တက်သွားသတဲ့။ ဒီတော့မှ ဖေဖေတို့တတွေ အမြန် ဆုတ်ရပါတော့တယ်။ (ညပိုင်းကျမှ ဝေါဘူတာရုံကို ဂျပန်တပ်ခွဲ(၁)ခွဲရောက်လာတာ ဘယ်သူမှမသိလိုက်တာပါ။) (ဒီအဖြစ်အပျက် အသေးစိတ်ကို ဖေဖေကသူ့စာအုပ်-ကိုယ်တိုင်ရေးအထုပွတ္တိ-ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့(ယဉ်မျိုးစာပေထုတ်)နှာ၁၀၀-၁၀၁မှာ အပြည့်အစုံရေးထားပါတယ်။ ရဲဘော်တင်ရီကလည်း အရေးတော်ပုံစာစောင်မှာ ဆောင်းပါးရေးဖူးပါတယ်။) အဲဒီကာလကစလို့ ရဲဘော်တင်ရီနဲ့(နောက်ပိုင်းသူ့မိသားစုနဲ့ပါ)ကျွန်မတို့မိသားစုတတွေ ခင်မင်ရင်းနှီးလာကြပါတယ်။ ကျွန်မတို့ပါတီက ခေါင်းဆောင်ရဲဘော် အများတကာ့အများစုကြီးဟာ အဆင့်အသီးသီးကရဲဘော်များနဲ့ တရင်းတနှီး ခင်ခင်မင်မင် နေတတ်လေ့ရှိပါတယ်။ ဒီအထဲမှာတော့ ရဲဘော်တင်ရီက အလွန့်ကို တသားတည်းနေထိုင်တတ်သူပါ။ အသက်အရွယ်မရွေးဘယ်သူ့ကိုမဆို သူငယ်ချင်းပေါင်းပေါင်းတာပါ။ စကားအကောင်း အတည်တွေပြောနေရာကနေ ဖောက်ချင်ဖောက်ပြီး ဟာသကနှောတတ်လေ့ရှိပါတယ်။ ဒါတွေကြောင့်လည်း ရင်းနှီးတဲ့ရဲဘော်များရဲ့ ဝေဖန်မှုတွေ ခံရတတ်ပါတယ်။ ဒါပေမဲ့ပြုပြင်တာလည်း မတွေ့ဖူးပါဘူး။ ကျွန်မကိုလည်း တခါမှကောင်းကောင်းကန်းကန်း မခေါ်ဖူးဘူး။ မိလှခေါ်လိုက် ခွေးမခေါ်လိုက်နဲ့။ ပန်ဆန်းရောက်ပြန်တော့ ဒေါက်တာပေါက်တူးဆိုတဲ့နာမည် ထပ်ရပြန်တယ်။ စကားစပ်လာမိတော့ ကျွန်မ ဒေါက်တာပေါက်တူးဘွဲ့ ရခဲ့တဲ့အကြောင်းလည်း ပြောပြရဦးမယ်။ ပန်းဆန်းမှာ (၁၉၈၅ခုနှစ်) ပါတီရဲ့တတိယကွန်ဂရက် ကျင်းပဖို့ပြင်ဆင်နေချိန်အတွင်း အရှေ့မြောက်စစ်ဒေသ နိုင်ငံရေးဌာနကြီးရဲ့ဌာနမှူးရဲဘော်ကြည်ပြိုင်(၇၅ဗဟိုကော်မတီ-အရံဗဟိုကော်မတီဝင်) မကျန်းမမာဖြစ်ပါတယ်။ ဆေးလိပ်အလွန်ကြိုက်ပြီး တသက်လုံး သောက်လာသူဆိုတော့ အစောပိုင်းလေပြွန်ရောင်ရောဂါကနေ တဖြည်းဖြည်းအဆုပ်-နှလုံးရောဂါရလာပါတယ်။ ရောဂါပြင်းလာတော့ တဘက်နိုင်ငံပို့ဖို့စီစဉ်ပါတယ်။ သူကလက်မခံပါဘူး။ သေလည်း ဒီပန်ဆန်းမှာပဲသေမယ်တဲ့။ ဒီတော့ရဲဘော်တင်ရီက