လွမ်းကြပါတော့

(၁) ရဲဘော်တို့ မိတ်ဆွေတို့ ပြည်သူလူထုအပေါင်းတို့ စိမ်းစိမ်းညို့ညို့ တောင်တန်းတွေကို ဖြတ်ကျော် သံလွင်ပေါ်ကနေ ဧရာဝတီ ဒုဌဝတီ၊ ချင်းတွင်း၊ စစ်တောင်း မြစ်ရိုး၊ ချောင်းဖျား လျှိုကြား၊ မြောင်ကြား တောကြား၊ လယ်ကွင်း အိမ်တွင်း၊ တဲတွင်း ဆားကျင်း၊ သတ္တုတွင်း မိုင်းတွင်းတွေထဲ လူထုထဲအနှံ့ ဖြန့်ကျက်လိုက်တဲ့ အသံ ထားဝယ်သံ သြသြကြီးနဲ့ ဥက္ကဋ္ဌကြီးရဲ့ အဖွင့်နှုတ်ခွန်း ပဌမဆုံးသော ပြည်သူတရပ်လုံးသို့ မိန့်ခွန်းဟာ မြရာတောလယ် ကြွေခ ကြယ်စင်မြများကို အလေးပြုရင်း အရှင်းလင်းဆုံး ဖော်ပြ အလယ်ရိုးမရဲ့ ဗဟိုချက် ရှမ်းကုန်းပြင်မြင့်ဘက်က ဆက်ခံ တော်လှန်တဲ့ သမိုင်းကြောင်း သွေးသစ်လောင်း နှိုးဆော် ရဲဘော်တို့ ကြိုးစင်ပေါ်မှာ ထောင်ထဲမှာ တရားရုံးမှာ အချုပ်ဂါတ်ထဲမှာ ဘယ်နေရာရောက်ရောက် ဘယ်တော့မှ ဒူးမထောက်ရဘူး ဒူးမထောက်ရဘူး ဒူးမထောက်ရဘူးတဲ့ ရင်ထဲကိုစူးဝင် နားဆင်လိုက်ရ ဘယ်တော့မှ မမေ့စရာ ဒါ ဥက္ကဋ္ဌကြီးရဲ့အသံ ဒုတိယမ္ပိ ကြားမိဖူးခြင်းပါ။   ပဌမဆုံးအကြိမ်က ကျနော်အသက်က ဆယ့်သုံးလေးနှစ် ၁၉၆၇… Read More »

ကမ္ဘာတည်သရွေ့ တည်ပါစေ

( ၁ ) *   ဥက္ကဋ္ဌကြီး သခင်ဇင် အသင်ဟာ – ငါတို့ရဲ့ ကြီးမြတ်တဲ့ ဥက္ကဋ္ဌကြီးပါ။   *  အတွင်းရေးမှူးကြီး သခင်ချစ်  ဗော်ရှီဗစ် ပီသ ဂုဏ်ပြောင်လှတဲ့ ငါတို့ရဲ့ ခေါင်းဆောင်ကြီးပါ။   *  ဥက္ကဋ္ဌကြီးတို့ တွေဟာ အာဇာနည်ပီပီ ဘာမထီစိတ်ဓာတ် အပြတ်သားဆုံး စိုက်ထူ ရန်သူနဲ့ တိုက်ခိုက်ရင်း သွေးချင်းချင်းနီ သေသည်အထိ သတ္တိအားမာန်  အောင်လံမစွန့် မတွန့်မဖောက်  မရွံ့ကြောက်ခဲ့ “ ဒူးထောက်တယ် ဆိုတာ ကွန်မြူနစ်တို့ အဘိဓမ္မာမှာ ဘယ်ခါမှ မရှိဘူးဟေ့ – ”  လို့ လက်တွေ့နဲ့ ပြသသွားခဲ့ကြတယ်။   ( ၂ ) *  ဥက္ကဋ္ဌကြီးတို့တွေဟာ သူရဲကောင်းပီသစွာ ကျဆုံးသွားခဲ့ရပါပြီ။   * ဒါပေမဲ့ ဗမာပြည်ရဲ့ သမိုင်းမှာ ဘယ်အခါမှ မသေဆုံး အဝင်းပဆုံး ဆက်ရှင်သန် အဖန်ဖန် ထွန်းပြောင်နေမှာ သေချာတယ်။   * … Read More »

