ခရိုနီများအတွက် စားကွက်ဖန်တီးပေးသော ဗိုလ်တင်အေးကော်မရှင်
မေလ ၂၂ ရက်စွဲဖြင့် ဗိုလ်တင်အေးလက်မှတ်ထိုးထားသော နိုင်ငံရေးပါတီများအတွက် “အခွန်လွတ်ကားတင်သွင်းခွင့်” နှင့် “ပါတီရုံးခန်းဖွင့်ရေး တိုက်ခန်း (သို့) မြေနေရာချပေးရန်” သမ္မတရုံးသို့ တင်ပြထားတယ်ဆိုတဲ့ကိစ္စ။ “အခွန်လွတ်ကားတင်သွင်းခွင့်” “အခွန်လွတ်ကားတင်သွင်းခွင့်” ဆိုတာဟာ ဗိုလ်သိန်းစိန် ကြံ့ဖွံ့အစိုးရအနေနဲ့ ခရိုနီများလက်ကို အခွန်လွတ်ကားတင်သွင်းခွင့် တိုက်ရိုက်ချပေးလိုက်ရင် ပြဿနာ ကြီးနိုင်တဲ့အတွက် ဗိုလ်တင်အေးကော်မရှင်က ကြားပွဲစားလုပ်ကာ နိုင်ငံရေးပါတီတွေက အမည်ခံ/ ဓါးစားခံ လုပ်ကြရခြင်းဖြစ်ပါတယ်။ ထို့အပြင် ဗိုလ်သိန်းစိန်ကြံ့ဖွံ့အစိုးရ၊ ဗိုလ်တင်အေးကော်မရှင်နှင့်ခရိုနီတို့၏ စံကျသော သုံးပွင့်ဆိုင် (win – win) စီးပွားရေး စားပေါက်ထွင်မှု တစ်ခုဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုတစ်ခုလည်း ဖြစ်ပါတယ်။ စီးပွားရေးဘက်ကတွက်လျှင် တစ်ပါတီကား ၅ စီးနှုန်းဖြင့် ပါတီပေါင်း ၆၅ ပါတီအတွက် စုစုပေါင်းအခွန်လွတ်ကား ၃၂၅ စီး တင်သွင်းခွင့်ရရှိစေမယ့် သေချာပေါက် မြိုးမြိုးမြက်မြက်ရမည့်ဂွင်ကြီးလည်း ဖြစ်ပါတယ်။ ပါတီပေါင်း ၆၅ ပါတီအနက် ကား ၅ စီးတင်သွင်းနိုင်တဲ့ပါတီ အရေအတွက်က ပါတီစုစုပေါင်းရဲ့အစွန်းထွက်ပမာဏပင် မရှိ တာကို ဗိုလ်သိန်းစိန်၊ ဗိုလ်တင်အေးတို့နဲ့အမြီးစားဖက်ခေါင်းစားဖက် ခရိုနီများက ကောင်းကောင်းသိပါတယ်။… Read More »