ကျွန်မနဲ့အရှေ့မြောက်စစ်ဒေသဆေးရုံက ဒုနိုင်ငံရေးမှူးဆရာမကြီးဒေါ်ငွေကိုခေါပြီး လူနာကိုအတတ်နိုင်ဆုံးစောင့်ရှောက်ကုသဖို့ တာဝန်ပေးပါတယ်။ လူနာကဆေးရုံလည်း မတက်ချင်ဘူးဆိုတော့(ရဲဘော်ကြည်ပြိုင်ဆိုတာကလည်း ဂျစ်တစ်တစ်၊ပေကပ်ကပ်ရယ်) အိမ်မှာပဲထားပြီး သူတို့ဌာနကဆေးမှူးလေးကို တာဝန်ပေးထားပြီး ကျွန်မတို့(၂)ယောက်က ညနေစောင်းမှ သွားသွားကြည့်။ နောက်နေ့အတွက် ညွှန်ကြားစရာရှိပြောခဲ့၊ ကျန်အချိန်တွေ လိုအပ်လာရင်… Read More »

၂၀၂၀ ရွေးကောက်ပွဲအပေါ်ကြည့်မြင်ခြင်း (A.ငြိမ်း)

၂၀၂၀ ရွေးကောက်ပွဲအပေါ်ကြည့်မြင်ခြင်း (A.ငြိမ်း) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) ရဲ့ ဖောင်ပိတ်ဆောင်းပါး (၁) ဒီနေ့ပုံပေါ်လာတဲ့အပေါ် စဉ်းစားစရာအချက်များ – ရွေးကောက်ပွဲရလဒ်က အများခန့်မှန်းထားသလို အဖြေထွက်မလာခဲ့ဘူး။ ဒီချုပ် တာဝန်ရှိသူတွေပင် ဒီလိုမှန်းမထားခဲ့ပါဘူးလို့ ပွင့်ထွက်လာတယ်။ ရလဒ်က သိပ်ကြီးနေလို့ ဖြစ်တယ်။ ဘာ့ကြောင့်ပါလဲ။ ကိုဗစ်နဲ့စစ်အုပ်စု (ကြံ့ဖွံ့၊ မဘသ နဲ့ အခြံအရံပါတီများအပါ) က အဆုံးအဖြတ်ပေးသွားတာ ဖြစ်တယ်။ ကိုဗစ်ကာလ တတိုင်းပြည်လုံး ကူကယ်ရာမဲ့ဖြစ်နေချိန် အတိုင်ပင်ခံပုဂ္ဂိုလ်က အစိုးရရဲ့ အခွင့်အာဏာကို အသုံးချတတ်တဲ့အတွက် လူထုရဲ့အားကိုးမှုနဲ့ ပုံအပ်မှုကို အရယူသွားနိုင်ခဲ့တယ်။ ဒီအချိန်မှာ သူတယောက်သာ ပြောနိုင်ဆိုနိုင် စည်းရုံးနိုင်တာဖြစ်တယ်။ သူက အကူအညီတွေ ဖောဖောသီသီ ပေးနေချိန် ကျန်ပါတီတွေက သာရေးနာရေး ကူညီသလောက်ပဲ ထည့်ဝင်နိုင်ခဲ့ကြတယ်။ သူက တတိုင်းပြည်လုံးကို ဝါဒဖြန့်ချိရေးစကားတွေ စည်းရုံးရေးစကားတွေ နားလျှံကျသည်အထိ အထပ်ထပ်အခါခါ စိတ်ကြိုက်ပြောနိုင်ပေမယ့် ကျန်ပါတီတွေက နာရီဝက်လောက်ပဲ အာမနှံ့လျှာမနှံ့ ပြောခွင့်ရခဲ့တယ်။ မီဒီယာတွေနဲ့ လေလှိုင်းကဗျူးတာ၊ ကြေညာချက်ထုတ်နိုင်တာကလည်း လက်တဆုပ်စာပါတီတချို့ပဲ တတ်နိုင်တယ်။ ဒါကလည်း… Read More »

ကမ္ဘာ့ဗိုလ်နေရာဆက်ထိန်းဖို့ အစွမ်းကုန်လုပ်တော့မယ့် အမေရိကန်(နီအောင်ဝေ)