ရိုးမ ချစ်သူ

               ( ၁ )     “ ကြေကွဲမှုအား         အင်အားအဖြစ်         ပြောင်းလဲ ပစ်ကြ” ထားရစ် တရား မမေ့ငြားလည်း တားဆီးမရ  မျက်ရည်စနဲ့ ရိုးမ တောင်ညို  ရိုးမ ငိုပြီ။   *   မြရာတောလည်း ရှိုက်မော ပင့်သက်  မျက်ရည်စက်နဲ့  ပွေ့ဖက်နမ်းရှုံ့ ခေါင်းကို ငုံ့ကာ  ဦးညွှတ်ရှာပြီ။   *   ရိုးမရပ်ဖွား   ရိုးမသားကို ရိုးမကြိုရှာ  ကြေကွဲစွာဖြင့်။   *  သခင်သန်းထွန်း – တဲ့ မော်ကွန်းအစဉ်  ကမ္ပည်းတင်ရစ် ရိုးမချစ်သူ လူထုခေါင်းဆောင် အာဇာနည်။   ( ၂ ) *   ကျောက်တိုင်ထူစိုက် ပန်းခြံစိုက်ပြီး ကမ္ဗည်းမဆင် စာမတင်လဲ ဝမ်းနည်းလိမ့်မည် မဟုတ်ပါ ။   *  ရိုးမတောင်သည်  အာဇာနည်ရဲ့ တကယ့်ကျောက်တိုင်  မော်ကွန်းတိုင်ပေါ့ မယိုင်မပျက် ထာဝစဉ်။   * … Read More »

ပြည်သူ့အမွန်

– မတရား သိမ်းဆည်း လယ်ယာမြေများကို တောင်သူများသို့ ပြန်ပေးပါ။ – လယ်ယာမြေနှင့် ပတ်သက်သော အကျင့်ပျက် ဝန်ထမ်းများအား အရေးယူပေးပါ။ – တောင်သူလယ်သမားများ ကိုယ်တိုင်ပါဝင်သော လယ်ယာမြေခုံရုံးများ ဖွဲ့ပေး။ ရေတာရှည် မြို့နယ်က ဆန္ဒပြတောင်သူလယ်သမားတွေရဲ့ ဒီတောင်းဆိုချက်တွေကို ကြည့်ရင် ပြည်သူတွေရဲ့  တီထွင် ဖန်တီးမှုစွမ်းအားကို အထင်အရှား တွေ့နိုင်တယ်။ ကိုလိုနီခေတ်ကတည်းက အမတော်ကြေးများ လျှော်ပစ်ရေး၊ အခွန်တော် လျှော့ပေါ့ရေး၊ သီးနှံဈေး တိုးမြှင့်ပေးရေး စသဖြင့် လယ်သမားတွေရဲ့ လယ်တွေ့ဘဝကို ထင်ဟပ်တဲ့ လတ်တလော တောင်းဆိုချက် အများအပြားကို တင်ပြတောင်းဆိုခဲ့ကြတယ်။ ကြွယ်ဝပြည်စုံတဲ့ အဲဒီတောင်းဆိုချက်တွေထဲမှာ ၁၉၄၆-၄၇ ခုနှစ် ဗမာပြည် ပြည်သူတရပ်လုံးနဲ့အတူ လယ်သမားများလည်း ရှားပါး ကျပ်တည်းနေချိန်ဖြစ်လို့“ခေါင်းပါးစရိတ် ထုတ်ပေးရေး”ဆိုတဲ့ တောင်းဆိုချက်မျိုးကိုတောင် တင်ပြတောင်းဆိုခဲ့ဖူးကြောင်း တွေ့ရှိရတယ်။ လွတ်လပ်ရေးမရမီ လယ်သမားညီလာခံများမှာလည်း လယ်သမားထု အတွက် အမှန်တကယ် လိုအပ်တဲ့ လတ်တလော တောင်းဆိုချက်များကို ပြည့်စုံကြွယ်ဝစွာ တင်ပြတောင်းဆိုနိုင်ခဲ့ကြတယ်။ ဒီတောင်းဆိုချက်တွေထဲမှာ သီးစားခ လျှော့ပေါ့ရေးမှ အစ… Read More »

