တန်ရာတန်ရာပြောပါစေ

တန်ရာတန်ရာပြောပါစေ ပြီးခဲ့တဲ့ဇန္န၀ါရီလ ၁ရက်နေ့က ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုမြိုင်မှာကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲမှာ ၀န်ကြီးဗိုလ်အောင်မင်းက သူတို့လုပ်နေတဲ့“ငြိမ်းချမ်းရေး”ဟာ ပင်လုံညီလာခံထက်ကျယ်ပြန့်တယ်လို့ ပြောသွားတာကြား လိုက်ကြမယ် ထင်ပါတယ်။ သူ့စကားလုံးအတိအကျက “ကျွန်တော်တို့ ဒါလုပ်တာ ပင်လုံထက်ကျယ်ပြန့်တယ်” တဲ့။ ရာရာစစ။ သူအကြောင်းပြတာက ပင်လုံညီလာခံတုန်းက တိုင်းရင်းသား ၄ မျိုးသာ ပါဝင်ပြီး အခုသူတို့ MPC က လုပ်နေတဲ့ လုပ်ငန်းမှာတော့ တိုင်းရင်းသားအများကြီးပါတယ်လို့ ဖြစ်ပါတယ်။ အရေအတွက်စကား ပြောလှပါကလား။ ဗမာပြည်မှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ရှိတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ အကြံပေးထားတဲ့ အချက်အလက်ပေါင်း ၃ သိန်းကျော် ရှိတယ် – – – ။ ခြောက်စားကနေ ဟောက်စားကို ပြောင်းလဲထားတဲ့ ကာလပေကိုး။ အရေအတွက်ပြောကြမှာလား၊ အရည်အချင်းပြောကြမှာလား။ ပင်လုံတုန်းက အချိန်အခါကတောင်းဆိုနေတဲ့၊ တနည်း-ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးကိစ္စသက်သက်ကိုပဲ ဆွေးနွေးကြတယ်။ အခု သူတို့လုပ်နေတာက အချိန်အခါက တောင်းဆိုနေတဲ့ နိုင်ငံရေးကို တမင်ရှောင်လွှဲနေတာ။ ပင်လုံတုန်းကရည်ရွယ်ချက်ဟာ တတိုင်းတပြည်လုံး ဗြိတိသျှလက်အောက်က… Read More »

အရေးတော်ပုံဂျာနယ်အတွဲ ၁၊ အမှတ် ၁၂၊ (၂၀၁၄ ၊ ဇန်နဝါရီ)

aydb1-12

MEMOIRS OF THE ANTIFASCIST REVOLUTION

  MEMOIRS OF THE ANTIFASCIST REVOLUTION (Translation of an article written by late Bogyoke Kyaw Zaw and printed in Pyithu Arner (People’s Democracy) No. 22, 2012)    March 27, 2002 is the fifty-seventh anniversary of the Anti-Fascist Revolution of the people of Burma. On this day, I heard radio broadcasts about Burma’s Anti-Fascist Revolution and as a veteran who has played a leading role in the movement, I can’t help… Read More »