ကမ္ဘာ့ဗိုလ်နေရာဆက်ထိန်းဖို့ အစွမ်းကုန်လုပ်တော့မယ့် အမေရိကန် (နီအောင်ဝေ) ‘အမေရိကန် ပြန်လာပြီ ကမ္ဘာကို ဦးဆောင်ဖို့အဆင်သင့်ပဲ’ လို့ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က ကြွေးကြော်လိုက်ပါတယ်။ အဖိနှိပ်ခံ အမေရိကန်ပြည်သူတွေနဲ့နိုင်ငံတကာ အဖိနှိပ်ခံများအတွက်တော့ ဂျိုးဘိုင်ဒင်ဟာ ငကန်းသေလို့ပေါ်လာတဲ့ ငစွေပါ။ ‘အမေရိက ပထမ’ဆိုသူ မရှိတဲ့အခါ ‘အမေရိကန်က ဗိုလ်လုပ်မယ်’ဆိုသူ ရောက်လာပါတယ်။ ဘိုင်ဒင်က အီရတ်နဲ့အာဖဂန်နစ္စတန် ကျူးကျော်စစ်တွေကို ထောက်ခံခဲ့တယ်။ စစ်သားဦးရေတိုးဖို့၊ စစ်အသုံးစရိတ်တိုးဖို့ထောက်ခံခဲ့တယ်။ ကလင်တန် အစိုးရလက်ထက်က ယူဂိုဆလားဗီးယားအရေးမှာလည်း အဓိကအခန်းက ပါခဲ့တယ်။ နှစ်သစ်မှာ အာဏာလွှဲယူမယ့် သူ့အစိုးရအဖွဲ့ကို ‘နယ်ချဲ့ဖောက်ပြန်ရေး ရောင်စုံ ညွန့်ပေါင်းအဖွဲ့’ လို့ ဆိုရှယ်လစ် သတင်းဝဘ်ဆိုက်တခုက နာမည်ပေးထားပါတယ်။ တကယ်ကတော့ ဒီအဖွဲ့ဟာ အမှတ်အသားပြုနိုင်ငံရေးဆိုတဲ့ လက်ယာ အနှစ်သာရကို ရောင်ပြန်ဟပ်တာဖြစ်ကြောင်းလည်း အကဲဖြတ်ထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမယ့် အန်တိုနီဘလင်းကင်းက အမေရိကန်ရဲ့ဆီးရီးယား၊ လစ်ဗျားနဲ့ယီမင် ကျူးကျော်စစ်တွေကို ထောက်ခံခဲ့တဲ့ စွက်ဖက်ရေးသမားဖြစ်တယ်။ အစ္စရေးထောက်လှမ်းရေးနဲ့ အလုပ်အတူတူလုပ်နေတဲ့ အကြံပေးအဖွဲ့တဖွဲ့ကို ပူးတွဲတည်ထောင်ခဲ့သလို ဂူဂယ်ရဲ့ဆင်ဆာဖြတ်တဲ့အစီအစဉ်တွေ၊ ဆော့ဖ်ဝဲတွေကိုလည်း ကူညီဖန်တီးပေးခဲ့သူပါ။ စီအိုင်အေ လက်ထောက်ညွှန်မှူးဟောင်း အာဗရီးဟိန်းစ်က အမျိုးသားထောက်လှမ်းရေးအဖွဲ့ရဲ့ပထမဆုံး အမျိုးသမီးညွှန်မှူး ဖြစ်လာလိမ့်မယ်။ သူကလည်း ခေသူတော့ မဟုတ်ဘူး။ အိုဘားမားအစိုးရလက်ထက်မှာ အာရှ၊ အာဖရိကနဲ့အာရပ်နိုင်ငံတွေမှာ… Read More »

ကိုဗစ်၊ ရွေးကောက်ပွဲ၊ မင်းရဲသိင်္ခသူနဲ့ ဗိုလ်ချုပ်ရုပ်ရှင်(မြစမ်းအေး)