ကြီးမြတ်တဲ့ ဗမာပြည်ပြည်သူတွေနဲ့အတူ ချီတက်ကြစို့

ဒီနေ့ ဗမာပြည်နိုင်ငံရေးရဲ့ ထူးခြားချက်တရပ်ကတော့ နိုင်ငံရေးအင်အားစု ၉၀% ကျော်တို့က ဒီမိုကရေစီရရှိရေး/ထူထောင်ရေး ကြွေးကြော်သံကို ထိပ်ဆုံးမှာထားကြတာပဲ။ လူထုဆီက မဲရဖို့ပဲဖြစ်ဖြစ်၊ ကိုယ့်အာဏာတည်မြဲရေးအတွက် လူထုကို လိမ်ညာဖို့ပဲဖြစ်ဖြစ် အားလုံးက ဒီစကားကို ပြောကြရပါတယ်။ ဒါတွေက ဘာကိုပြသလဲဆိုရင် ဗမာပြည်မှာ ဒီမိုကရေစီမရှိသေးဘူး။ လူထုဟာ ဒီမိုကရေစီကို တောင့်တလိုလားတယ် ဆိုတာပါပဲ။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ ဒီနေ့အခါလောက် အစိုးရရဲ့အဖွဲ့အစည်း မဟုတ်သူတွေ ကွဲပြားနေ၊ လက်မတွဲနိုင်ဘဲဖြစ်နေကြတာ ဒီနေ့ပဲရှိတယ်လို့ ဆိုရမယ်ထင်ပါတယ်။ လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေအကြားက တပ်ပေါင်းစုဖွဲ့တာတွေ ကစင့်ကလျားဖြစ်ပြီး တချို့သဏ္ဍာန်လောက်ကျန်တာ၊ ဥပဒေတွင်း လှုပ်ရှားနေသူတွေချင်း တူတာတွေ တွဲလုပ်ဖို့မစဉ်းစားကြတာ၊ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ တတ်နိုင်သမျှ ကင်းကင်းရှင်းရှင်းနေကြတာ စတာတွေကလည်း စောင့် ကြည့်နေသူတွေအဖို့ မမြင်ချင့်အဆုံးလို ဖြစ်နေပါတယ်။ ဒါတွေနဲ့တဆက်ထဲ မြင်တွေ့နေရတာတွေကတော့ နိုင်ငံရေးအင်အား စုတွေဟာ ဒီကနေ့ ဗမာနိုင်ငံ အနှံ့အပြားမှာ တနေ့မပြတ် အရှိန်အဟုန်ပြင်းစွာဖြစ်ပွားနေတဲ့ အလုပ်သမား၊ လယ်သမားနဲ့ အောက်ခြေပြည်သူလူထုတွေရဲ့ တိုက်ပွဲတွေကို မပါဝင်၊ မထောက်ခံရုံမက သူတို့ရဲ့သဘောထား မှတ်ချက်စကားလေးတောင် မပြောတာပါပဲ။… Read More »

