ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးဘက်က
ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးဘက်က သစ္စာရှိရှိ စွဲစွဲမြဲမြဲ ပြတ်ပြတ်သားသား ရပ်တည်ကြ။ ညိုစိန်ဝင်း အာဏာသိမ်း စစ်အုပ်စုနဲ့ ရင်ကြားစေ့ရေး အာဘော်တွေ၊ လေထုတွေဟာ နောက်ထပ်လှိုင်းတခုအဖြစ် တိုင်းပြည်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး မျက်နှာဖုံးတပ်ပြီး တိုးတိုးတိတ်တိတ်တမျိုး ဗြောင်တဖုံ၊ လှုပ်ရှားတိုက်ခတ်နေတယ်။ လှုပ်ရှားမှုတွေဟာ တစတစ ပိုမို တိုးများလာနေတယ်။ နယ်စပ်မှာ တိုက်ခတ်သလို ပြည်တွင်းမှာလဲ တိုက်ခတ်တာပါပဲ။ နယ်စပ်မှာ တိုက်ခတ်တဲ့ ရင်ကြားစေ့ရေးလေထုက သံတမန်ရေးလှုပ်ရှားမှုသဏ္ဌာန်နဲ့ တိုက်ခတ်သလို ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးပွဲစားတွေရဲ့ လှုပ်ရှားမှုအဖြစ်လဲ တိုက်ခတ်တယ်။ အမည်အမျိုးမျိုး ခံထားတဲ့ အဖွဲ့အစည်းတွေရဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ညီလာခံပုံစံ၊ ဖိုရမ်ပုံစံ၊ ဆွေးနွေးပွဲတွေ (တချို့)ကလဲ ငြိမ်းချမ်းရေးအမည်ခံ ရင်ကြားစေ့ရေး ရေစီးကြောင်းအတိုင်း လိုက်ပါစီးမျောနေကြတယ်။ ပြည်တွင်းမှာဆိုရင်လဲ ဒီလို တိုင်းပြည်တည်ငြိမ်ရေး ငြိမ်းချမ်းရေးဝတ်ရုံခြုံပြီး အာဏာသိမ်းစစ်အုပ်စုနဲ့ ရင်ကြားစေ့ရေး၊ ပူးပေါင်းရေးကို တိုင်းပြည်အတွက် တခုတည်းသော ဖြေရှင်းနည်းအဖြစ် ပြောနေကြပြန်တယ်။ စင်စစ် ဒီနည်းဟာ တိုင်းပြည်အတွက် ဖြေရှင်းနည်း လုံးဝမဟုတ်ပါဘူး။ အာဏာသိမ်းစစ်အုပ်စုက သူတို့ရဲ့ ထွက်ပေါက်နဲ့ အကျပ်အတည်းလွတ်လမ်းအဖြစ် ဒီနည်းကို ပွဲထုတ်ချင်နေတာ ဖြစ်တယ်။… Read More »