ကာစတရို သို့မဟုတ် အနောက်တိုင်းက မီးရှူးတန်ဆောင်

> castro

သတင်းနဲ့မှတ်ချက်

သတင်းနဲ့မှတိချက်(၂၄-၁၁-၂၀၁၆) မူဆယ်၊ ၁၀၅ မိုင်၊ ဗန်ဆိုင်း၊ မုံဂူဘက်မှာ တိုက်ပွဲတွေ ဘာကြောင့်ဖြစ်ပေါ်လာရသလဲ ကြိုးတုပ်ခံထားရတဲ့ အခြေအနေက လွတ်မြောက်အောင် အဝိုင်းခံထားရတာကို ဖောက်ထွက်တာ၊ နှောင်ကြိုးကို ဖြတ်တောက်တာ (သို့မဟုတ်) ကြိုးကို ဖြေ(ဖြီ) လိုက်တာပဲလို့ မြင်တယ်။ နိုင်ငံရေးအရ NCA ကိစ္စ၊ ၂၁ ရာစု ပင်လုံကိစ္စတွေမှာ ကြိုးတုပ်ခံထားရတယ်။ ပြဿနာတွေကို တဆင့်ချင်း ဖြေရှင်းသွားမယ်။ ပထမဆုံး NCA ကို လက်မှတ်ထိုးပါ။ လက်မှတ် ထိုး-မထိုးအပေါ်မှာ မူတည်ပြီး အခွင့်အရေးပေးမယ်၊ UNFC နဲ့ ကျန် ၃ ဖွဲ့ကို တတန်းတည်း မထားနိုင်ဘူး၊ သူတို့ကို ပိုပြီး ဂိုက်ပဲ့မယ့်တောင်းဆိုချက် တွေ တောင်းတယ်။ ၁။ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပြီး နိုင်ငံရေးလမ်းစဉ်ကို သွားမယ်ဆိုတဲ့ ကြေညာချက် ထုတ်ပေးရမယ်။ ၂။ လက်နက်တွေကို တခြားတတိယအဖွဲ့အစည်းတခုခုထံမှာ အပ်နှံသိမ်းဆည်းထားမယ့် အစီအစဉ် ဆောင်ရွက်ရမယ်။ စစ်ရေး အရ (လိုရင်းပြောရရင်) လက်နက်ချကြရမယ်၊ ဒီကာလမှာ ဆက်ကြေးမတောင်းရ၊ လူသစ်မစုဆောင်းရ၊… Read More »

အရေးတော်ပုံဂျာနယ် အတွဲ (၂) အမှတ် (၇)

aydp2-7

နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ တော်လှန်ရေးဘဝများ

နိုင်ငံရေးမှူးရဲဘော်စိုးသိမ်းနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ တော်လှန်ရေးဘဝများ ရဲဘော်ခင်မောင်ဝင်း ၁၉၇၀ ခု ရန်ကုန်တက္ကသိုလ် ရွှေရတုအထိမ်းအမှတ် လှုပ်ရှားမှုကြောင်း ကျွန်တော် ပုဒ်မ ၅ နဲ့ အဖမ်းခံရပြီး ၁၉၇၃ ဧပြီ (၁၃) အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်းစိန်ထောင်က လွတ်လာတယ်။ ထောင်ကလွတ်ပြီး ၆ လကျော်လောက်ရှိတော့ လာရှိုးကား လမ်းကနေ ဗမာပြည်ကွန်မြူနစ်ပါတီ လွတ်မြောက်ရေးအခြေခံဒေသ ကိုးကန့်ခရိုင်သို့ ပြည်သူဒီမိုကရေစီတော်လှန်ရေးမှာ ပါဝင်ဖို့ တောခိုခဲ့တယ်။ ကိုးကန့်ခရိုင် ရှေ့တန်းတပ်မှူး ရဲဘော်ညွန့်မောင် ကူညီမှုနဲ့ ကိုးကန့်ခရိုင်ရုံးကို ရောက်ခဲ့တယ်။ ခရိုင်မှူး ရဲဘော်ရဲဒင် (ရဲဘော်ထွန်းလွင်၊ နောင် ၇၅ ဗဟိုကော်မတီ၊ ၈၅ တတိယအကြိမ် ကွန်ဂရက် ဗဟိုကော်မတီ)ရဲ့ လုံခြုံရေးဌာနမှာ ခေတ္တနေပြီး ခရိုင် လက်ဖက်ခြောက်စက်ရုံနဲ့၊ အရက်ချက်စက်ရုံမှာ ရဲဘော်မောင်ကြည်ဆိုတဲ့ မြင်းခြံသားတယောက်နဲ့ အတူနေထိုင်ရင်း ရဲဘော်များနဲ့ အ တူ ထင်းခွေရေခပ် နေ့စဉ်လုပ်ငန်းများ လုပ်ကိုင်နေခဲ့ပါတယ်။ အဲဒီလိုနဲ့ ကိုးကန်းခရိုင်ပါတီရဲ့ ဆက်သွယ်ပေးမှုနဲ့ ပါတီဗဟိုနဲ့ အဆက် အသွယ်ရလာပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့မြောက်စစ်ဒေသ၊… Read More »