အသွားစေခိုင်းသူ မင်းဧကရာဇ်

မဟာသန္တိသုခ အရေးနဲ့ပတ်သက်လို့ ရဟန်းရှင်လူတွေရဲ့ မကျေနပ်မှု ပိုပိုပြီး တိုးပွားများပြားလာတာနဲ့အမျှ အစိုးရကလည်း ဓားစားခံတွေကို တယောက်ပြီးတယောက် ဆွဲထုတ်အရေးယူနေတယ်။ တရားခံလက်သည်အစစ်ကို ဖုံးဖိဖျောက်ဖျက်ပေးဖို့ ဝိုင်းကူကြိုးပမ်းနေသူတွေဟာ ဘယ်သူက ဘာလဲဆိုတာ ပိုမိုသဲကွဲစွာ မြင်လာရချိန် ဖြစ်တယ်။ အခု ဦးအံ့မောင်ကို ဓားစာခံအဖြစ် ထိုးကျွေးချင်တဲ့ သဘောမျိုးလဲ တွေ့လာရတယ်။ ဦးဆန်းဆင့်က တရားခံလား။ ဦးအံ့ မောင်က တရားခံလား။ ဆန္ဒန်ဆင်မင်း ၀တ္ထုကို သွား သတိရမိတယ်။ မှတ်မိသလောက် (အစွယ်လိုသူ မိဘုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ကျွန်တော်မျိုး၊ ဤသုံးဦးသားအနက်မှ ကံကွက်ကြား၍ ငမိုက်သား မုဆိုးလေ၊ နင်ချည်းပင် သေစေတော့ဟု) ဆိုတဲ့ စကားကို မုဆိုးပြောစကားအနေနဲ့ ရေးထားတယ်။ ဦးပုည ခွဲခြမ်းစိတ်ဖြာတဲ့ နည်းလိုပဲ နိုင်ငံရေးမှာ ဓားစာခံအဖြစ် ဆွဲထုတ်အသတ်ခံလိုက်ရတဲ့ အခိုင်းခံရသူတွေနဲ့ ပင်မလက်သည်တရားခံ ခွဲကြည့်ကြဖို့လိုတယ်၊ မဟာသန္တိသုခ အရေးမှာသာမက လက်ပံတောင်းအရေးလိုကိစ္စအပါအဝင် ဘယ်အရေးကိစ္စမှာမဆို မြန်မာပြည်ရဲ့ နိုင်ငံရေး အရေးကိစ္စတွေမှာ အဓိကတရားခံ စစ်အစိုးရဟာ သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး… Read More »

ဗိုလ်အောင်မင်း ဘာကြောင့်တောင်းပန်လဲ

ဗိုလ်အောင်မင်းဝန်ချတာကို အားလုံးကြားလိုက်ကြပါလိမ့်မယ်။ ဒါဟာ ဗမာပြည်မှာ နှစ်ပေါင်း ၅၀ ကျော် တည်ရှိနေတဲ့ စစ်အစိုးရအဆက်ဆက် လက်ထက်မှာ စစ်အာဏာရှင် အုပ်စိုးသူတွေထဲက ဒါဟာပထမဆုံး လူသိရှင်ကြား ၀န်ချတောင်းပန်တဲ့ပွဲ ဖြစ်ပါတယ်။ ၀န်ချတောင်းပန်တာမှ စာနဲ့ရောအသံနဲ့ပါ၊ လူကိုယ်တိုင် ပြည်တွင်းပြည်ပကို အသိပေးပြီး ဒူတုပ်တောင်းပန်ရတာ ဖြစ်ပါတယ်။ (ဗိုလ်မင်းအောင်လှိုင်ကို သွားဝန်ချရပုံကိုပဲ ကြည့်ပါ)။ စစ်အာဏာရှင်ထိပ်ပိုင်းတွေ အခုအခါမှာ အာဏာကို သူတို့ပိုင်ပိုင်ရထားပြီဆိုပြီး ဘာကိုမှမမှု၊ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ “လူထုကို ပါးရိုက်မယ်”၊ “လျှပ်စစ်မီးမရှိရင်ဖယောင်းတိုင်ထွန်းနေကြ”၊ “ဘူးလက်(ကျည်ဆံ)ပေးလိုက်မယ်”၊ “ထမင်းကို တနပ်ထဲစားပေါ့” စသဖြင့် လူထုအပေါ် အင်မတန်မောက်မောက်မာမာ ရိုင်းရိုင်းစိုင်းစိုင်းပြောတာတွေ ပြီးခဲ့တဲ့ တနှစ်-နှစ်နှစ်လောက်အတွင်း ဆက်တိုက်ဆိုသလို ကြားခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒါတွေနဲ့ပတ်သက်လို့ သူတို့အထက်လူကြီးတွေက အပြစ်တင်ဝေဖန်တာ မရှိသလို သူတို့ကိုယ်တိုင်ကလည်း ၀န်ခံတောင်းပန်တာ လုံးဝမရှိခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ ဗိုလ်အောင်မင်းတယောက် ဆင်မိုက်ကြီးမှာ ဒူးတုပ်ရရှာ ဖြစ်ရပါပြီ။ အကြောင်းက ရှင်းပါတယ်။ ပြည်သူလူထုကို ဆဲဆိုစော်ကားတာကို စစ်အုပ်စုထဲမှာ အပြစ်လို့ သဘောမထားပါဘူး။ ဒါပေမဲ့ သူတို့ရှေ့အဆက်ဆက်က… Read More »