ပွဲမဝင်မီ ဆိုင်းဆော်သံ ကြားရုံမျှနဲ့

ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ဘူးဆိုတာ အစကတည်းက တွက်ဆထားကြပြီးသားမို့ သိပ်အံ့သြစရာ မရှိပါဘူး။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌက ရွေးကောက်ပွဲဟာ ၃၀ ရာခိုင်နှုန်းပဲ မှန်နိုင်မယ်။ ၇၀ ရာခိုင်နှုန်းမှားနိုင်တယ်လို့ ပြောလိုက်တာဟာ သူတို့ဘယ်လမ်းကြောင်းသွားမယ်ဆိုတာ ဗြောင် ကြေညာလိုက်တာပဲ။ မဲစာရင်း ဒုတိယအကြိမ်ထုတ်ပြန်လိုက်တော့ ပိုပြီး ပွဲဆူသွားတယ်။ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ကတောင် ဗဟို ရွေးကောက်ပွဲကော်မရှင်ကို မကျေမလည်ဖြစ်ရတဲ့အထိ သူတို့ရဲ့ ညစ်ပတ်တဲ့ လုပ်ရပ်က ပေါ်လွင်ထင်ရှားနေတယ်။ ဦးဥာဏ်ဝင်းက ရွေးကောက်ပွဲဟာ တရားမှာ မဟုတ်ဘူးဆိုတာကို ဖွင့်ပြောလာတဲ့အထိ ဖြစ်နေပြီ။ ရွေးကောက်ပွဲဟာ မတရားရင် မမှန်ကန်ဘူး။ မလွတ်လပ်ဘူး။ မတရားတဲ့ ရွေးကောက်ပွဲကနေ ဘယ်လို ရလဒ်ကောင်း ထွက်ပေါ်လာမှာလဲ။ ဒါ့အပြင် ရွေးကောက်ပွဲမှာ မတရားတဲ့ လုပ်ရပ်တွေ လာနေဆဲ၊ လာလတ္တံ့တွေ အများကြီးပါ။ ရှေ့မှာလည်း ကြုံတွေ့ရပါလိမ့်ဦးမယ်။ ဒီလို ရွေးကောက်ပွဲ မတရားမှာကို မအံ့သြပေမယ့် အံ့သြရတဲ့ အချက်တွေ မြင်တွေ့လာရတယ်။ အဲဒါကတော့ မဲစာရင်းကို ပြည်သူတွေက မစစ်ဆေးရင် ပြည်သူတွေရဲ့ အပြစ်ပဲဆိုပြီး တင်ပြလာတဲ့အတွေးအခေါ် အယူအဆဖြစ်တယ်။ ပြည်သူတွေ… Read More »

General election 2015: what to expect

As Marx rightly pointed out, the oppressed will be allowed in November ‘to decide which particular representatives of the oppressing class are to represent and repress them in parliament’. Most people will vote in the hope of breaking free from prolonged social and economic ills. Yet, election under the 2008 constitution is the opium of the people simply fostering a culture of false hopes among the oppressed. Over the past… Read More »

ရဲဘော်စံသူရဲ့မာ့က်စ်ဝါဒအဘိဓမ္မာပို့ချချက်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ ရှင်းလင်းချက်

ရဲဘော်စံသူရဲ့မာ့က်စ်ဝါဒအဘိဓမ္မာပို့ချချက်ကို လေ့လာရေးစာစောင်အဖြစ်လည်းကောင်း၊ သမိုင်းဆိုင်ရာ စာတမ်းတခုအဖြစ်လည်းကောင်း ထုတ်ဝေခဲ့ပါတယ်။ စာတမ်းနှင့်ပတ်သက်သော ဝေဖန်အကြံပြုချက်များ လက်ခံရရှိပါတယ်။ စိတ်ဝင်တစား ဝေဖန်အကြံပြုချက်များကို ကြိုဆိုပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ရဲဘော်စံသူ ပို့ချချက်ပြုစုရာတွင် သူ့မှတ်စုအဟောင်းတွေထဲက ထုတ်နုတ်အသုံးပြုလိုက်ပုံရပါတယ်။ လုပ်ငန်းတာဝန်တွေထဲ မြုပ်နေတာကြောင့် အသစ်တွေ့ရှိချက်ကို သူသတိမထားမိလိုက်တာ ဖြစ်နိုင်ပါတယ်။ ပန်ဆန်းကာလမှကတည်းက ရဲဘော်တချို့သတိထားမိပြီး ထောက်ပြခဲ့တာ ရှိပါတယ်။ ခုပြန်ထုတ်ဖို့ ဖြစ်လာတော့ စာတည်းအဖွဲ့က အကြောင်းကြောင်းကြောင့် အလုံးစုံ တည်းဖြတ်ပြင်ဆင်ချက်များ မပြုလုပ်ရသေးတဲ့ စာမူဟောင်းကိုပဲ တင်လိုက်မိတာ ဖြစ်သွားတယ်။ ဒါကြောင့် ချို့ယွင်းချက်တွေ၊ မှားယွင်းမှုတွေ ပါရှိသွားခဲ့ပါတယ်။ ဒီအတွက် တောင်းပန်ပါတယ်။ အခု ဒီအပိုင်းကို ဖြုတ်လိုက်ပါပြီ။ ဒီစာတမ်းအပါ အခြားလေ့လာရေးစာတမ်းတွေမှာ အလားတူ အခြင်းအရာများ ရှိနေနိုင်ပါတယ်။ စကားလုံးအသုံးအနှုန်း မှားယွင်း၊ မတိကျတာလည်း ရှိနိုင်ပါတယ်။ ဒီပို့ချချက်မှာ အဓိကပြောလိုတဲ့ အတွင်းသဘောဟာ တခုလုံးအရ ခြုံကြည့်ရင် မှန်ကန်ပါတယ်။ သိပ္ပံပညာနယ်ပယ်မှာ တွေ့ရှိချက်အသစ်များ၊ မှန်းဆချက်အသစ်များက အဟောင်းများကို ပြင်ဆင်ဖြည့်စွက်တဲ့သဘောဖြစ်ပြီး ဒါတွေဟာ အနုပဋိလောမရုပ်ဝါဒ၊ သမိုင်းရုပ်ဝါဒ အတွင်းသဘောကို ပိုမိုပြည့်စုံခိုင်မာလာစေပါတယ်။… Read More »

