ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မီတီ ၏ရခိုင်ဒေသအတွင်း ပျံ့နှံ့လာနေသော Covid – 19 ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ထုတ်ပြန်ကြေညာချက်
ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မီတီ ၏ရခိုင်ဒေသအတွင်း ပျံ့နှံ့လာနေသော Covid – 19 ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ထုတ်ပြန်ကြေညာချက် ၁။ ယခုအခါ COVID-19 ကူးစက်မြန်ရောဂါသည် ရခိုင်ဒေသအတွင်း အလျှင်အမြန်ပျံ့နှံ့နေကြောင်းသတင်းများ ကြားသိနေရပါသည်။ ဩဂုတ်လ ၁၆ မှ ၂၃ ရက်နေ့ည ၈ နာရီအထိ ရောဂါပိုးတွေ့ရှိသူ ၅၉ ဦးအထိရှိလာပြီ။ တပြည်လုံး ကူးစက်ခံရသူစုစုပေါင်း ၄၅၀ ဦး ရှိခဲ့ပြီ။ ကျန်းမာရေးဝန်ကြီးဌာနသတင်းများအရ ယခုကူးစက်မှုမှာ မျိုးဗီဇပြောင်းလဲနေသော ဗိုင်းရပ်စ်အမျိုးအစား ဖြစ်နိုင်သောကြောင့် ကူးစက်မှုနှုန်း ဆယ်ဆမြန်ကြောင်းနှင့် ဒုတိယလှိုင်း တကြော့ပြန်လာတာဖြစ်နိုင်ကြောင်း သတိပေးနှိုးဆော်ထားသည်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှလည်း ကာကွယ်ဆေးစမ်းသပ်ခြင်းနှင့် ကာကွယ်ဆေးလူတိုင်းစေ့ဖြန့်နိုင်ရေးမှာ နှစ်ချီကြာဦးမှာဖြစ်ကြောင်း သတိပေးထားသည်။ ၂။ ယခုအခါ ရခိုင်ဒေသတွင်း ရောဂါထိန်းချုပ်ရေးအတွက် ရပ်ကွက် မြို့ရွာအလိုက် ပိတ်ဆို့ထားခြင်း Lockdown- နေထိုင်မှု ကန့်သတ်ထားခြင်း၊ ညမထွက်ရအမိန့်ထုတ်ထားခြင်းများကို ဆောင်ရွက်ထားကြောင်း ကြားသိရပါသည်။ ရခိုင်မြောက်ပိုင်းတွင် အင်တာနက်ဆက်သွယ်ရေးလိုင်း ဖြတ်တောက်ထားသည်မှာလည်း ကြာလှပါပြီ။ ရခိုင်နှင့်မွတ်စလင် ဒုက္ခသည်စခန်းများနှင့် လတ်တလော စစ်ဘေးရှောင်စခန်းများတွင်လည်း သိန်းနဲ့ချီသောလူများ ပြွတ်သိပ်လျက်ရှိနေသည်။ သူတို့၏ဒုက္ခများကိုလည်း နားလည်ပေးသင့်ပါသည်။ ၃။ ကမ္ဘာနှင့်ချီဖြစ်ပွားနေသော စီးပွားရေးအကျပ်အတည်းနှင့် ကိုဗစ်ကပ်အောက်တွင် ပြည်တွင်းစစ်ပြဿနာ၊ ဆင်းရဲမွဲတေမှုပြဿနာ စသော အသည်းအသန်ပြဿနာပေါင်းစုံနှင့်… Read More »