“၈၄” ဒိုင်ယာရီ
“၈၄” ဒိုင်ယာရီ ( ဗမာပြည် ကွန်မြူနစ်ပါတီ ၈၄ နှစ်မြောက် သို့ ဂုဏ်ပြုခြင်း) ခေတ်သစ်သမိုင်းကို မုန်တိုင်းကြားမှာ ငါတို့ ရေးသားခဲ့ ရေးသားဆဲ မို့ ဖြတ်သန်းခဲ့တဲ့ မှတ်တမ်းများ စမ်းတဝါးဝါးနဲ့ မကျန်ရစ်စေရ ။ ငါတို့ မွေးဖွားခဲ့တဲ့ ရက် ရက် ရာဇာ၊ ပြဿဒါး မရှိ,မသိ နိုင်ငံရေးအသိကပဲ အဓိက လက်သည်ဖြစ်ခဲ့တယ်။ နယ်ချဲ့ရဲ့ ထမ်းပိုးအောက်မှာ အသက်ဗီဇဖြစ်တည်လာ။ ဖက်ဆစ်ဓားအောက်မှာ ပြားပြားမမှောက်ဘဲ ရှင်သန် ထမြောက်လာ တပြည်လုံး လွတ်မြောက်စေရေးမှာ ရှေ့ တန်းက ငါတို့ ပါရှိခဲ့။ နယ်ချဲ့ နဲ့ ဖက်ဆစ်စနစ်တို့ ခေတ်ရဲ့ တော်လှန်ဒီရေလှိုင်းက နေ့မဆိုင်း ညမဆိုင်း မောင်းထုတ်နိုင်ခဲ့ပြီ။ ငါတို့ လွတ်လပ်တဲ့ တိုင်းပြည် ဖြစ်တည်လာခဲ့။ ငါတို့ ပြည်တွင်းစစ်ပွဲ ဆက်လက်ဆင်နွှဲရ။ ရှောင်မရ၊ တားမရတဲ့ လူတန်းစားတိုက်ပွဲများ စဉ် ဆက် မပြတ်ဆင်နွှဲရင်း ငါတို့ ရဲ့ ရှင်သန်မှုဟာ ပြည်တွင်းစစ်မီးလျှံကြားမှာ သံမဏိသား အနှစ်ကျစေခဲ့တယ်လေ။… Read More »