ဒီအခြေအနေတွေနဲ့ သမိုင်းသစ် ဖြစ်လာမလား

ဒီအခြေအနေတွေနဲ့ သမိုင်းသစ် ဖြစ်လာမလား (ဖောင်ပိတ်) ဒီကာလအတွင်း လှုပ်လှုပ်ခတ်ခတ်နဲ့ ပွဲဆူတဲ့ကိစ္စတွေ များလှတယ်။ ရခိုင်အရေး၊ အောင်စိုးမိုးကျော်ကိစ္စ။ ဆိုင်ရှင်ရုပ်သိမ်းခြင်း နောက်ဆက်၊ UWSA နဲ့ မိုင်းလားကြားမှာ ပေါ်ပေါက်လာတဲ့ ပြဿနာ၊ NCA လက်မှတ်ထိုးမထိုးနဲ့ NLD အတွင်း စည်းရုံးရေး အခြေအနေ စသဖြင့်နိုင်ငံရေးပုံရိပ်ကို အကျည်းတန်စေတဲ့ အဖြစ်အပျက်တွေပေါ်ခဲ့တယ်။ (၁) ရခိုင်ပြည်နယ်တွင်းက ဘင်္ဂါလီ၊ ရိုဟင်ဂျာ၊ အကြမ်းဖက်မှု ရခိုင်ပြည်နယ်အတွင်းမှာ AA ရခိုင်တပ်မတော်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ကြလို့ အရှိန်ရစ ပြုနေချိန် ဒီသတင်းကို ဖုံးလွှမ်းသွားတဲ့ အဖြစ်အပျက် တခု ပေါ်လာခဲ့တယ်။ အဲဒါကတော့ မောင်းတောဘက်က ရဲကင်းစခန်း ဝင်စီးခံရတဲ့ ကိစ္စ ဖြစ်တယ်။ ရဲ ၉ ဦးသေဆုံးသွားပြီး သေနတ် ( နောက်ဆုံးစာရင်းအရ ၆၄ ) လက်နဲ့ ခဲယမ်းမီးကျောက် အချို့ ယူဆောင်သွားခဲ့တယ်။ ခုတော့ ဒီပြဿနာက နိုင်ငံတကာ ပြဿနာ ဖြစ်သွားပါပြီ။ ဒီဆောင်းပါးမှာ စစ်တပ်၊ အစိုးရ၊ ကုလသမဂ္ဂနဲ့… Read More »