ရွေးကောက်ပွဲကာလ စစ်အုပ်စုရဲ့အတွင်းသဘော

အာဏာရှင်စနစ် နံပါတ်ဝမ်း ဘယ်သူလဲဆိုတာ စိတ်ဝင်တစား တွက်ချက်ကြည့်နေကြသူတွေ ရှိနေပါတယ်။ တွက်ချင်သူတွေ တွက်ကြည့်ကြပါ။ သေချာကတော့ ဘယ်သူဟာ ထိပ်ဆုံးအာဏာပိုင်ဖြစ်နေပါစေ၊ စစ်အုပ်စုရှိနေရင် စစ်အာဏာရှင်စနစ် ရှိနေမှာပါပဲ။ စစ်ဗျူရိုကရက် ယန္တရားကြီးလည်း ဆက်လက်လည်ပတ်နေမှာပါပဲ။ ထိပ်ဆုံးအာဏာပိုင်ဆိုတာလည်း တယောက်မဟုတ် နောက်တယောက်တော့ ဖြစ်နေမှာပါပဲ။ ရှေ့ထွက်ရပ်သူ ဖြစ်ချင်ဖြစ်မယ်။ နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်ချင်ဖြစ်မယ်။ ထိပ်ဆုံးအာဏာပိုင် ဘယ်သူဆိုတာ သူတို့ ကာလတခု ဖုံးကွယ်ထားလို့ ရချင်ရပါလိမ့်မယ်။ ဒါပေမဲ့ စစ်အုပ်စုရဲ့ သဘောထားဟာ ဘာလဲဆိုတာတော့ သူတို့ဖုံးကွယ်ထားလို့မရနိုင်ပါဘူး။ လိမ်ညာစကား၊ ဟန်ဆောင်စကား၊ ပရိယာယ်စကား စသဖြင့် ဘယ်လိုပဲ သုံးနေသည် ဖြစ်ပါစေ၊ စစ်အုပ်စုရဲ့ အတွင်းအဇ္ဈတ္တကို စစ်အုပ်စုထဲက ကိုယ်စားပြုသူတဦးဦးက ထွက်ပြောကြရတာချည့်ပါပဲ။ ပြည်တွင်းငြိမ်းချမ်းရေးဆိုပါတော့။ လိမ်ညာဖုံးကွယ်မှုတွေနဲ့ လှည့်ဖြားခဲ့တာ ကြာလှပါပြီ။ လက်ရှိစစ်အစိုးရလက်ထက်မတိုင်မီကတည်းက လိမ်ညာလှည့်ဖြားလာခဲ့တာ ခုအထိ လိမ်ညာလည့်ဖြားနေတုန်းပါ။ ဒါပေမဲ့ သူတို့မှာ တကယ်တမ်း ပြည်တွင်းငြိမ်းချမ်းရေး လိုအင်ဆန္ဒမရှိဘူးဆိုတာ ကာချုပ်ရဲ့စကားတွေကို အသေအချာ လေ့လာကြည့်ရင် အထင်အရှား တွေ့နိုင်ပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးသာ မလိုချင်တာ၊… Read More »

ကွန်မြူနစ်ဝါဒလှုပ်ရှားမှုအတွင်းရှိ လက်ဝဲဂိုဏ်းသူငယ်နာ – ဗီအိုင် လီနင်

download leftwing-lenin

နိုင်ငံရေးအမြော်အမြင် ပီပြင်ပါစေ

vision

ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကျောင်း မာ့က်စ်ဝါဒအဘိဓမ္မာပို့ချချက်

Yebaw San Thu download