ကိုဗစ်၊ ရွေးကောက်ပွဲ၊ မင်းရဲသိင်္ခသူနဲ့ဗိုလ်ချုပ်ရုပ်ရှင် (မြစမ်းအေး) ဗိုလ်မင်းအောင်လှိုင်ရဲ့ ရေငုပ်သင်္ဘောပြပွဲသတင်းဖတ်ရတော့ ဗိုလ်နေဝင်းရဲ့(လွှတ်တော်)သင်္ဘော ရေချပွဲကို သွားသတိရမိတယ်။ ၁၉၇၄ မဆလ တပါတီရွေးကောက်ပွဲ အောင်ပွဲနဲ့အတူ ဆင်မလိုက်သင်္ဘောကျင်းမှာ ပြည်တွင်းဖြစ် (လွှတ်တော်)ဆိုတဲ့ သင်္ဘောကြီးတစင်း ရေချပွဲအကြောင်း မဆလသတင်းစာများရဲ့မျက်နှာဖုံးသတင်း ဖော်ပြလာတယ်။ ရယ်စရာကောင်းတာက အဲဒီ(လွှတ်တော်)သင်္ဘောဟာ အခွံချည်းဖြစ်ပြီး အင်ဂျင်မပါဘူး။ သမ္မတကြီးဦးနေဝင်း အလိုကျအောင် ဟန်ပြရေချပြီး နောက်နေ့မှာ ဒေါက်ပေါ်ပြန်ဆွဲတင်ထားရတာ ဖြစ်တယ်။ ယခုလည်း ၂၀၂၀ရွေးကောက်ပွဲအမီ ရေချပြတဲ့ မင်းရဲသိင်္ခသူ ရေငုပ်သင်္ဘောကို တပ်မတော် မှန်/ပြန်အဖွဲ့မှ ချီးမွမ်းခန်းဖွင့် ဋီကာချဲ့ ပြနေတယ်။ ၁၉၈၀မှာ သက်တမ်းကုန်နေတဲ့ ဒီဇယ်စွမ်းအင်သုံး ရုရှားလုပ်အဟောင်းကြီးကို အိန္ဒိယမှာမွမ်းမံပြီး ဗမာကို ပြန်ရောင်းပေးတာ ဖြစ်တယ်။ ဘယ်ဈေးပေးရလဲတော့ မဖော်ပြဘူး။ ဘာမဆိုင်ညာမဆိုင် ဘင်္ဂလားဒေ့ချ်ထက် အပြတ်အသတ် သာကြောင်းလည်း ပြောလိုက်သေးတယ်။ ရွေးကောက်ပွဲအမီ ကြည်းရေလေ စစ်ရေးပြအခမ်းအနားကျင်းပပြီး အားပြလိုပေမယ့် ကိုဗစ်ကြောင့်ကော ရခိုင်စစ်ပွဲ အခြေမလှတာကြောင့်ပါ မလုပ်ဖြစ်တော့တဲ့အတွက် (မင်းရဲသိင်္ခသူ နဲ့ပဲ) နှစ်သိမ့်လိုက်ရတာဖြစ်တယ်။ ဘင်္ဂလားဒေ့ချ်ကို ရန်လုပ်နေတာကတော့ မင်းအောင်လှိုင်စစ်တပ်မှ စစ်သုံ့ပန်းနှစ်ဦး ICJ နိုင်ငံတကာတရားရုံးမှာ သက်သေထွက်ဖို့ရောက်သွားတဲ့အပေါ် မခံချိမခံသာဖြစ်သွားလို့ပါ။ အလားတူပဲ ဒီချုပ်ကလည်း ဗိုလ်ချုပ်ရုပ်ရှင်ကို… Read More »

နာဂစ်နဲ့ကိုဗစ်-၁၉(စောအယ်ထူး)

နာဂစ်နဲ့ကိုဗစ်-၁၉ (စောအယ်ထူး) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး ဗမာပြည်မှာ ပြည်သူလူထုတရပ်လုံး အမျိုးသားအကျိုးစီးပွားကိုဦးထိပ်ထားပြီးရေးဆွဲခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၁၉၄၇ ခုနှစ်ကရေးဆွဲခဲ့တဲ့ အခြေခံဥပဒေပဲဖြစ်တယ်။ အဲ့ဒီတုန်းက လူမျိုးစုံပြည်သူတရပ်လုံး၊ တမျိုးသားလုံးဟာ လွတ်လပ်ရေးကိုပဲ အာရုံစိုက်သလို နိုင်ငံရေးအင်အားစုအားလုံးဟာလည်း လွတ်လပ်ရေးအတွက် ဦးတည်လုံးပမ်းကြတာပဲဖြစ်တယ်။ လွတ်လပ်တဲ့အမျိုးသားတရပ်ရဲ့အကျိုးအတွက် ရေးဆွဲခဲ့တဲ့အခြေခံဥပဒေဖြစ်တော့ ပြည်သူလူထုတရပ်လုံးအကျိုးရှိတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။ အခြေခံဥပဒေမှာ ထပ်မံဖြည့်စွက် ပြင်ဆင်ချင်တဲ့ကိစ္စတွေအနည်းအပါးရှိတာကလွဲပြီး အခြေခံဥပဒေအကျပ်အတည်းမရှိပါ။  ဒါကြောင့် အဲ့ဒီအခြေခံဥပဒေအရရွေးကောက်ပွဲတွေဟာလည်း အကျပ်အတည်းမရှိပါ။ နိုင်ငံရေးအင်အားစုတွေရွေးကောက်ပွဲမှာ မသမာမှုတွေလုပ်ကြပေမယ့် ရွေးကောက်ပွဲဟာ ပြည်သူလူထုအတွက် အကျပ်အတည်းမဖြစ်စေခဲ့ပါ။ ပြည်သူလူထုက ကြိုက်တဲ့အင်အားစုကို မဲပေးနိုင်သလို မဲမပေးဘဲလည်း နေနိုင်ပါတယ်။ ၁၉၇၄ အခြေခံဥပဒေဟာ စစ်အုပ်စုကအာဏာသိမ်းတာကို တရားဝင်စေဖို့ရေးဆွဲတဲ့အခြေခံဥပဒေဖြစ်တယ်။ ဟန်ပြလူထုဆန္ဒခံယူပွဲတွေလုပ်ပြီး အခြေခံဥပဒေကို ရေးဆွဲခဲ့တာဖြစ်တယ်။ လူထုကမကြိုက်လည်း အဲဒီဥပဒေကိုအတည်ပြုတာပဲ။ အဲ့ဒီတုန်းက ဥပဒေတွင်းနိုင်ငံရေးအင်အားစုအားလုံးကို ဖျက်သိမ်းထားတာဖြစ်တယ်။ မီဒီယာဆိုတာတွေဟာလည်း အားလုံးလိုလို “ပြည်သူပိုင်”တွေဖြစ်ပါတယ်။ မဆလတပါတီတည်း တရားဝင်တည်ရှိစေတဲ့ အခြေခံဥပဒေဖြစ်တယ်။ စစ်အာဏာရှင်စနစ် တည်မြဲအခြေခိုင်စေဖို့နဲ့ ပြည်သူလူထုကြီး ဒုက္ခဆင်းရဲရောက်စေမယ့်အခြေခံဥပဒေဖြစ်တယ်။ အဲဒီအခြေခံဥပဒေအရ ရွေးကောက်ပွဲလုပ်တဲ့အခါ လူထုက မဆလပါတီကိုထောက်ခံမဲပေးရင် ပေး၊ မပေးရင်ကန့်ကွက်မဲပေးရတယ်။ လူထုကကန့်ကွက်သည်ဖြစ်စေ၊ ထောက်ခံသည်ဖြစ်စေ မဆလတပါတီအာဏာရှင်စနစ်ပဲအနိုင်ရတော့ လူထုကြီးမှာမဆလပါတီရော၊ ရွေးကောက်ပွဲတွေအပေါ်မှာပါ ဘာမျှော်လင့်ချက်မှ မထားတော့တာတွေဖြစ်လာပါတယ်။ လူထုဟာ ကျဉ်းကျပ်မှုကိုခံစားလာရပါတယ်။ ဒါကြောင့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးမှာ လူထုကြီးက လူထုနည်းနဲ့ လူထုသဘောထားကို အဖြေပေးလိုက်တော့တာပဲ။ မဆလပါတီလည်းပျက်၊ ၇၄… Read More »

