A Spectre That Haunts

To borrow the opening line from the Communist Manifesto a spectre is haunting the ruling military clique in Burma – the spectre of communism. No sooner did the students’ boycott and protest march from Mandalay to Rangoon start to gain popular support and momentum than the generals (smug in their confident intransigent position over the new education law, completely out of touch and unpopular with the very people in the… Read More »

ကျားနာခဲခဲလာမှာကို သတိထားကြပါ

အခု နောက်ဆုံးထုတ်လာတဲ့ ဖဲချပ်က ကိုးကန့်ပြဿနာ။             ဒီနေ့ ဗမာပြည်နိုင်ငံရေး၊ မီဒီယာလောက စတာတွေမှာ ဖုံးလွှမ်းနေတဲ့အကြောင်းအရာကတော့ ကိုးကန့်တိုက်ပွဲတွေရဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စပေါ်လာတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ လူတွေစိတ်ဝင်စားနေကြတဲ့ ကျောင်းသားသပိတ်ကိစ္စဟာ နောက်တန်းကို ရောက်သွားပါတယ်။ သူတို့စစ်အုပ်စုကပဲ ကျောသပ်ခဲ့တဲ့ ကိုးကန့်ဦးဖုန်ကြားစင်းအဖွဲ့က အတိုက်ခံရတာကို သံသေးသံကြောင်တွေနဲ့  တကမ္ဘာလုံးကြားအောင်အော်ဟစ်၊ ပြည်တွင်းက သူတို့လက်ကိုင်တုတ် အဖွဲ့အစည်းတွေနဲ့ သူတို့ မွေးထားတဲ့ ဖေ့စ်ဘုတ်မြေခွေးတွေကနေ အမျိုးမျိုးဖော်ပြနေတာတွေကို ကြည့်လိုက်ရင်  ဦးသိန်းစိန်စစ်အစိုးရဟာ အကြံအစည်တခုခုနဲ့လုပ်နေတာ ဖြစ်တယ်လို့ လူတိုင်းရိပ်မိကြပါတယ်။             ဗမာပြည်သားတွေ မမေ့သင့်တဲ့အချက်တချက်က လက်ရှိအစိုးရဟာ သူတို့အာဏာရပြီးကတည်းက တိုင်းပြည်မှာ နိုင်ငံရေးလေထုတင်းတင်းမာမာနဲ့  အထိတ်တလန့်ဖြစ်နေအောင် အမြဲဖန်တီးနေတယ်ဆိုတာပါ။ နောက်ပြီး ဘာသာရေး- လူမျိုးရေး ပဋ္ဋိပက္ခတွေ နေရာတကာမှာ ဖန်တီး၊ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ပစ်ပေါက်တာလို၊ ကိုပါကြီး-ဒေါ်ခင်ဝင်း တို့ကို သတ်ပြတာမျိုးတွေကို တခါပြီးတခါ ဖော်ထုတ်နေပါတယ်။ ဒါ့အပြင် သပိတ်ဖြိုခွဲဖို့ ဘယ်နေရာမှာဖြင့် ဘယ်လောက်ကြီးတဲ့ တပ်တွေ၊ လက်နက်ကိုင်တွေ စုထားတယ်စတဲ့ ကောလာဟလတွေကိုလည်း မပြတ်ထုတ်လွှင့်နေပါတယ်။ ဒါပေမဲ့ တခုလုံးအခြေအနေကို… Read More »

ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်

ဒီအစိုးရဟာ အစိုးရကောင်းဖြစ်မြောက်ရေးကို ပါးစပ်ကသာ မိုးတလုံး လေတလုံးပြောနေပြီး အစိုးရကောင်းဖြစ်မြောက်ရေးဆိုတာ သူတို့နဲ့လားလားမှ မဆိုင်ဘူး။ အစိုးရကောင်းဖြစ်မြောက်ရေးအတွက် ရှိရမယ့် တိုင်းပြည်နဲ့ လူထုအတွက် စိတ်ကောင်းစေတနာကောင်း မရှိတာ အဓိကပဲ။ နောက်ပြီး အစိုးရကောင်းဖြစ်ဖို့ အရည်အချင်းမရှိဘူး။ သူတို့အုပ်စိုးထားတော့ တိုင်းပြည်မှာ ပြဿနာမီးတောက်တွေဟာ ဟိုနေရာ ဘွားခနဲ ပေါ်လာလိုက်၊ ဒီနေရာမှာ ရုတ်ခြည်း ပေါ်လာလိုက်။ ဘယ်ပြဿနာမှ မှန်မှန်ကန်ကန် သေသေသပ်သပ် မဖြေရှင်းနိုင်ခဲ့ဘူး။ ဘယ်မီးမှ ငြိမ်းမသွားဘူး။ ဒီမီးတွေ ပြဿနာတွေ ဖြစ်ပေါ်နေခဲ့တာ နှစ်နဲ့ချီ ကြာခဲ့ပြီ။ ဟိုပြဿနာကို ဖြေရှင်းဖို့ ကြိုးစားလိုက်။ ပြဿနာ မဖြေရှင်းနိုင်ခင် နောက်ပြဿနာပေါ်လာလိုက်။ ဦးနင်း ပဲ့ထောင်။ ပဲ့နင်းဦးထောင်။ ပြည်တွင်းစစ်ပြဿနာဆိုတာကို ပြောမနေနဲ့ဦး။ လက်ပံတောင်းတောင် ပြဿနာကိုကြည့်။ နှစ်နဲ့ချီ ကြာခဲ့ပြီ။ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ဖြိုခွင်းတာကအစ ဒေါ်ခင်ဝင်းကို ပစ်သတ်ခဲ့တာအဆုံး အကြမ်းဖက်နည်းတွေကို အားကိုးဖြေရှင်းခဲ့တယ်။ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ လုပ်ငန်းတွေကိုကျ တိတိကျကျ အကောင်အထည်ဖော်မပေးခဲ့ဘူး။ ပြဿနာ ငြိမ်းအေးသွားပြီလား။ မတရား မြေယာတွေ အာဏာပိုင်တွေနဲ့… Read More »

Us Undeserving Burmese

One hears a lot these days about how the Burmese lack discipline and therefore are not fit for democracy. This is rather reminiscent of Winston Churchill’s famed wisdom in his considered opinion that the Burmese were not ready for independence at the end of the Second World War. Those who have no wish to grant us freedom or democracy have the same thing to say, naturally. Only it is not… Read More »

ရွှေပြည်မသာနိုင်သေးတဲ့ ဗမာပြည်က ရွှေပြည်သာ အလုပ်သမားသပိတ်

ယနေ့ ရွှေပြည်သာစက်မှုဇုန်နယ်မြေမှ အလုပ်သမားသပိတ်များမှာ အလုပ်သမားများ၏ ဘဝအခြေအနေက ပြဌာန်းလိုက်သဖြင့် ဖြစ်ပေါ်လာသော သပိတ်တိုက်ပွဲများ ဖြစ်သည်။ အလုပ်သမားများကို တိုက်ပွဲဝင်စေဖို့ နောက်ကွယ်က ကြိုးကိုင်သူကို အထူးရှာစရာမလို။ သူတို့၏ ဝမ်းပိုက်ပြဿနာက သူတို့ကို ကြိုးကိုင်ထားသည်။ ယနေ့ ဗမာပြည်တွင် ဖြစ်ပေါ်လာနေသော အလုပ်သမားသပိတ်တိုက်ပွဲများ၊ လယ်သမားသပိတ်တိုက်ပွဲများသည် ဗမာပြည်၏ စီးပွားရေးရုပ်ဘဝ ပြဌာန်းမှုကြောင့် ပေါ်ထွက်လာသော ရလဒ်များသာ ဖြစ်သည်ဟု ဆိုနိုင်သည်။ ယနေ့ တိုက်ပွဲဝင်နေကြသော အလုပ်သမားများ၏ လစာငွေမှာ တလ ကျပ်ငွေ လေးသောင်းမှ ရှစ်သောင်းသာသာလောက်ရသော အလုပ်သမားများက အများစု ဖြစ်နေသည်။ အထည်ချုပ်အလုပ်သမားများသည် မနက် ၈ နာရီမှ ၄ နာရီ ၄၀ မိနစ်အထိ အလုပ်လုပ်ရသည်။ ညနေ ၄ နာရီ ၄၀ မိနစ်မှ ၇ နာရီခွဲအထိ အချိန်ပို အလုပ်ဆင်းရသည်။ အချိန်ပို လုပ်ခကြေးမှာ တနာရီကို သုံးရာသုံဆယ့်ခုနှစ်ကျပ် ဖြစ်သည်။ စုစုပေါင်း အလုပ်လစာမှာ အချိန်ပိုမဆင်းနိုင်ပါက လေးသောင်းငါးရာသာရ၍ အချိန်ပိုဆင်းပါမှ ခုနှစ်သောင်း… Read More »

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဗကပ ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်

ရဲဘော်ကြင်မောင် (သို့မဟုတ်) စူးရှတောက်ပသော ကြယ်နီတပွင့်