ဖက်ဆစ်ဂျပန်တော်လှန်ရေး စစ်မျက်နှာတခုမှ ပါတီခေါင်းဆောင်တဦး

ဖက်ဆစ်ဂျပန်တော်လှန်ရေး စစ်မျက်နှာတခုမှ ပါတီခေါင်းဆောင်တဦး ဒုတိယပိုင်း ဗတိုးရှိန် (မုံရွာ) အရှေ့မြောက် နယ်စပ်အခြေခံဒေသမှာ ၁၉၇၅ ခုနှစ် မေလတွင် သခင်ဗသိန်းတင် ခေါင်းဆောင် ပြန်လည်ဖွဲ့စည်းတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှာ ရဲဘော်ဖေသောင်း ဗဟိုကော်မတီဝင် အပြည့်အဖြစ် ရွေးကောက် တင်မြှောက်ခံရတယ်။ ၁၉၈၅ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် ပါတီကွန်ဂရက်မှာ ပါတီဗဟိုကော်မတီ ပြန်လည် ရွေးကောက်တင်မြှောက်ရေး အမည်စာရင်းနဲ့ အတူ အရွေးခံမယ့် ရဲဘော်ရဲ့ ကိုယ်ရေးအကျဉ်းကို တင်ပြ ရတယ်၊ အဲဒီ ကွန်ဂရက်မှာ ရဲဘော်ဖေသောင်း ကိုယ်တိုင် ရေးသားတင်ပြထားတဲ့ ကိုယ်ရေးအကျဉ်းကို တာဝန်ရှိ ရဲဘော်က ဖတ်ကြားရာမှာ “ ဗမာပြည် ကွန်မြူနစ်ပါတီကနေ အလံနီပါတီ ခွဲထွက်တဲ့အချိန် ဗန်းမော် ကိုကိုကြီး က အလံနီ ဖြစ်သွားတဲ့အခါ ကျွန်တော်လည်း အလံနီ ဖြစ်သွားတယ် ” ဆိုတဲ့ တင်ပြချက် ဖတ်ကြားတာ ကြားလိုက်ရတယ်၊ ကျွန်တော် ကွန်ဂ ရက် ခန်းမလုံခြုံရေး တာဝန်ယူနေစဉ်… Read More »

သတင်းနဲ့  မှတ်ချက်

၁။ နိုင်ငံတော် သမိုင်းကော်မရှင်ကို ပြန်လည် ဖွဲ့စည်းမည် သူရအောင်ကို (၁) လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှစ၍ ယနေ့အထိ သမိုင်းဖြစ်စဉ်အမှန်များကို အမှန်အတိုင်း ပြုစုရေးသားရန် တာဝန်ပေးမည်။ (၂) ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ထိန်ချန်ခြင်းများ လုံးဝ မဖြစ်စေရန် ကြပ်မတ်သွားမည်။ (၃) ရဲရဲဝံ့ဝံ့ရေးသားကြလို့ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကို တာဝန်ယူသည်။ လိုရင်းကတော့ အဲဒီလောက်ပါပဲ။ (၁) နိုင်ငံတော်အဆင့်နဲ့ ရေးခဲ့တာတွေဟာ အခြေခံသဘောထားကစပြီး မမှန်လို့ ထွက်ခဲ့သမျှတွေဟာ အမှန်ကနည်းနည်း အမှားက ‘ဗြွစ်သိပ်’(ပြွတ်သိပ်) ဖြစ်နေတယ်။ ခု တကယ်ရေးနိုင်ကြမယ်ဆိုရင် ကြိုဆိုရမယ့် ကိစ္စဖြစ်တယ်။ (၂) ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ထိန်ချန်ခြင်းတွေ လုံးဝ(လုံးဝ) ဖြစ်ခဲ့လို့ ကြပ်မတ် မကြပ်မတ်နိုင် စောင့်ကြည့်ပါ့မယ်။ တပ်မတော် သမိုင်းတို့ ဗိုလ်ခင်ညွန့်နဲ့ ဒေါ်နီနီမြင့်တို့ လမ်းညွှန်မှုနဲ့ ရေးသားတဲ့ သမိုင်းစာအုပ်တို့လို မဖြစ်ဖို့ အရေးကြီးတယ်။ ဒါတွေကို ဆန့်ကျင် ဘက်ရေးလာရင် သူတို့ငြိမ်နေပါ့မလား။ (၃) တာဝန်ခံတာ အာမခံချက်ပေးတာကိုတော့ ကြိုက်ပါပြီ။ ခက်နေတာကတော့… Read More »