အချိန်ရောက်လို့သာ လုပ်ရတဲ့ ရွေးကောက်ပွဲနဲ့ ပြည်သူတွေရဲ့တုံ့ပြန်မှု(ရဲဘော်ဖိုးသံချောင်း)

အချိန်ရောက်လို့သာ လုပ်ရတဲ့ ရွေးကောက်ပွဲနဲ့ ပြည်သူတွေရဲ့တုံ့ပြန်မှု (ရဲဘော်ဖိုးသံချောင်း) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး  ရွေးကောက်ပွဲနီးလာတယ်ဆိုတာနဲ့ ဒါနဲ့ပတ်သက်တဲ့ သဘောထားတွေအမျိုးမျိုး၊ တုံ့ပြန်မှုတွေအမျိုးမျိုး ပေါ်လာကြပါတယ်။  ဗမာပြည်ကရွေးကောက်ပွဲလို အာဏာရသူတွေအချင်းချင်း လူလဲ၊ နေရာပြောင်းဖို့အတွက် မျက်လှည့်ပြတဲ့ ရွေးကောက်ပွဲလိုဟာကျတော့ တုံံ့ပြန်မှုတွေဟာ ပိုလို့တောင်များပါတယ်။ ဗမာပြည်သူလူထုဆိုတာ မဟုတ်မခံ၊ သန်းကောင်ထက်ညည့်မနက်၊ မိုးကိုတက်ပြီး ဒူးနဲ့တိုက်မယ် စတဲ့ကြွေးကြော်သံတွေနဲ့ လူလုပ်ကြသူတွေဖြစ်တော့ မျက်လှည့်ပွဲကို အသာလေးထိုင်ကြည့် လက်ခုပ်တီးတာမျိုး မလုပ်ပါဘူး။ နည်းမျိုးစုံနဲ့ဆန့်ကျင်ကြတော့တာပါပဲ။ အနည်းဆုံး အိမ်တွင်းကထမင်းဝိုင်းမှာ၊ လဘက်ရည်ဆိုင်တွေမှာ “ဒါမျိုးတွေနဲ့ ဒို့ကိုတော့လာမလုပ်နဲ့”ဆိုတာမျိုးပြောဖြစ်ကြမှာပါ။ ဒီလိုပြောကြရာကနေ “ဒါဖြင့် ငါတို့ ဘာလုပ်ကြမလဲ”ဆိုတဲ့မေးခွန်းမျိုး၊ အတွေးမျိုးတွေပေါ်လာမှာပါ။ ၂၀၀၈ ခြေဥအောက် ရွေးကောက်ပွဲဝင်ပြီး ဝင်ပြင်လမ်းကြောင်း၊ ရင်ကြားစေ့ရေးလမ်းကြောင်း လိုက်နေတာတွေကို လက်မခံလိုတော့ဘဲ ၂၀၀၈ ခြေဥ ဆန့်ကျင်တိုက်ဖျက်ရေးလမ်းကြောင်းကို ပြတ်ပြတ်သားလျှောက်လှမ်းဖို့ ပိုင်းဖြတ်လာကြတဲ့အင်အားစုတွေလည်း ရှိနေပါတယ်။ နိုးဗုတ်ဟာ ဒီလိုကနေပေါ်ထွက်လာတဲ့ လှုပ်ရှားမှုတခုလို့ မြင်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ မတရားလှည့်စားမှုကိုတားဆီးဖို့နည်းလမ်းတခု ဖေါ်ထုတ်တာလို့ယူဆပါတယ်။  ဓမ္မတာပဲ၊ ဒီရွေးကောက်ပွဲလှည့်ကွက်ကိုဖန်တီးတဲ့ စစ်အုပ်စုအသိုင်းအဝိုင်းနဲ့ အဲဒီလမ်းမှာ အကြွင်းအကျန်ကောက်စားနေတဲ့သူတွေဟာ ဒီနိုးဗုတ်လှုပ်ရှားမှုကို ဆန့်ကျင်တဲ့လုပ်ရပ်တွေကို… Read More »