ပရိယာယ်ကြွယ်ကြွယ်စာချုပ်ချုပ်ခြင်း

ပရိယာယ်ကြွယ်ကြွယ်စာချုပ်ချုပ်ခြင်း မြန်မာအစိုးရနဲ့ ဥရောပ သမဂ္ဂ တို့ကြား ရင်းနှီးမြှုပ်နှံမှုကာကွယ်ရေး သဘောတူစာချုပ် တရပ်ကို မကြာခင် လက်မှတ်ရေးထိုးတော့မယ်လို့ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြောကြောင်း Eleven Myanmar အင်္ဂလိပ်ဘာသာ ဝက်ဘ်ဆိုက်မှာ ရေးသားဖော်ပြထားပါတယ်။ “အီးယူဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စနေပြီ။ ရင်းနှီးမြှုပ်နှံမှုကာကွယ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ မူအားဖြင့် သဘောတူပြီးပါပြီ။ မကြာခင်မှာ ဆွေးနွေးမှုတွေ စတင်ပါတော့မယ်။ လက်မှတ်ရေးထိုးပြီးရင် အီးယူရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာတော့မှာပါ။ လောလောဆယ်မှာတော့ ပြင်သစ်၊ လူဇင်ဘတ်၊ ဆွစ်ဇာလန်နိုင်ငံတွေကပဲ ရင်းနှီးမြှုပ်နှံမှုတွေလာပါတယ်” လို့ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ရဲ့ အရာရှိတယောက်က ပြောပါတယ်။ တကယ်လို့ မြန်မာအနေနဲ့ စာချုပ်မှာ ချုပ်ဆိုထားတဲ့ သဘောတူချက်တွေကို မလိုက်နာနိုင်ခဲ့ဘဲ ပျက်ကွက်ခဲ့ရင် အလွန်ဆိုးဝါးတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်လာနိုင်တဲ့အတွက် ဒီစာချုပ်က ပရိယာယ်ကြွယ်ကြွယ်နဲ့ ချုပ်ဆိုသင့်တယ်လို့ အမေရိကန် နိုင်ငံအခြေစိုက် နိုင်ငံဖြတ်ကျော်ရေးရာအဖွဲ့ Transnational Institute က စည်းရုံးပြုလုပ်ပေးတဲ့ “ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုသဘောတူ စာချုပ်များနဲ့ ထိုစာချုပ်များရဲ့ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု” ဆွေးနွေးပွဲမှာ အမေရိကန် ပညာရှင်တွေက အကြံပြုဆွေးနွေးပါတယ်။ ဒီလိုစာချုပ်မျိုးကို… Read More »

တူရကီမှာ သူခိုးတွေ ဖမ်းနေပြီ

တူရကီမှာ သူခိုးတွေ ဖမ်းနေပြီ တူရကီနိုင်ငံ အီစတန်ဘူလ်မြို့တော်၊ အန်ကာရာမြို့တွေမှာ ပြီးခဲ့တဲ့ သောကြာ ဒီဇင်ဘာ ၂၇ ရက်နေ့က ဝန်ကြီးချုပ် ရီဂျက် ၊ တိုင်ရိ၊ အာရဂွန် အစိုးရရဲ့ အကျင့်ပျက်လာဘ်စားမှုတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တယ်။ သောင်းချီတဲ့ ဆန္ဒပြသူတွေက “သူခိုးတွေဖမ်းဟေ့၊ သူခိုးတွေဖမ်းလို့” ကြွေးကြော်ဆန္ဒပြကြတယ်။ “တူရကီလူမျိုးတွေဆီက ဓါးပြတိုက်နေတာ ၊ လုယက်နေတာကို ရပ်တန်းကရပ်ပါ။ ကျွန်တော် ဒီနေရာကို ရောက်နေတာဟာ အကျင့်ပျက်မှုကို ရှုတ်ချဖို့၊ အစိုးရ နုတ်ထွက်ပေးရေး တောင်းဆိုဖို့ပါ” လို့ ဆန္ဒပြသူတယောက်က ဘီဘီစီ သတင်းထောက် တယောက်ကို ပြောပြတယ်။ ဝန်ကြီးချုပ်အာရဂွန် အစိုးရဝန်ကြီးတွေရဲ့ အကျင့်ပျက်ခြစားမှုကို ထောက်ပြဝေဖန်တဲ့ အာဏာလုအားပြိုင်မှုတွေနဲ့ အတူ ရာနဲ့ချီတဲ့ စစ်တပ်အရာရှိတွေကို အာဏာသိမ်းဖို့ကြံစည်တယ်ဆိုပြီး တရားရုံးက ပြစ်ဒဏ်ချမှတ်မှု ဖြစ်ပွားပြီးနောက်မှာ အခုဆန္ဒပြပွဲတွေ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တုံးကလည်း ဂေဇီပန်းခြံကို ခရိုနီလက်အပ်မယ့်အစီအစဉ်ကို ကန့်ကွက်ပြီး ဂေဇီပန်းခြံနဲ့၊ တက်ဆင် ရင်ပြင်တို့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲတွေမှာ အစိုးရက… Read More »

ဝဘ်ဆိုဒ်စာမျက်နှာအသစ် www.cp-burma.org လွှင့်တင်ခြင်း

ဝဘ်ဆိုဒ်စာမျက်နှာအသစ် www.cp-burma.org လွှင့်တင်ခြင်း

RINGING IN 2014

RINGING IN 2014 “Que sera, sera Whatever will be, will be The future’s not ours to see—-” But the year 2014 is just around the corner and its preceding year has foretold what may follow the next year. I shall not waste readers’ precious time by trying to summarize the events of 2013, instead, I may quote the events only where necessary. Everybody knows that 2014 is the last year… Read More »